ဂျင်မီဝေးလ်စ်
| ဂျင်မီ ဝေးလ်စ် | |
|---|---|
ဂျင်မီဝေးလ်စ် (၂၀၂၃) | |
| မွေးဖွား | ဂျင်မီ ဒေါ်နာ ဝေးလ်စ် ဩဂုတ် ၈၊ ၁၉၆၆ ဟန့်စ်ဗီးလ်မြို့၊ အလာဘားမားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
| အခြား အမည်များ | ဂျင်ဘို ဝေးလ်စ် |
| နိုင်ငံသား |
|
| ပညာရေး |
|
| အလုပ်အကိုင် |
|
| ကျော်ကြားမှုအရင်းခံ | ဝီကီပီးဒီးယား ပူးတွဲတည်ထောင်သူ |
| ဘွဲ့ |
|
| အိမ်ထောင်ဖက်(များ) |
|
| သားသမီး | 3 |
| ဝက်ဘ်ဆိုဒ် | jimmywales.com |
| တမ်းပလိတ်:Listen voice | |
| လက်မှတ် | |
ဂျင်မီဒေါ်နာ ဝေးလ်စ် (အင်္ဂလိပ်: Jimmy Donal Wales; ၈ ဩဂုတ် ၁၉၆၆ မွေးဖွား) သည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံသား[၁] အင်တာနက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်မှုပညာရှင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ သူသည် အကျိုးအမြတ်မယူသော အခမဲ့စွယ်စုံကျမ်းဖြစ်သည့် ဝီကီပီးဒီးယား နှင့် အကျိုးအမြတ်တွက်သော ဝီကီဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ဖန်ဒန် (ယခင် Wikia) တို့ကို ပူးတွဲတည်ထောင်ခဲ့သူအဖြစ် လူသိအများဆုံး ဖြစ်သည်။ ထို့အပြင် သူသည် Bomis၊ Nupedia၊ WikiTribune နှင့် Trust Café (ယခင် WT Social) တို့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့သည်။
ဂျင်မီဝေးလ်ကို အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်၊ ဟန့်စ်ဗီးလ်မြို့တွင် မွေးဖွားခဲ့ပြီး၊ ရန်းဒေါ့ဖ်ကျောင်းတွင် ပညာသင်ကြားခဲ့ကာ အော်ဘန်တက္ကသိုလ်နှင့် အလာဘားမားတက္ကသိုလ်တို့မှ ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ဒီဂရီများ ရရှိခဲ့သည်။ သူသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ချီကာဂိုမြို့၌ ဘဏ္ဍာရေးဆိုင်ရာ အော်ပရှင်းကုန်သွယ်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ယင်းနောက်ပိုင်းတွင်မှ အင်တာနက်စီးပွားရေးလောကဘက်သို့ ပြောင်းလဲခဲ့သည်။ ဘွဲ့လွန်တက္ကသိုလ်တက်ရောက်နေစဉ်အတွင်း တက္ကသိုလ်နှစ်ခု၌ စာပေပို့ချပြသခဲ့သော်လည်း၊ ဘဏ္ဍာရေးလောကတွင် လုပ်ကိုင်ရန်အတွက် ပါရဂူဘွဲ့ မပြီးဆုံးမီ ကျောင်းမှထွက်ခဲ့ပြီး နောက်ပိုင်းတွင် Chicago Options Associates ၌ သုတေသနအရာရှိချုပ် ဖြစ်လာခဲ့သည်။
၁၉၉၆ ခုနှစ်တွင် ဂျင်မီဝေးလ်သည် Bomis ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပြီး၊ အဆိုပါကုမ္ပဏီသည် အခမဲ့နှင့် ပညာရှင်အချင်းချင်း စိစစ်သုံးသပ်သော စွယ်စုံကျမ်းဖြစ်သည့် Nupedia (၂၀၀၀–၂၀၀၃) ကို ရန်ပုံငွေပံ့ပိုးပေးခဲ့သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လာရီ ဆန်ဂါ အပါအဝင် အခြားသူများနှင့်အတူ ဝီကီပီးဒီးယားကို စတင်လွှင့်တင်ခဲ့ရာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ဂျင်မီဝေးလ်သည် ဝီကီပီးဒီးယား၏ မြှင့်တင်မောင်းနှင်သူနှင့် အများပြည်သူသိရှိသော ကိုယ်စားလှယ် ဖြစ်လာခဲ့သော်လည်း၊ သူသည် လာရီဆန်ဂါ၏ ပူးတွဲတည်ထောင်သူ အခန်းကဏ္ဍကို ရံဖန်ရံခါ ငြင်းခုံလေ့ရှိပြီး မိမိကိုယ်ကိုယ်သာ တစ်ဦးတည်းသော တည်ထောင်သူအဖြစ် ပြောဆိုလေ့ရှိသည်။
ဂျင်မီဝေးလ်သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်မှစ၍ Board of trustees တွင် ပါဝင်ခဲ့ပြီး၊ အဖွဲ့မှခန့်အပ်သော "လူထုတည်ထောင်သူ" (Community founder) နေရာကို ရယူထားသည်။ သူသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝီကီမေးနီးယား ညီလာခံများတွင် "ဝီကီ၏ အခြေအနေ" (State of the Wiki) မိန့်ခွန်းများကို ပြောကြားလေ့ရှိသည်။[၂] ဝီကီပီးဒီးယားကို ဖန်တီးခဲ့သည့် ၎င်း၏အခန်းကဏ္ဍကြောင့် တိုင်းမ်မဂ္ဂဇင်း က သူ့အား ၂၀၀၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ ဩဇာအရှိဆုံး လူပေါင်း ၁၀၀ အနက် တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဂျင်မီ ဒေါ်နယ် ဝေးလ်ကို ၁၉ ၁၉၆၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်၊ ဟန့်စ်ဗီးလ်မြို့တွင် မွေးဖွားခဲ့သည်။[၃][မှတ်စု ၁] သူ၏ဖခင် ဂျင်မီ ဒွန် ဝေးလ်[၆]မှာ ကုန်စုံဆိုင်မန်နေဂျာတစ်ဦး ဖြစ်ပြီး၊ သူ၏မိခင် ဒေါရစ် အန်း နှင့် အဖွားဖြစ်သူ အာမာ တို့ကမူ House of Learning အမည်ရှိ သီးသန့်ပုဂ္ဂလိကကျောင်းငယ်လေးတစ်ကျောင်းကို ဖွင့်လှစ်ခဲ့ကြသည်။[၇][၈] ထိုကျောင်းသည် ရှေးဟောင်းရိုးရာ စာသင်ခန်းတစ်ခန်းတည်းရှိသော ကျောင်းစနစ် ပုံစံမျိုးဖြစ်ပြီး၊ ဂျင်မီဝေလ်းနှင့် သူ၏မောင်နှမ သုံးဦးတို့သည် ထိုကျောင်းတွင်ပင် အစောပိုင်းပညာရေးကို သင်ကြားခဲ့ကြသည်။[၇][၉] ဝေလ်းသည် ငယ်စဉ်ကလေးဘဝကတည်းက စာဖတ်ခြင်းကို အလွန်ဝါသနာပါသူ ဖြစ်သည်။[၁၀] သူ အသက်သုံးနှစ်အရွယ်တွင် မိခင်ဖြစ်သူက အိမ်တိုင်ရာရောက် လှည့်လည်ရောင်းချသူတစ်ဦးထံမှ World Book Encyclopedia တစ်စုံကို ဝယ်ယူခဲ့သည်။ ယင်းစွယ်စုံကျမ်းထုတ်ဝေသည့် ကုမ္ပဏီက အချက်အလက်များ နောက်ဆုံးပေါ်ဖြစ်နေစေရန်အတွက် စာမျက်နှာများပေါ်တွင် ကပ်ရမည့် စတစ်ကာများကို ဝယ်ယူသူများထံသို့ နောက်ဆက်တွဲ ပေးပို့လေ့ရှိရာ၊ ဝေလ်းသည် ၎င်း၏စွယ်စုံကျမ်းတွင် ထိုစတစ်ကာများကို လိုက်လံကပ်ခဲ့သည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ဝေလ်းက "ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက အမေဝယ်ပေးတဲ့ စွယ်စုံကျမ်းပေါ်မှာ စတစ်ကာတွေလိုက်ကပ်ပြီး စွယ်စုံကျမ်းကို စတင်ပြင်ဆင်ခဲ့တဲ့ကလေးလို့ နောက်ပြောင်ပြောလေ့ရှိပါတယ်" ဟု ဆိုခဲ့သည်။[၁၁][၁၂]
၂၀၀၅ ခုနှစ် ဘရိုင်ယန် လမ်းဘ်နှင့် ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းခန်းတစ်ခုတွင် ဝေလ်းက သူ၏ငယ်ဘဝ ပုဂ္ဂလိကကျောင်းလေးကို "မွန်တက်ဆိုရီ ပညာရေးဒဿန လွှမ်းမိုးထားတဲ့ ကျောင်း" ဟု တင်စားပြောဆိုခဲ့ပြီး၊ သူသည် ထိုကျောင်းတွင် "ဗြိတိန်နီကာနှင့် ဝေါလ်ဘွတ်ခ် စွယ်စုံကျမ်းများကို စူးစူးစိုက်စိုက် ဖတ်ရှုလေ့လာရင်း အချိန်များစွာ ကုန်ဆုံးခဲ့သည်" ဟု ဆိုသည်။[၁၃] ဝေလ်း တက်ရောက်သည့် အတန်းတွင် သူအပါအဝင် ကျောင်းသား ငါးဦးသာရှိသဖြင့် ထိုကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းသားများကို တစ်စု၊ ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများကို တစ်စု ပေါင်းစည်း၍ သင်ကြားခဲ့ရသည်။ အရွယ်ရောက်လာသည့်အခါတွင် ဝေလ်းသည် ၎င်းကျောင်းအပေါ် အစိုးရ၏ ကိုင်တွယ်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ "အစိုးရရဲ့ အမြဲတမ်းဝင်ရောက်စွက်ဖက်မှုတွေ၊ နာရီဗေဒဆန်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပြည်နယ်ကလွှတ်တဲ့ အလွန်ဆရာကြီးလုပ်တတ်တဲ့ စစ်ဆေးရေးမှူးတွေ" ၏ အခြေအနေများသည် သူ၏ နိုင်ငံရေးဒဿန အယူအဆကို ပုံသွင်းပေးခဲ့သည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။[၁၃]
အဋ္ဌမတန်းပြီးဆုံးပြီးနောက် ဝေလ်းသည် ဟန့်စ်ဗီးလ်မြို့ရှိ တက္ကသိုလ်ကြိုတင်ပြင်ဆင်ရေးကျောင်းတစ်ကျောင်းဖြစ်သော Randolph School သို့ တက်ရောက်ခဲ့ပြီး[၁၄][၁၅][၁၆][၁၇] အသက် ၁၆ နှစ်အရွယ်တွင် ကျောင်းပြီးခဲ့သည်။[၁၈] ၎င်းက ထိုကျောင်းသည် သူ၏မိသားစုအတွက် ကုန်ကျစရိတ် အလွန်များပြားခဲ့သော်လည်း "ကျွန်တော့်အိမ်ထောင်စုမှာ ပညာရေးဆိုတာ အမြဲတမ်း ထက်သန်တဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ် ... အသိပညာနဲ့ သင်ယူမှုကို ရိုးရိုးရာရာ ချဉ်းကပ်ပြီး ဒါကို ကောင်းမွန်တဲ့ ဘဝတစ်ခုအတွက် အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်တဲ့ နည်းလမ်းမျိုးပါ" ဟု ပြောကြားခဲ့သည်။[၁၃] ထို့နောက် သူသည် ၁၉၈၆ ခုနှစ်တွင် အော်ဘန်တက္ကသိုလ်မှ ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ဒီဂရီကို ရရှိခဲ့သည်။ သူသည် အသက် ၁၆ နှစ်အရွယ်ကတည်းက အော်ဘန်တက္ကသိုလ်တွင် ပညာစတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။[၈] ယင်းနောက် အလာဘားမားတက္ကသိုလ် ၏ ဘဏ္ဍာရေးဆိုင်ရာ ပါရဂူဘွဲ့ သင်တန်းသို့ တက်ရောက်ခဲ့ပြီး၊ မဟာဘွဲ့ရရှိပြီးနောက် အင်ဒီယားနားတက္ကသိုလ် ဘလူးမင်တန်၏ ဘဏ္ဍာရေးဆိုင်ရာ ပါရဂူဘွဲ့အစီအစဉ်သို့ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။[၉][၁၃][၁၈] အလာဘားမားတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အတွင်း သူသည် အင်တာနက် စိတ်ကူးယဉ်ဂိမ်းများကို ကစားခဲ့ပြီး ဝဘ်ဆိုက်နည်းပညာအပေါ် စိတ်ဝင်စားလာခဲ့သည်။[၈] သူသည် ဘွဲ့လွန်သင်တန်း တက်ရောက်နေစဉ်အတွင်း တက္ကသိုလ်နှစ်ခုလုံး၌ စာပေပို့ချပြသခဲ့သော်လည်း ပါရဂူဘွဲ့ (PhD) အတွက် လိုအပ်သော ဒေါက်တာဘွဲ့ကျမ်းကိုမူ ရေးသားခဲ့ခြင်းမရှိဘဲ ကျောင်းမှ ထွက်ခွာခဲ့ရာ၊ ယင်းသို့ကျမ်းမရေးဖြစ်ခြင်းမှာ ပျင်းရိငြီးငွေ့လာခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။[၉][၁၃]
