ဝီကီပီးဒီးယား:မေတာ

ဝီကီပီးဒီးယား မှ
(မေတာ-ဝီကီ မှ ပြန်ညွှန်းထားသည်)
မေတာ-ဝီကီ အမှတ်တံဆိပ်

မေတာ (သို့) မေတာ-ဝီကီ (အင်္ဂလိပ်: Wikimedia’s Meta-Wiki) (meta.wikipedia.org) သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်အားလုံးကို ညှိနှိုင်းဆောင်ရွက်ရာ၌ အထောက်အကူပေးနေသော ဝီကီ-အခြေပြု ဝက်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလတွင် မေတာ-ဝီကီပီးဒီးယား အဖြစ် ဖန်တီးခဲ့ပြီး လက်ရှိတွင် မတူညီသော အခန်းကဏ္ဏအသီးသီးအား ဆောင်ရွက်ပေးနေပါသည် -

  1. ဝီကီပီးဒီးယား အပါအ၀င် ဝီကီမီဒီယာ ပရောဂျက်များ၏ ဆွေးနွေးညှိနှိုင်းပေးခြင်း၊ ပေါင်းစပ်အဖြေထုတ်ပေးခြင်း နှင့် မူဝါဒပိုင်းဆိုင်ရာ အထူးဆွေးနွေးမှုများ။
  2. သာမာန်ရှုထောင့်အမြင်ဖြင့်မဟုတ်သော ကိုယ်တိုင်ရေးစာမွန်များအတွက် ဖိုရမ်။
  3. အချက်အလက်အကြောင်းအရာ စုစည်းပြင်ဆင်ရန် နှင့် ဘာသာစကားအပြန်အလှန် ညှိနှိုင်းခြင်း ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရန် နေရာအဖြစ် လက်ခံဆောင်ရွက်ပေးခြင်း။
  4. ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်နိုင်မည့် နေရာအဖြစ် လက်ခံဆောင်ရွက်ပေးခြင်း။
  5. မီဒီယာဝီကီ ၀က်ဘ်ဆိုက်၌ အကူအညီရှာမတွေ့သည့်အခါမျိုး၌ မီဒီယာဝီကီ Software အသုံးပြုရန် ကူညီလမ်းညွှန်ပေးခြင်း။
  6. Anti-spam နှင့် wiki အား အပျက်သဘောဆောင်သည့် အသေးစားတိုက်ခိုက်မှုများ တိုက်ဖျက်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် နေရာအဖြစ် ဆောင်ရွက်ပေးခြင်း။

လက်ရှိအချိန်၌ မေတာ သည် ဝီကီပီးဒီးယန်းများအပါအ၀င် ဝီကီပီးဒီးယား အသုံးပြုသူများ ဆွေးနွေးတိုင်ပင်နိုင်မည့် အဓိကလမ်းကြောင်းနေရာများထဲမှ တစ်ခုဖြစ်နေပြီး၊ အခြား ထိုကဲ့သို့ ပြုလုပ်နိုင်မည့်နေရာများမှာ ပေးစာ စာရင်းများ၊ IRC ချန်နယ်များ နှင့် ဆောင်းပါးများနှင့် အသုံးပြုသူများ တစ်ဦး/တစ်ခုချင်းစီ၏ ဆွေးနွေးချက်စာမျက်နှာများ စသည်တို့ဖြစ်သည်။ မေတာသည် အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယားမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် သီးခြားလွတ်လပ်သော ပရောဂျက်တစ်ခုသာဖြစ်ပြီး ၎င်း၌ ကိုယ်ပိုင်မူဝါဒများနှင့် ဓလေ့ထုံးတမ်းများရှိပါသည်။

မူလအစတွင်မူ အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယားအတွက်သာ ရှေးရှုခဲ့သော မေတာသည် ဝီကီပီးဒီးယား၏ မီဒီယာဝီကီ Software အား စိတ်တိုင်းကျ အဆင့်မြှင့်တင်ပြီး နောက်ပိုင်း၌ ဝီကီပီးဒီးယား ဘာသာစကားအသိုင်းအဝိုင်းအားလုံး သုံးသော ဘာသာမျိုးစုံ ဆွေးနွေးနိုင်သည့် ဖိုရမ်တစ်ခု ဖြစ်လာသည်။

မေတာ သို့ ရည်ညွှန်းခြင်း[ပြင်ဆင်ရန်]

ဆွေးနွေးမှု အမျိုးအစားအချို့ကို မေတာ ရှိ သင့်တော်မည့် နေရာများသို့ ရည်ညွှန်းသင့်သည်။

  • မူဝါဒ နှင့်သက်ဆိုင်သော အကူအညီတောင်းခံမှုများ၊ကဲ့သို့သော အခြား ဝီကီပီးဒီးယားများမှ ရည်ညွှန်းသော ပြဿနာများကို metawiki:We need your help သို့သာ ရည်ညွှန်းသင့်သည်။ အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ရည်ညွှန်းသည့် အသွားအလာထက် ပိုမိုနည်းပါးကြသောကြောင့် မေတာသို့ ရည်ညွှန်းရာတွင် ၎င်းတို့၏ နေရာကိုသာ ထည့်သွင်းရည်ညွှန်းပေးရန် အင်္ဂလိပ်ဘာသာ တည်းဖြတ်သူများက တိုက်တွန်းထားသည်။

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]