မေမေဝင်း (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
​မေ​မေဝင်း
မွေးဖွား​(ဒေါ်)ခင်မြမြ
မြန်မာသက္ကရာဇ် ၁၂၇၀ပြည့်နှစ်
မလက်တိုရွာမအူပင်ခရိုင်ဗြိတိသျှဘားမား
ကွယ်လွန်၁၃၄၃ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့(အသက်(၇၃)နှစ်)
ရန်ကုန်မြို့မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်​ဆောင်၊ ပြဇာတ်မင်းသမီး
အိမ်ထောင်ဖက်(များ)ဦး​မောင်ဝင်း
သားသမီး​ဘေဘီဝင်း
မိဘ(များ)ဦးဖိုးစိန် + ​ဒေါ်​အေးခင်

မေမေဝင်း (၁၉၀၈-၁၉၈၁) သည် မြန်မာ သရုပ်ဆောင်နှင့် အငြိမ့်မင်းသမီး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မအူပင်မြို့နယ်၊ မလက်တိုရွာ၌ ဦးဖိုးစိန်၊ ဒေါ်အေးခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်တွင် မွေးသည်။ အမည်ရင်းမှာ ခင်မြမြ ဖြစ်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

ငယ်စဉ်ကပင် ယူနိုက်တက်အတ်တစ် ကုမ္ပဏီမှ ထုတ်ပြီး ဒါရိုက်တာ ဆရာခန့် ရိုက်သော ဒိတ်ဒိတ်ကြဲ ဇာတ်ကားတွင် စပါသည်။

မြန်မာအဆွေ အေဝမ်း[ပြင်ဆင်ရန်]

မြန်မာအဆွေ အေဝမ်းရုပ်ရှင်နှင့် လက်တွဲပြီးနောက် အေဝမ်းမြမြ အမည်နှင့် ညဉ့်ဦးယာမ်၊ စိမ်းရွှေရွှေ၊ ဒွေးညီနောင်၊ အောင်ပင်လယ်၊ သံခမောက် စသည့် ဇာတ်ကားများတွင် ပါဝင်သည်။

ဗြိတိသျှဘားမား[ပြင်ဆင်ရန်]

ဗြိတိသျှဘားမား ကုမ္ပဏီက အသံထွက်ကားများ ရိုက်ရန် မင်းသမီးရှာရာ ဗြိတိသျှဘားမားသို့ ကူး၍ မေမေဝင်း အမည်နှင့် သရုပ်ဆောင်သည်။ [၁] ခေတ်ဆန်သူ ကို ရိုက်သည်။

ညွန့်မြန်မာ ရုပ်ရှင် (ယခင် ဗြိတိသျှဘားမား) ထုတ် ဒါရိုက်တာ ချန်ထွန်း ရိုက်သည့် အချစ်ဆုံး နှင့် ဗိုလ်အောင်ဒင် ဇာတ်ကားတို့မှာ အထူးအောင်မြင်သည်။

သရုပ်ဆောင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

  • ဒိတ်ဒိတ်ကြဲ
  • ညဉ့်ဦးယာမ် (၁၉၃၃)
  • စိမ်းရွှေရွှေ (၁၉၃၄)
  • ဒွေးညီနောင် (၁၉၃၄)
  • အောင်ပင်လယ် (၁၉၃၄)
  • သံခမောက် (၁၉၃၅)
  • ခေတ်ဆန်သူ (၁၉၃၆)
  • ပန်းစေတီ
  • နေနှင့်လ
  • တော်လေးဝ
  • ဒို့အမျိုး
  • ရံရွေတော်
  • လောကီပညာ
  • အချစ်ဆုံး (၁၉၃၉)
  • ဗိုလ်အောင်ဒင် (၁၉၄၀)
  • သားဗိုလ်အောင်ဒင် (၁၉၅၅)

အငြိမ့်မင်းသမီး[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အတွင်း ဇာတိ မလက်တိုရွာသို့ စစ်ရှောင်သည်။ စစ်ပြီးနောက် စိန်အောင်မင်း၏ ဇာတ်နှင့်လိုက်ကာ ရှေ့ပိုင်းပြဇာတ်များတွင် ဝင်ကသည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ငယ်စဉ်ကပင် ရဲအရာရှိ ဦးမောင်ဝင်းနှင့် အိမ်ထောင်ကျကာ ရန်ကုန်ရောက်လာခြင်း ဖြစ်သည်။ သမီး ဘေဘီဝင်းကို ဦးမောင်ဝင်းနင့် ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၁ ခု၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတရက်တွင် ရန်ကုန်၌ ကွယ်လွန်သည်။ [၂]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ''ဗြိတိသျှဘားမား မေမေဝင်း''၊ ဂျာနယ်ကျော်။ အတွဲ ၁၊ အမှတ် ၃။ ၁၉၃၉၊ ဇွန်။
  2. မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၂)