အလုပ်အကိုင်
[ပြင်ဆင်ရန်]
၁၉၉၄ ခုနှစ်တွင် ဂျင်မီဝေးလ်သည် အီလီနွိုင်းပြည်နယ်၊ ချီကာဂိုမြို့ရှိ အနာဂတ်နှင့် အော်ပရှင်းရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်သော Chicago Options Associates တွင် စတင်လုပ်ကိုင်ခဲ့သည်။[၁၃][၁၉][၂၀] ဝေးလ်သည် မိမိကိုယ်ကိုယ် အစောပိုင်းကာလကတည်းက အင်တာနက်ကို အလွန်အမင်း စွဲလမ်းခဲ့သူအဖြစ် ဖော်ပြခဲ့ပြီး၊ အားလပ်ချိန်များတွင် ကွန်ပျူတာကုဒ်များကို ရေးသားလေ့ရှိသည်။ အလာဘားမားတွင် ပညာသင်ကြားနေစဉ်အတွင်း သူသည် ကွန်ပျူတာကွန်ရက်သုံး ကစားသမားအမြောက်အမြား ပါဝင်နိုင်သော စိတ်ကူးယဉ်ကမ္ဘာဂိမ်းများကို စွဲစွဲမြဲမြဲ ကစားခဲ့သူဖြစ်ပြီး၊ ယင်းမှတစ်ဆင့် အတိုင်းအတာကြီးမားသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို မောင်းနှင်ရန် ကွန်ပျူတာကွန်ရက်များ၏ အလားအလာနှင့် စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကြုံတွေ့သိရှိခဲ့သည်။[၁၈][၂၁]
၁၉၉၅ ခုနှစ်တွင် Netscape ကုမ္ပဏီ၏ ကနဦးအများပြည်သူသို့ ရှယ်ယာထုတ်ရောင်းချမှု အောင်မြင်မှုကို အတုယူကာ၊ "အတိုးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများအပေါ် မှန်းဆရောင်းဝယ်ခြင်း"[၇] မှတစ်ဆင့် စုဆောင်းရရှိထားသော အရင်းအနှီးများဖြင့် ဝေလ်းသည် ဘဏ္ဍာရေးကုန်သွယ်မှုလောကမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး အင်တာနက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။[၁၈] ၁၉၉၆ ခုနှစ်တွင် သူနှင့် ပါတနာနှစ်ဦးတို့ ပူးပေါင်း၍ Bomis အမည်ရှိ Web portal တစ်ခုကို တည်ထောင်ခဲ့သည်။[၇][၂၂] ယင်းဝဘ်ဆိုက်သည် အသုံးပြုသူများ ကိုယ်တိုင်ဖန်တီးထားသော ဝဘ်ကွင်းဆက်များ နှင့် ကာလတစ်ခုအထိ အရွယ်ရောက်ပြီးသူများအတွက် အပျော်ဖတ်ညစ်ညမ်းရုပ်ပုံ/စာပေများကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။[၂၃] ဝေလ်းက ၎င်းကို Maxim မဂ္ဂဇင်း၏ ဈေးကွက်မျိုးနှင့် ဆင်တူသော[၉][၁၃][၂၄] "အမျိုးသားများအတွက် အဓိကဦးတည်သည့် ရှာဖွေရေးအင်ဂျင်" တစ်ခုအဖြစ် ဖော်ပြခဲ့သော်လည်း၊ ဘောမစ် စီးပွားရေးလုပ်ငန်းသည် ရေရှည်တွင် အောင်မြင်မှု မရရှိခဲ့ပေ။[၇][၉][၂၅]
ဝီကီပီးဒီးယားသို့ ဦးတည်လာခြင်း
[ပြင်ဆင်ရန်]ထိုအချိန်က ဘောမစ်ကုမ္ပဏီသည် ငွေကြေးရှာဖွေရန် ရုန်းကန်နေရသော်လည်း၊ ဝေလ်းအတွက်မူ သူ၏ ပိုမိုကြီးမားသော ဝါသနာဖြစ်သည့် အွန်လိုင်းစွယ်စုံကျမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် ရန်ပုံငွေ ပံ့ပိုးပေးနိုင်ခဲ့သည်။[၉] ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းက ဓမ္မဓိဋ္ဌာန်ကျမှုဝါဒဒဿနဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲအုပ်စုတစ်ခုကို ဦးဆောင်နေစဉ်အတွင်း၊ ဝေလ်းသည် ယင်းဒဿနအပေါ် သံသယပွားသူ လာရီဆန်ဂါနှင့် စတင်ဆုံတွေ့ခဲ့သည်။[၁၀] သူတို့နှစ်ဦးသည် ဝေလ်း၏ အီးမေးလ်စာရင်းစုနှင့် ဆန်ဂါ၏ စာရင်းစုများပေါ်တွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ် အပြန်အလှန် ငြင်းခုံခဲ့ကြပြီး၊ နောက်ပိုင်းတွင် ပြင်ပ၌ လူချင်းတွေ့ဆုံကာ ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ရင်း သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။[၁၀] နှစ်အတော်ကြာပြီးနောက် ဝေလ်းသည် သူ၏ စွယ်စုံကျမ်းစီမံကိန်းကို စတင်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ယင်းစီမံကိန်းကို ဦးဆောင်ရန်အတွက် ခိုင်လုံသော ပညာရေးအရည်အချင်းရှိသည့် ပညာရှင်တစ်ဦးကို ရှာဖွေရာတွင် အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်၌ ဒဿနိကဗေဒ ပါရဂူဘွဲ့ သင်ယူနေသော ဆန်ဂါကို အယ်ဒီတာချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[၂၁] သို့ဖြစ်၍ ၂၀၀၀ ပြည့်နှစ် မတ်လတွင် ပညာရှင်အချင်းချင်း စိစစ်သုံးသပ်သော၊ လွတ်လပ်စွာ အသုံးပြုနိုင်သော စွယ်စုံကျမ်းဖြစ်သည့် နျူပီးဒီးယားကို စတင်လွှင့်တင်နိုင်ခဲ့သည်။[၉][၁၃] နျူပီးဒီးယား၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ မတူကွဲပြားသော အကြောင်းအရာများအပေါ် ကျွမ်းကျင်ပညာရှင်များ ရေးသားထားသော ဆောင်းပါးများကို ဖော်ပြရန်နှင့် အကျိုးအမြတ်ရရှိစေရန်အတွက် ဆောင်းပါးများနှင့်အတူ ကြော်ငြာများကိုပါ ထည့်သွင်းရောင်းချရန် ဖြစ်သည်။ ယင်းစီမံကိန်းသည် ၎င်း၏ဆောင်းပါး အရည်အသွေးကို ကျွမ်းကျင်ပညာရှင်များ ပြုစုထားသော စွယ်စုံကျမ်းများနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် ကျယ်ပြန့်လှသော ပညာရှင်အချင်းချင်း စိစစ်သုံးသပ်မှု လုပ်ငန်းစဉ်ကို အသုံးပြုထားသည်။[၂၆]
