မေမီကိုကို

ဝီကီပီးဒီးယား မှ
မေမီကိုကို
မွေးဖွားမေဇင်ဖြိုး
(1992-11-26) နိုဝင်ဘာ ၂၆၊ ၁၉၉၂ (အသက် ၃၁)
ဗန်းမော်မြို့ကချင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံသားမြန်မာ
အလုပ်အကိုင်သရုပ်ဆောင်၊ တေးသံရှင်၊ စာပေရေးသားသူ
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၈–လက်ရှိ
ရရှိသည့်ဆုများအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ) Star Awards (၂၀၁၈)

မေမီကိုကို (၂၆ နိုဝင်ဘာ ၁၉၉၂ မွေးဖွား) သည် မြန်မာ အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သရုပ်ဆောင်ခြင်းအပြင် တေးသီချင်း သီဆိုခြင်း[၁]၊ စာပေရေးသားခြင်း စသည့် အနုပညာအလုပ်များကိုလည်း လုပ်ကိုင်သည်။ သူမသည် MRTV-4 မှ ထုတ်လုပ်သော မြန်မာဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်နေသူဖြစ်သည်။ သူမ အဓိကအမျိုးသမီး သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲမှ စတင်၍လူသိများ ထင်ရှားလာပြီး ထိုဇာတ်လမ်းတွဲဖြင့်ပင် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ) ကို Star Awards မှ ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည်။

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

မေမီကိုကိုအား ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တွင် ၁၉၉၂ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ရက်နေ့၌ မွေးဖွားခဲ့ပြီး နာမည်အရင်းမှာ မေဇင်ဖြိုး ဖြစ်သည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်ပြီး အစ်မတစ်ဦးနှင့် အစ်ကိုတစ်ဦး ရှိသည်။ ဗန်းမော်မြို့တွင် ကြီးပြင်းခဲ့ပြီး ကျောင်းပညာကို လည်းစတင်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းရွှေ့အခြေချပြီး အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။ အစ်မဖြစ်သူသည် သရုပ်ဆောင်ဖြစ်သည့်အားလျော်စွာ ငါးတန်းကျောင်းသူအရွယ်၌ပင် ကလေး သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။[၂]

အနုပညာခရီး[ပြင်ဆင်ရန်]

မေမီကိုကိုသည် သရုပ်ဆောင်အဖြစ် မစတင်မီ မော်ဒယ်တစ်ဦးအဖြစ် ၂၀၀၈ခုနှစ်မှ စတင်၍ အနုပညာအလုပ်များကို စတင်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် သူမသည် Forever Group Co., Ltd၏ Talent Management Centre မှ အနုပညာအရည်အသွေးရှိသူ (Talent) အဖြစ် ရွေးချယ်ခံရပြီး မြန်မာရုပ်သံဇာတ်လမ်းတွဲများတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ခုနှစ်တွင် ကိုလူပျို ဟာသရုပ်သံဇာတ်လမ်းတွဲတွင် ဘုန်းဆက်သွင်၊ မေဧကရီထူးနှင့် ရွှေစင်ဝင့်ရှိန်တို့နှင့် အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ဒရမ်မာ ဇာတ်လမ်းတွဲဖြစ်သည့် မာန် မြန်မာဇာတ်လမ်းတွဲတွင် ဟန်လင်းသန့်နှင့် ဆောင်းဝတ်ရည်မေတို့နှင့် လည်းကောင်း၊ အရိပ် ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် နက္ခတ်၊ ဟိန်းထက်၊ မေမြင့်မိုရ်၊ နန်းစန္ဒာလှထွန်းတို့နှင့် လည်းကောင်း တွဲဖက် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင်ပင် ပျားရည်အိုင် ဒရမ်မာအမျိုးအစား မြန်မာရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင် အောင်ရေချမ်း၊ ဘုန်းရှိန်ခန့်၊ ရှင်မွေလ၊ ဟိန်းမင်းသူ၊ မြတ်သူသူ တို့နှင့်အတူပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းတွင် မြိုင် အဖြစ် အဓိက ဇာတ်ဆောင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။ ထို့အပြင် ထိုဇာတ်ဆောင်ဖြင့်ပင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဦးဆောင်ချီးမြှင့်ပေးအပ်ခဲ့သည့် ပထမဆုံး Star Awards ဆုပေးပွဲ၌ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ)ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ ၅ရက်နေ့တွင် ရရှိခဲ့သည်။

