မျက်စိအထူးကုဆေးရုံ (ရန်ကုန်)

ဝီကီပီးဒီးယား မှ
မျက်စိအထူးကုဆေးရုံ (ရန်ကုန်)
ပထဝီဝင်ဆိုင်ရာ
တည်နေရာအမှတ် - ၃၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်, ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနYes
ကုတင်အရေအတွက်၁၅၀[၁]
သမိုင်းကြောင်း
တည်ထောင်ခဲ့မတ်လ ၂၆၊ ၂၀၀၀ ပြည့်နှစ်

မျက်စိအထူးကုဆေးရုံ (ရန်ကုန်) သည် ရန်ကုန်မြို့တွင် တည်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးမျက်စိရောဂါကု ဆေးရုံတစ်ခု ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်လမ်း၊ အမှတ် ၃၀ တွင် တည်ရှိသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဆေးရုံကို ၂၀၀၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက့်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ခုတင် ၁၅၀ ဆံ့ဆေးရုံဖြစ်ကာ စုစုပေါင်း ဝန်ထမ်း ၂၁၆ ဦးခန့်ဖြင့် လည်ပတ်လျက်ရှိသည်။[၂][၁]

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

ဤဆေးရုံတွင် မျက်စိအတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်စိနာရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်သားတက်ခြင်း ရောဂါများ၊ ထိခိုက်၍ ရရှိသည့် မျက်စိရောဂါများ၊ မွေးရာပါမျက်စိကွယ်ရောဂါများ စသည်တို့ကို ပိတ်ရက်မရှိ ကုသပေးသည်။ တစ်ပတ်လျှင် ငါးရက်နှုန်းဖြင့် တစ်ရက်လျှင် မျက်စိရောဂါရှင် အယောက် ၅၀ မှ ၈၀ အထိ ခွဲစိတ်ကုသကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့အပြင် ဤဆေးရုံတွင် စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှု (Continuing Medical Education) နှင့် စဉ်ဆက်မြတ်ဖွံ့ဖြိုးတိုးတက်ရေး (Continuing Professional Development) အစီအစဉ်များလည်း လုပ်ဆောင်ပေးလျက်ရှိသည်။[၂][၁]

ကိုးကား[ပြင်ဆင်ရန်]