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အွန်လိုင်းစွယ်စုံကျမ်းအတွက် ဘာသာစကားအားလုံးနဲ့ ဆောင်းပါးတွေ ရေးသားပေးမယ့် စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာ ရှိလာဖို့ပါ။ အစပိုင်းမှာတော့ ကျွန်တော်တို့ဟာ အလုပ်တွေကို အထက်ကနေ အောက်ကို အမိန့်ပေးတဲ့စနစ်၊ အလွန်ဖွဲ့စည်းပုံကျတဲ့စနစ်၊ ပညာရပ်ဆိုင်ရာ ရိုးရာပုံစံအဟောင်းကြီးအတိုင်း စီစဉ်လုပ်ဆောင်ခဲ့မိတယ်။ ဒါဟာ စေတနာ့ဝန်ထမ်း စာရေးဆရာတွေအတွက် ဘာမှမပျော်စရာမကောင်းခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဆောင်းပါးတွေကို လိုက်လံဝေဖန်ပြီး အကြံပြုချက်တွေပေးမယ့် ပညာရပ်ဆိုင်ရာ စိစစ်ရေးကော်မတီတွေ အများကြီး ရှိနေလို့ပါ။ ဒါဟာ ဘွဲ့လွန်ကျောင်းမှာ အက်ဆေးစာတမ်းတစ်စောင် သွားတင်ရသလိုမျိုး ဖြစ်နေပြီး၊ အခြေခံအားဖြင့် ပါဝင်လုပ်ဆောင်ဖို့ကိုတောင် ကြောက်ရွံ့တုန်လှုပ်စေခဲ့ပါတယ်
— ဂျင်မီဝေလ်း (နျူပီးဒီးယား စီမံကိန်းနှင့်ပတ်သက်၍ New Scientist မဂ္ဂဇင်းသို့ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားချက်[၂၇]
၂၀၀၉ ခုနှစ် အောက်တိုဘာလ မိန့်ခွန်းတစ်ခုတွင် ဝေလ်းက သူကိုယ်တိုင် နျူပီးဒီးယားအတွက် နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် ရောဘတ် စီ မာတွန်အကြောင်း ဆောင်းပါးတစ်စောင် ရေးသားရန် ကြိုးပမ်းခဲ့ဖူးသော်လည်း၊ ၎င်းဆောင်းပါးမူကြမ်းကို ပညာရှင်အဖြစ် စိစစ်သုံးသပ်မည့် နာမည်ကြီး စီးပွားရေးပါမောက္ခကြီးများထံသို့ တင်သွင်းရန် အလွန်အမင်း တွန့်ဆုတ်ကြောက်ရွံ့ခဲ့ရကြောင်း ပြန်လည်အမှတ်ရ ပြောကြားခဲ့သည်။ ဝေလ်းက ဤဖြစ်ရပ်သည် နျူပီးဒီးယား၏ လုပ်ငန်းပုံစံအလုပ်မဖြစ်နိုင်တော့ကြောင်း သူကိုယ်တိုင် သဘောပေါက်နားလည်သွားခဲ့သည့် အခိုက်အတန့်ဖြစ်သည်ဟု ဆိုခဲ့သည်။[၂၈]
၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် ဆန်ဂါသည် အစွန်းရောက် ပရိုဂရမ်မင်း ဝါသနာအိုး ဘင် ကိုဗစ်ဇ် နှင့် ဆုံတွေ့ခဲ့ပြီး၊ နျူပီးဒီးယား၏ ခက်ခဲလှသော ဆောင်းပါးတင်သွင်းမှု လုပ်ငန်းစဉ်များကြောင့် စီမံကိန်းတိုးတက်မှု အလွန်နှေးကွေးနေရသည့် အခြေအနေကို ရှင်းပြခဲ့သည်။[၂၉] ထိုအခါ ကိုဗစ်ဇ်က ဝီကီလုပ်ငန်းပုံစံကို အသုံးပြုမည်ဆိုပါက စာတည်းဖြတ်သူများအနေဖြင့် စီမံကိန်းတစ်ခုလုံးတွင် တစ်ပြိုင်တည်းနှင့် တဖြည်းဖြည်းချင်း ဖြည့်စွက်ပါဝင် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နျူပီးဒီးယား၏ ပိတ်ဆို့နေသော လည်ပတ်မှုအကျပ်အတည်းကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အကြံပြုခဲ့သည်။[၂၉] ဆန်ဂါသည် ယင်းအကြံဉာဏ်အပေါ် အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး ဝေလ်းထံသို့ တင်ပြခဲ့ပြီးနောက်၊ ၎င်းတို့နှစ်ဦးသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပထမဆုံး နျူပီးဒီးယား ဝီကီကို ဖန်တီးခဲ့ကြသည်။[၂၉] အဆိုပါ ဝီကီကို အစပိုင်းတွင် အများပြည်သူက ဆောင်းပါးများ ဝိုင်းဝန်းရေးသားရန် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခုအဖြစ် ရည်ရွယ်ခဲ့ပြီး၊ ထိုသို့ရေးသားပြီးမှသာ နျူပီးဒီးယား၏ ကျွမ်းကျင်စေတနာ့ဝန်ထမ်းများက ပြန်လည်စိစစ်၍ ထုတ်ဝေရန် ဖြစ်သည်။ သို့သော်လည်း နျူပီးဒီးယား၏ ကျွမ်းကျင်ပညာရှင် အများစုမှာ အပျော်တမ်းသမားများ ရေးသားထားသော အချက်အလက်များကို ပရော်ဖက်ရှင်နယ် သုတေသနပြု စည်းစနစ်ကျသော စာပေများနှင့် လာရောက်ရောနှောခြင်းသည် နျူပီးဒီးယား၏ သတင်းအချက်အလက် မှန်ကန်ခိုင်မာမှုကို ထိခိုက်ပျက်ပြားစေနိုင်ပြီး စွယ်စုံကျမ်း၏ ယုံကြည်စိတ်ချရမှုကို ပျက်စီးစေလိမ့်မည်ဟု စိုးရိမ်ခဲ့ကြသဖြင့် ဤဝီကီစီမံကိန်းတွင် လုံးဝပါဝင်ပတ်သက်ခြင်း မပြုလိုကြပေ။[၃၀] ယင်းသို့ အခက်အခဲရှိခဲ့သော်လည်း "ဝီကီပီးဒီးယား"ဟု အမည်ပေးထားသော အဆိုပါ ဝီကီစီမံကိန်းကို ဖန်တီးပြီး ငါးရက်အကြာတွင် သီးခြားဒိုမိန်းအမည်တစ်ခုဖြင့် အင်တာနက်ပေါ်၌ တရားဝင် စတင်လွှင့်တင်ခဲ့ကြသည်။[၂၀][၂၅]