၂၀၁၉ခုနှစ်တွင် ရင်ထိတ်ဖွယ်ဒရမ်မာ ဇာတ်လမ်းတွဲဖြစ်သည့် လိပ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲတွင် ဟိန်းထက်၊ မုဏ်း၊ သီဟ တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ထို့အပြင် တတိယဆုံမှတ် ဇာတ်လမ်းတွဲကို ဟိဏ်းထက်၊ မြတ်သူသူ တို့နှင့် အတူသရုပ်ဆောင်ခဲ့သည်။

၂၀၂၀ခုနှစ်တွင် စာရေးဆရာမ မစန္ဒာ ရေးသားသည့် လူကြိုက်များခဲ့သော ဂျီဟောသူ ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးရာတွင် ညိုထွေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခြားသော သရုပ်ဆောင်များဖြစ်သည့် ဟိန်းထက်၊ ရှင်မွေလ၊ ဘုန်းဆက်သွင်၊ သူရမောင်ချို၊ လပြည့်၊ မိုက်မိုက်၊ ဈူးဈူးဈာန်၊ ဂရိတ်ချမ်း၊ ဖြိုးသံသာ၊ ဝိုင်းရွှေရည်၊ ရွှေစင်ဝင့်ရှိန်၊ ဟန်နလာ စသည့် သရုပ်ဆောင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

ရုံတင်ဇာတ်ကားများ[ပြင်ဆင်ရန်]

ခုနှစ် ရုပ်ရှင်အမည် ထုတ်လုပ်ရေး ဒါရိုက်တာ ဇာတ်ဆောင်အမည် မှတ်ချက်
၂၀၁၈ ရာဇဝင်ရိုင်းခဲ့သည်[၃] CKKP Film ရွှေရေးထင်ထင် အေမီ ဧည့်သည်သရုပ်ဆောင်
၂၀၂၀ ပလေယာ[၄] Bo Bo Film Production ပြည်ဟိန်းသီဟ မြတ်စန္ဒီဦး

ရုပ်ရှင်ဇာတ်ကား[ပြင်ဆင်ရန်]

ခုနှစ် ရုပ်ရှင် ရုပ်ရှင်ထုတ်လုပ်ရေး ဒါရိုက်တာ မှတ်ချက်
၂၀၁၈ Missing Miss Myanmar Magic Media ညိုမင်းလွင် Channel 7 တွင်သာပြသ

ရုပ်သံဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

ခုနှစ် ဇာတ်လမ်းတွဲအမည် ဇာတ်ဆောင်အမည် ထုတ်လွှင့်ရုပ်သံ မှတ်ချက်
၂၀၁၆ ကိုလူပျို သုလဝန်း MRTV-4
၂၀၁၇ မာန် သော်သော် MRTV-4
၂၀၁၈ အရိပ် နယ်လီချို MRTV-4
၂၀၁၈ ပျားရည်အိုင် နွယ်သွေးမြိုင် MRTV-4 အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ) ဆွတ်ခူး
၂၀၁၉ အဆိပ်သွေး အတွဲ ၂ [၅] ယိမ်း Canal+ Myanmar Zat Lenn
၂၀၁၉ လိပ်ပြာနှောင်ကြိုး ဂျူးရီမေ MRTV-4
၂၀၁၉ တတိယမြောက်ဆုံမှတ်[၆] ငွေပန်းချီ MRTV-4
၂၀၂၀ ဂျီဟောသူ[၇][၈][၉] ညိုထွေး MRTV-4
မကြာမီ မဟူရာပုလဲ[၁၀] မြမြဝေ

တေးသီချင်းကဏ္ဍ[ပြင်ဆင်ရန်]

တစ်ပုဒ်ချင်း[ပြင်ဆင်ရန်]

  • အလွမ်းပြေ ( ထွက်ရှိသည့်နေ့ - ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၅ရက် ) [၁]
  • ယုံကြည်နေမယ့်ချစ်ခြင်း (တေးသံရှင် KMနှင့် တွဲဖက်သီဆိုသည်) ( ထွက်ရှိသည့်နေ့ - ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၄ရက် ) [၁၁]
  • အနမ်းပန်း (တေးသံရှင် KMနှင့် တွဲဖက်သီဆိုသည်) ( ထွက်ရှိသည့်နေ့ - ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၆ရက် )

