ဝီကီပီးဒီးယား:အသုံးပြုသူများ
ပုံပန်းသွင်ပြင်
ဤသည်မှာ သတင်းအချက်အလက် စာမျက်နှာတစ်ခု ဖြစ်သည်။ ယင်းတွင် တည်းဖြတ်သူ အဖွဲ့အစည်း၏ အများဆန္ဒသဘောထားကို ဝီကီပီးဒီးယား၏ စံသတ်မှတ်ချက်များနှင့် လက်တွေ့ကျင့်သုံးချက်များ ရှုထောင့်များမှ ဖော်ပြထားသည်။ ဤသည်မှာ ဝီကီပီးဒီးယား၏ မူဝါဒများ သို့မဟုတ် လမ်းညွှန်ချက်များ တစ်ခု မဟုတ်ပါ။ |
ဤစာမျက်နှာကို တိုတိုပြောရလျှင်: မည်သူမဆို ဝီကီပီးဒီးယားကို တည်းဖြတ်ပြင်ဆင်နိုင်ပြီး ဝီကီပီးဒီးယန်းတစ်ဦး ဖြစ်လာနိုင်ပါတယ်! လက်ရှိမှာ ဝီကီပီးဒီးယား အကောင့်ပေါင်း ၁၂၅၄၆၉ ခု ရှိနေပြီး အဲဒီထဲက ၁၁၅ ဦးကတော့ လတ်တလောမှာ ပါဝင်တည်းဖြတ်နေကြပါတယ်။ |
ဝီကီပီးဒီးယန်း သို့မဟုတ် တည်းဖြတ်သူများ ဆိုသည်မှာ စေတနာ့ဝန်ထမ်းများဖြစ်ပြီး ဝီကီပီးဒီးယား ဆောင်းပါးများကို ရေးသားတည်းဖြတ်သူများ ဖြစ်ကြပြီး ဖတ်ရှုသူများကဲ့သို့ ရိုးရိုးရှင်းရှင်း ဖတ်ရှုသွားသူများ မဟုတ်ပေ။ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေဖို့ သတ္တိရှိစွာ ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် သင်အပါအဝင်—မည်သူမဆို—ဝီကီပီးဒီးယန်းတစ်ဦး ဖြစ်နိုင်ပါသည်။ အခြေခံ တည်းဖြတ်ခြင်း သင်ခန်းစာများ သို့မဟုတ် ပိုမို အသေးစိတ်ကျသော လမ်းညွှန်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။