ဝီကီပီးဒီးယား
[ပြင်ဆင်ရန်]မူလက ဘောမစ်ကုမ္ပဏီသည် ဝီကီပီးဒီးယားကို အကျိုးအမြတ်ထွက်မည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည်။[၃၅] လာရီ ဆန်ဂါ ကလည်း အစပိုင်းတွင် ဝီကီပီးဒီးယားကို နျူပီးဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ကိရိယာတစ်ခုအဖြစ်သာ ရှုမြင်ခဲ့သည်။ ဂျင်မီဝေလ်းကမူ ဤစီမံကိန်းသည် အဆိုးရွားဆုံးအခြေအနေတွင် "လုံးဝအသုံးမကျတဲ့ အမှိုက်တွေ"သာ ထွက်ပေါ်လာနိုင်သည်ဟု စိုးရိမ်ခဲ့သည်။[၂၀] သို့သော်လည်း ဆန်ဂါနှင့် ဝေလ်းတို့ နှစ်ဦးလုံး အံ့အားသင့်သွားရလောက်အောင်ပင် စတင်လွှင့်တင်ပြီး ရက်ပိုင်းအတွင်းမှာပင် ဝီကီပီးဒီးယားပေါ်ရှိ ဆောင်းပါးအရေအတွက်သည် နျူပီးဒီးယားထက် သာလွန်များပြားသွားခဲ့ပြီး စာတည်းဖြတ်သူ အစုအဖွဲ့ငယ်လေးတစ်ခုလည်း စတင်ပေါ်ပေါက်လာခဲ့သည်။[၁၉][၂၁] သာမန်လူထုထံမှ ပံ့ပိုးမှုများကို လက်ခံမည့် ပွင့်လင်းရင်းမြစ်ပူးပေါင်းဆောင်ရွက်မှု စွယ်စုံကျမ်းဟူသော ပိုမိုကျယ်ပြန့်သည့် စိတ်ကူးစိတ်သန်းကို အခြားသူများနှင့်အတူ စတင်ဖော်ထုတ်ခဲ့သူမှာ ဂျင်မီဝေလ်း ဖြစ်သည်။[၃၆] အစောပိုင်းကာလတွင် ဆန်ဂါရော ဝေလ်းပါ ဝီကီပီးဒီးယား၏ အစပြုမှုမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို မခန့်မှန်းနိုင်ခဲ့ကြပေ။[၂၀][၂၁] ဤဝဘ်ဆိုက်၏ အစောပိုင်း ပံ့ပိုးကူညီသူ အများစုမှာ လွတ်လပ်သော ယဉ်ကျေးမှုလှုပ်ရှားမှုလုပ်ငန်းပုံစံနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြပြီး ဝေလ်းကဲ့သို့ပင် ပွင့်လင်းရင်းမြစ် လှုပ်ရှားမှုကို ထောက်ခံအားပေးသူများ ဖြစ်ကြသည်။[၃၀]
ဝေလ်းက မည်သူမဆို စွယ်စုံကျမ်းကို ဝင်ရောက်ပြင်ဆင်နိုင်သည့် လွတ်လပ်စွာ တည်းဖြတ်မှုသဘောတရားအပေါ် အစပိုင်းတွင် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့သဖြင့် ညဉ့်နက်သန်းခေါင်အချိန်တွင် အိပ်ရာမှနိုးကာ ဝဘ်ဆိုက်ပေါ်သို့ မည်သည့်အချက်အလက်များ ဖြည့်စွက်နေကြသည်ကို လိုက်လံစောင့်ကြည့်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။[၃၇][၃၈] သို့သော်လည်း အစောပိုင်း အယ်ဒီတာအဖွဲ့ဝင်များသည် စီမံကိန်းကြီးထွားလာစေရန် အထောက်အကူပြုသည့် ခိုင်မာတောင့်တင်းပြီး မိမိကိုယ်ကိုယ် ပြန်လည်ထိန်းကျောင်းနိုင်သော လူထုအသိုင်းအဝိုင်း တစ်ခု ဖြစ်ပေါ်လာစေရန် ကူညီပေးခဲ့ကြသည်။[၉] ၂၀၁၆ ခုနှစ် SXSW ညီလာခံ ဟောပြောပွဲတစ်ခုတွင် သူက ဝီကီပီးဒီးယားပေါ်၌ ပထမဆုံးသော စာလုံးအဖြစ် ကွန်ပျူတာပရိုဂရမ်မာများ ဆော့ဖ်ဝဲအသစ်များကို စမ်းသပ်ရာတွင် အသုံးပြုလေ့ရှိသည့် "Hello world" ဟူသော စကားစုကို ရေးသားခဲ့ကြောင်း ပြန်လည်အမှတ်ရ ပြောကြားခဲ့သည်။[၃၉]
ဆန်ဂါသည် ဝီကီပီးဒီးယား၏ အစောပိုင်းကာလတွင် စီမံကိန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး လမ်းညွှန်ပြသခဲ့သည်။[၄၀][၄၁] သူက ဤကျယ်ပြန့်သော စိတ်ကူးစိတ်သန်းသည် မူလက အခြားသူများထံမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၅ ခုနှစ် Slashdot အတွက် ရေးသားခဲ့သော ကိုယ်တိုင်ရေးမှတ်တမ်းတစ်ခုတွင် "သာမန်လူထုက ဝင်ရောက်ပံ့ပိုးနိုင်တဲ့ ပွင့်လင်းရင်းမြစ် ပူးပေါင်းဆောင်ရွက်မှု စွယ်စုံကျမ်းဆိုတဲ့ စိတ်ကူးက လုံးဝကို ဂျင်မီရဲ့ စိတ်ကူးပါ၊ ကျွန်တော့်စိတ်ကူးမဟုတ်ပါဘူး။ ရန်ပုံငွေကိုလည်း ဘောမစ်ကုမ္ပဏီကပဲ လုံးဝပံ့ပိုးခဲ့တာပါ။ ဟုတ်ပါတယ်၊ အခြားသူတွေမှာလည်း ဒီလိုစိတ်ကူးမျိုး ရှိဖူးကြမှာပါ" ဟု ဆိုကာ "ဒီစွယ်စုံကျမ်းကို လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ကတော့ သူ ကျွန်တော့်ကို ပေးအပ်ခဲ့တဲ့ တာဝန်ပါပဲ" ဟု ထည့်သွင်းပြောကြားခဲ့သည်။[၄၂] ဆန်ဂါသည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဘောမစ်ကုမ္ပဏီက ၎င်း၏ရာထူးအတွက် ရန်ပုံငွေပံ့ပိုးမှုကို ရပ်ဆိုင်းလိုက်သည့်အချိန်အထိ နျူပီးဒီးယားနှင့် ဝီကီပီးဒီးယား စီမံကိန်းနှစ်ခုလုံးတွင် ပါဝင်လုပ်ဆောင်ကာ မြှင့်တင်ပေးခဲ့သည်။ ဆန်ဂါသည် ထိုနှစ် မတ်လ ၁ ရက်နေ့တွင် နျူပီးဒီးယား၏ အယ်ဒီတာချုပ်အဖြစ်မှလည်းကောင်း၊ ဝီကီပီးဒီးယား၏ "Chief organizer" အဖြစ်မှလည်းကောင်း နုတ်ထွက်ခဲ့သည်။[၄၃][၄၄] အစောပိုင်းကာလတွင် ဘောမစ်သည် ဝီကီပီးဒီးယားအတွက် ဘဏ္ဍာရေးဆိုင်ရာ ကျောထောက်နောက်ခံပေးခဲ့ပြီး၊[၄၁][၄၅] ဆန်ဂါ ထွက်ခွာသွားပြီးနောက် ကုန်ကျစရိတ်များ လျော့နည်းသွားကာ အကျိုးအမြတ်မယူသော ဖောင်ဒေးရှင်းအဖြစ် ပြောင်းလဲရန် အစီအစဉ်များ မပေါ်ပေါက်မီအချိန်အထိ ဝီကီပီးဒီးယားပေါ်တွင် ကြော်ငြာများထည့်သွင်းရန် စဉ်းစားခဲ့ဖူးသည်။[၃၅]