စာပေထုတ်ဝေခြင်း[ပြင်ဆင်ရန်]

ဝထ္ထုတိုစုစည်းမှု[ပြင်ဆင်ရန်]

  • အနမ်းတစ်ပွင့်၏ကျိန်စာ (ထုတ်ဝေသည့်နေ့ - ၂၀၂၀ခုနှစ်၊ ဩဂုတ်လ၊ ၈ရက်နေ့) [၁၂][၁၃]

ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ[ပြင်ဆင်ရန်]

ခုနှစ် ဆုအမည် ဆုအမျိုးအစား ရွေးချယ်ခံရသောဇာတ်လမ်း ရလဒ်
၂၀၁၈ Star Awards အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ)[၁၄] [၁၅] ပျားရည်အိုင် ဆုရရှိ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "မေမီကိုကို အလွမ်းပြေ"၊ joox 
  2. "သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ"၊ Eleven Media Group 
  3. "မွန်းကြပ်မှုမြောက်မြားစွာနဲ့ “ ရာဇဝင် ရိုင်းခဲ့သည်”ကို ရိုက်ကူးခဲ့တဲ့ ဇေရဲထက်"၊ Mizzima Burmese 
  4. "Player ဇာတ်ကားအတွက် ဝိတ်ချနေရတဲ့ မေမီကိုကို" (in en)၊ duwun 
  5. "ကျော်ဆု၊ စည်သူဝင်း၊ မုဏ်း၊ မြိုင် ပါဝင်မယ့် "TOXIC - အဆိပ်သွေး" Season 2 မိတ်ဆက်ပွဲ"၊ myanmarcelebrity 
  6. "MRTV 4 မင်းသမီးလေး မေမီကိုကို ရဲ့ တတိယမြောက်ဆုံမှတ်"၊ Momolay။ 16 August 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 28 January 2020။ 
  7. "ဂျီယောသူဇာတ်ကားကို ပြန်ကြည့်ပြီးကြည်နူးသလို ညိုထွေး ဖြစ် မဖြစ်ကိုလည်း ရင်ခုန်နေတယ်ဆိုတဲ့ မေမီကိုကို"၊ Myanmarload [လင့်ခ်သေ]
  8. "ဂျီဟောသူအမှတ်တရတွေကိုပြောပြတဲ့မေမီကိုကို"၊ 7Day News [လင့်ခ်သေ]
  9. "ညိုထွေးနဲ့ ပတ်သက်ပြီး အမှတ်တရလက်ဆောင်လေးထပ်ရလိုက်တဲ့ မေမီကိုကို"၊ Cele Gabar၊ 14 July 2020။ 16 August 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2020။ 
  10. "အိမ်ထောင်ရေးအဆင်မပြေတဲ့မြမြဝေမိန်းကလေးအဖြစ်တွေ့မြင်ရမယ့်မေမီကိုကို"၊ MyanmaPlatform 
  11. "သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိလာဦးမယ့်မေမီကိုကို" (in my)၊ Celezone။ 16 September 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 12 September 2020။ 
  12. "သူ့ရဲ့ပထမဆုံး စာအုပ်လေးကို မှာယူဖို့ လိုအပ်တာတွေကို ပြောပြလာတဲ့ မေမီကိုကို"၊ celegabar။ 16 August 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 4 August 2020။ 
  13. "မေမီကိုကို ပထမဆုံးရေးသားတဲ့ အနမ်းတစ်ပွင့်၏ကျိန်စာ စာအုပ်ထွက်ရှိ စာအုပ်ကို ဩဂုတ်လ ၈ရက်နေ့တွင် စတင်ဖြန့်ချိသွားမည်" (in my)၊ Popular Myanmar။ 16 August 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 19 January 2021။ 
  14. "ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပသည့် Star Awards Movie /TV 2018 ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ Thuwanabhumi Event Park ၌ ကျင်းပခဲ့ပြီး ပရိသတ်မျှော်လင့်အားပေးခဲ့ကြသည့် အနုပညာရှင်များ ဆုရရှိခဲ့"၊ Eleven Media Group 
  15. "ပျားရည်အိုင်ရုပ်သံဇာတ်လမ်းတွဲနဲ့ Best TV Series Actress Award ဆုရှင် မေမီကိုကို" (in my)၊ Duwun 

ပြင်ပလင့်များ[ပြင်ဆင်ရန်]