ပူးတွဲတည်ထောင်သူ အခြေအနေ ငြင်းခုံမှု
[ပြင်ဆင်ရန်]ဂျင်မီဝေလ်းက သူသည် ဝီကီပီးဒီးယား၏ တစ်ဦးတည်းသော တည်ထောင်သူဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဆန်ဂါအား ပူးတွဲတည်ထောင်သူအဖြစ် သတ်မှတ်ခေါ်ဆိုမှုကို အများပြည်သူရှေ့တွင် ငြင်းခုံခဲ့သည်။[၄၆] ဆန်ဂါနှင့် ဝေလ်းတို့ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလကတည်းက နယူးယောက် တိုင်းမ်စ် သတင်းစာက ပူးတွဲတည်ထောင်သူများအဖြစ် ဖော်ပြခဲ့ကြပြီး၊ ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော ဝီကီပီးဒီးယား၏ ပထမဆုံး သတင်းထုတ်ပြန်ချက်တွင်လည်း ၎င်းတို့နှစ်ဦးလုံးကို တည်ထောင်သူများအဖြစ် ဖော်ပြခဲ့သည်။[၄၇][၄၈] ထိုနှစ် ဩဂုတ်လတွင် ဝေလ်းကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် ဝီကီပီးဒီးယား၏ "ပူးတွဲတည်ထောင်သူ" ဟု ရည်ညွှန်းခဲ့ဖူးသည်။[၄၉] ဆန်ဂါသည် ၎င်း၏ကိုယ်ပိုင်ဝဘ်စာမျက်နှာတွင် သူနှင့် ဝေလ်းတို့သည် ပူးတွဲတည်ထောင်သူများဖြစ်ကြောင်း အတည်ပြုနိုင်မည့် လင့်ခ်အထောက်အထားမျိုးစုံကို စုစည်းပြသထားခဲ့သည်။[၄၀][၅၀][၅၁] ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် The Boston Globe သတင်းစာ၌ ဝေလ်းက ဆန်ဂါ၏ ပြောကြားချက်များကို “အဓိပ္ပာယ်မရှိ လျှောက်ပြောနေခြင်း” ဟု တုံ့ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ ၂၀၀၉ ခုနှစ် ဧပြီလတွင် ဝေလ်းက တည်ထောင်သူ အခြေအနေ ငြင်းခုံမှုကို "မဆီမဆိုင်တာတွေ လျှောက်လုပ်နေကြတာ" ဟု ပြောဆိုခဲ့သည်။[၅၂][၅၃] ၂၀၁၃ ခုနှစ်တွင် ဝေလ်းက နယူးယောက် တိုင်းမ်စ် သို့ ပြောကြားရာ၌ ဤငြင်းခုံမှုသည် "ကမ္ဘာ့သမိုင်းမှာ အနတ္တအဖြစ်ဆုံး ကိစ္စရပ်" ဟု ဆိုခဲ့သည်။[၅၄] ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဝေလ်းသည် ဂျာမန်ဂျာနယ်လစ် တီလို ယူးန်း (Tilo Jung) နှင့် ပြုလုပ်သော Jung & Naiv ပေါ့ဒ်ကတ်စ် အင်တာဗျူးတစ်ခုတွင် ပါဝင်ခဲ့သည်။ ဝေလ်းသည် ၎င်း၏ တည်ထောင်သူအဆင့်အတန်းနှင့်ပတ်သက်၍ ယူးန်း၏ မေးခွန်းများကို “"ရူးကြောင်ကြောင်နိုင်လွန်းတယ်" ဟု ပြောဆိုကာ တစ်မိနစ်ပင်မပြည့်မီ အင်တာဗျူးနေရာမှ ထရပ်ကာ ထွက်ခွာသွားခဲ့သည်။[၅၅]
၂၀၀၅ ခုနှစ်နှောင်းပိုင်းတွင် ဝေလ်းသည် အင်္ဂလိပ်ဝီကီပီးဒီးယားပေါ်ရှိ ၎င်း၏ကိုယ်ရေးအကျဉ်းဆောင်းပါးကို ကိုယ်တိုင်ဝင်ရောက်ပြင်ဆင်ခဲ့သည်။ စာရေးဆရာ ရော်ဂျာ ကေဒန်ဟတ်ဒ်က ဝေလ်းသည် ဆောင်းပါးကို ပြင်ဆင်ရာတွင် လာရီဆန်ဂါအား ဝီကီပီးဒီးယား၏ ပူးတွဲတည်ထောင်သူအဖြစ် ရည်ညွှန်းထားချက်များကို ဖျက်ပစ်ခဲ့ကြောင်း ပြင်ဆင်မှုမှတ်တမ်းများကို ထောက်ပြ၍ လူထုအာရုံစိုက်လာအောင် ပြုလုပ်ခဲ့သည်။[၅၆][၅၇] ယင်းအပေါ် ဆန်ဂါက "အခုလို ပြင်ဆင်မှုမျိုးတွေကို တွေ့ရတာဟာ ဂျင်မီအနေနဲ့ သမိုင်းကို ပြန်လည်ပြင်ဆင်ရေးဖို့ ကြိုးပမ်းနေတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဒါဟာ အချည်းနှီးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပွင့်လင်းမြင်သာပြီး ဆက်သွယ်ရေး အားကောင်းလှတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ အမှန်တရားဟာ တစ်နေ့နေ့တော့ ပေါ်လာမှာမို့လို့ပါပဲ" ဟု မှတ်ချက်ပြုခဲ့သည်။[၂၄][၅၈] ထို့အပြင် ဝေလ်းသည် ၎င်း၏ကုမ္ပဏီဟောင်း Bomis ၏ ထုတ်ကုန်အချို့တွင် ပါဝင်ခဲ့သော လိင်ပိုင်းဆိုင်ရာ သဘောသဘာဝများကို အရှိန်အဟုန်လျှော့ချ၍ ဖုံးကွယ်ရန် ကြိုးပမ်းသည့်ပုံစံမျိုးဖြင့် ပြင်ဆင်ခဲ့ကြောင်းကိုလည်း တွေ့ရှိခဲ့ကြသည်။[၂၀][၂၄] ဝေလ်းက ၎င်း၏ပြင်ဆင်မှုများသည် အချက်အလက်များ တိကျမှန်ကန်စေရန်အတွက်သာ သက်သက်ရည်ရွယ်ခြင်းဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သော်လည်း၊[၂၄] ဝီကီပီးဒီးယားတွင် ယေဘုယျအားဖြင့် အားမပေးသော လုပ်ဆောင်ချက်ဖြစ်သည့် မိမိ၏ကိုယ်ရေးအကျဉ်းကို ကိုယ်တိုင်ဝင်ရောက်တည်းဖြတ်ခဲ့မိခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့သည်။[၂၄][၅၈]
အခန်းကဏ္ဍ
[ပြင်ဆင်ရန်]၂၀၀၄ ခုနှစ် Slashdot နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဂျင်မီဝေလ်းသည် ဝီကီပီးဒီးယားအပေါ် ထားရှိသော သူ၏မျှော်မှန်းချက်ကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြခဲ့သည်။
"ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ လူသားတိုင်းကို လူသားတို့ရဲ့ အသိပညာဗဟုသုတ အစုအဝေးအားလုံးဆီ အခမဲ့ ဝင်ရောက်လေ့လာနိုင်ခွင့် ပေးထားတဲ့ ကမ္ဘာကြီးတစ်ခုကို စိတ်ကူးပုံဖော်ကြည့်လိုက်ပါ။ အဲဒါဟာ ကျွန်တော်တို့ အခုလက်ရှိ လုပ်ဆောင်နေတဲ့အရာပါပဲ"[၅၉]
သူ၏ တရားဝင်ရာထူးမှာ ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့ဝင်နှင့် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သော်လည်း၊ ဝီကီပီးဒီးယား အသိုင်းအဝိုင်းအတွင်းရှိ ဝေလ်း၏ လူမှုရေးဆိုင်ရာ ဩဇာတိက္ကမက သူ့အား စေတနာရှေ့ထားသော အာဏာရှင်၊ စည်းမျဉ်းခံဘုရင်နှင့် ဝိညာဉ်ရေးရာခေါင်းဆောင် ဟူ၍ ကွဲပြားစွာ တင်စားခေါ်ဆိုရလောက်သည့် အဆင့်အတန်းတစ်ခုကို ရရှိစေခဲ့သည်။[၆၀][၆၁][၆၂] ၂၀၁၄ ခုနှစ်တွင် ဂါးဒီးယန်း သတင်းစာနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးနှစ်ခု၌ ဝေလ်းသည် ဝီကီပီးဒီးယားပေါ်ရှိ ၎င်း၏အခန်းကဏ္ဍကို အကျယ်တဝင့် ရှင်းလင်းခဲ့သည်။ ပထမအင်တာဗျူးတွင် သူက "စေတနာရှေ့ထားသော အာဏာရှင်" ဟူသော ဝေါဟာရကို "အမြဲတမ်း ငြင်းပယ်ခဲ့သည်" ဟု ဆိုသော်လည်း၊ မိမိကိုယ်ကိုယ် "စည်းမျဉ်းခံဘုရင်" ဟုမူ ရည်ညွှန်းလေ့ရှိကြောင်း ပြောကြားခဲ့သည်။ ဒုတိယအင်တာဗျူးတွင်မူ ၎င်း၏ "စည်းမျဉ်းခံဘုရင်" ဟူသော သတ်မှတ်ချက်ကို ထပ်မံရှင်းလင်းခဲ့ရာတွင် ယူနိုက်တက်ကင်းဒမ်း၏ ဘုရင်မကြီး ဒုတိယ အယ်လီဇဘက် ကဲ့သို့ပင် မိမိတွင် အမှန်တကယ် စီမံခန့်ခွဲပိုင်ခွင့် အာဏာမရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။[၆၃][၆၄] ထို့အပြင် သူသည် စီမံကိန်း၏ အစောပိုင်းနှစ်များတွင် ပြောရေးဆိုခွင့်ရှိသူ အဖြစ်နှင့်လည်း အနီးစပ်ဆုံး ရပ်တည်ခဲ့သည်။[၁၀] ဝီကီပီးဒီးယား၏ ကြီးထွားလာမှုနှင့် ထင်ရှားကျော်ကြားမှုများက ဝေလ်းကို အင်တာနက် လောက၏ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေခဲ့သည်။[၆၅] အဆိုပါ ဝဘ်ဆိုက်ကို မတည်ထောင်မီက မြောက်အမေရိကတိုက် ပြင်ပသို့ တစ်ကြိမ်မျှ ခရီးမဆန့်ဖူးခဲ့သော်လည်း၊ ဝီကီပီးဒီးယား စီမံကိန်းတွင် ပါဝင်လာပြီးနောက်ပိုင်း၌ ၎င်းသည် ဝီကီပီးဒီးယား၏ အများပြည်သူ သိရှိသူအဖြစ် ကမ္ဘာအနှံ့သို့ စဉ်ဆက်မပြတ် လေကြောင်းခရီးစဉ်များဖြင့် ပျံသန်းသွားလာနေခဲ့ရသည်။[၁၀][၆၆]
လာရီ ဆန်ဂါ ဝီကီပီးဒီးယားမှ ထွက်ခွာသွားချိန်တွင် ဝေလ်း၏ ချဉ်းကပ်ပုံနည်းလမ်းမှာ ဆန်ဂါနှင့် မတူဘဲ[၆၇] လုပ်ငန်းစဉ်များအပေါ် အလွန်အမင်း ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် ဘေးထွက်ရပ်တည်မှု ပုံစံမျိုး ဖြစ်ခဲ့သည်။[၆၇] အခြားသော စီမံကိန်းများတွင် ပါဝင်ပတ်သက်နေသော်လည်း၊ ဝေလ်းသည် ဝီကီပီးဒီးယားအတွင်းရှိ ၎င်း၏အခန်းကဏ္ဍကို လျှော့ချရန် ရည်ရွယ်ချက်ရှိနေခြင်းကို ငြင်းဆိုခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် The New York Times သို့ ပြောကြားရာ၌ "အခန်းကဏ္ဍကို လျှော့ချဖို့ဆိုတာ ကျွန်တော့်အတွက် ရွေးချယ်စရာ လမ်းကြောင်းတစ်ခု မဟုတ်ပါဘူး ... အလွန်အမင်း လုပ်ဇာတ်ခင်းပြီး ပြောတာမျိုးတော့ မဟုတ်ပေမယ့် 'ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ လူသားတိုင်းဆီကို သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ အမြင့်မားဆုံး အရည်အသွေးရှိတဲ့ အခမဲ့စွယ်စုံကျမ်းတစ်စောင် ဖန်တီးဖြန့်ဝေပေးဖို့' ဆိုတာကပဲ ကျွန်တော့်ရဲ့ ဖြစ်တည်မှုပါ၊ ကျွန်တော် အခုလုပ်နေတဲ့အရာပါ၊ ဒါဟာ ကျွန်တော့်ဘဝရဲ့ ပန်းတိုင်ပါပဲ" ဟု ဆိုခဲ့သည်။[၆၁] ၂၀၁၀ ပြည့်နှစ် မေလတွင် ဘီဘီစီ သတင်းဌာနက ဝေလ်းသည် မီဒီယာအချက်အလက် အများစုကို လက်ခံသိမ်းဆည်းပေးထားသည့် ဝီကီပီးဒီးယား၏ ညီအစ်မစီမံကိန်းတစ်ခုဖြစ်သော ဝီကီမီဒီယာ ကွန်မွန်းစ်ပေါ်ရှိ ၎င်း၏ နည်းပညာဆိုင်ရာ အထူးအခွင့်အရေးများစွာကို စွန့်လွှတ်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ဤသို့ဖြစ်ပွားရခြင်းမှာ ၎င်းအနေဖြင့် "ကာမစိတ်ကိုသာ လှုံ့ဆော်ရန် ရည်ရွယ်သည်" ဟု ယူဆရသော လိင်ပိုင်းဆိုင်ရာ အတိအလင်းဖော်ပြထားသည့် ရုပ်ပုံများကို ဖျက်ပစ်ရာတွင် အလွန်လောကြီးပြီး ဒီမိုကရေစီမဆန်သော နည်းလမ်းကို အသုံးပြုခဲ့သည်ဟု ယူဆကာ စီမံကိန်း၏ စေတနာ့ဝန်ထမ်း လူထုအသိုင်းအဝိုင်းက ဝေဖန်ကန့်ကွက်ခဲ့ကြပြီးနောက်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။[၆၈]
ဝီကီမီဒီယာ ဖောင်ဒေးရှင်း
[ပြင်ဆင်ရန်]
၂၀၀၃ ခုနှစ် အလယ်ပိုင်းတွင် ဝေလ်းသည် ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘတ်မြို့ ၌ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအဖြစ် ဝီကီမီဒီယာ ဖောင်ဒေးရှင်း (WMF) ကို စတင်တည်ထောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့သို့ ရုံးချုပ်ကို ပြောင်းရွှေ့ခဲ့သည်။[၆၉][၇၀] ဝီကီပီးဒီးယား၏ မူပိုင်ခွင့်ဆိုင်ရာ ဉာဏပစ္စည်းများအားလုံးနှင့် ဒိုမိန်းအမည်အားလုံးကို အဆိုပါ စွယ်စုံကျမ်းနှင့် ၎င်း၏ ညီအစ်မစီမံကိန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်သော အဆိုပါ ဖောင်ဒေးရှင်းအသစ်ထံသို့ လွှဲပြောင်းပေးခဲ့သည်။[၇၁][၂၁] ဝေလ်းသည် ဝီကီမီဒီယာဖောင်ဒေးရှင်း စတင်ဖွဲ့စည်းချိန်မှစ၍ ဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ၎င်း၏ တရားဝင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။[၇၂] ၂၀၀၆ ခုနှစ်မှစ၍ သူ့အား ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဟူသော ဘွဲ့အမည်ကို ပေးအပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သော ဘုတ်အဖွဲ့မှ ခန့်အပ်သည့် လူထုတည်ထောင်သူနေရာ (Community founder's seat) ကို ရယူထားခဲ့သည်။[၇၃][၇၄][၇၅] ကွန်ပျူတာနှင့် ပညာရေးဆိုင်ရာ ညီလာခံများတွင် ဖောင်ဒေးရှင်းကို မြှင့်တင်ရန် သွားရောက်ဟောပြောခြင်း အပါအဝင် ဖောင်ဒေးရှင်းအတွက် လုပ်ဆောင်ပေးသော သူ၏လုပ်ငန်းဆောင်တာအားလုံးမှာ မည်သည့်အခါမျှ အခကြေးငွေ ရယူခဲ့ခြင်းမရှိပေ။[၂၃] ဝေလ်းက ဝီကီပီးဒီးယားကို ဖောင်ဒေးရှင်းထံသို့ လှူဒါန်းလိုက်ခြင်းသည် သူလုပ်ခဲ့သမျှ အရာအားလုံးထဲတွင် "အမိုက်မဲဆုံးရော အလိမ္မာဆုံးပါ" ဖြစ်သည်ဟု မကြာခဏ နောက်ပြောင်ပြောဆိုလေ့ရှိသည်။ တစ်ဖက်တွင် သူက ဝီကီပီးဒီးယား၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း၊ အခြားတစ်ဖက်တွင်မူ ယင်းသို့ လှူဒါန်းလိုက်ခြင်းကြောင့်သာ ယခုကဲ့သို့ အောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းဖြစ်သည်ဟူသော သူ၏ယုံကြည်မှုကို ချိန်ဆခဲ့သည်။[၂၇][၇၁][၇၆][၇၇] ၂၀၂၀ ပြည့်နှစ်တွင် ဝေလ်းက "ကျွန်တော့်ရဲ့ အခန်းကဏ္ဍကို ယူကေရဲ့ ခေတ်သစ်ဘုရင်တစ်ပါးလိုပဲ ရှုမြင်ပါတယ် - တကယ့်အာဏာမရှိပေမယ့်၊ ဆွေးနွေးတိုင်ပင်ပိုင်ခွင့်၊ အားပေးကူညီပိုင်ခွင့်နဲ့ သတိပေးနှိုးဆော်ပိုင်ခွင့်တွေတော့ ရှိပါတယ်" ဟု ဆိုခဲ့သည်။[၇၈]
ဝေလ်းနှင့် ဖောင်ဒေးရှင်းတို့၏ ဆက်စပ်မှုသည် အငြင်းပွားဖွယ်ရာ ကိစ္စရပ်အချို့ကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၀၈ ခုနှစ် မတ်လတွင် ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဒန်နီ ဝူးလ်က ဝေလ်းသည် ဖောင်ဒေးရှင်း၏ ရန်ပုံငွေများကို ကိုယ်ပိုင်အပန်းဖြေမှုဆိုင်ရာ ကိစ္စရပ်များအတွက် လွဲမှားစွာ အသုံးပြုခဲ့ကြောင်း စွပ်စွဲခဲ့သည်။[၇၉] ထို့အပြင် ဝူးလ်က ဝေလ်း၏ အသုံးအစွဲ ပုံစံများကြောင့် ၎င်း၏ ဝီကီမီဒီယာ ခရက်ဒစ်ကတ်ကို ပြန်လည်သိမ်းဆည်းခြင်း ခံခဲ့ရသည်ဟုပါ ထည့်သွင်းပြောကြားခဲ့ရာ၊ ယင်းစွပ်စွဲချက်ကို ဝေလ်းက ငြင်းဆိုခဲ့သည်။[၇၉] ထိုစဉ်က ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ဖလော်ရန့်စ် ဒီဗူးဝါးဒ် နှင့် ဖောင်ဒေးရှင်း၏ ယာယီအမှုဆောင်ဒါရိုက်တာဟောင်း ဘရက်ဒ် ပက်ထရစ်တို့က ဝေလ်း သို့မဟုတ် ဖောင်ဒေးရှင်းဘက်က မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ငြင်းချက်ထုတ်ခဲ့ကြပြီး၊ ဝေလ်းသည် အသုံးစရိတ်အားလုံးအတွက် စာရင်းရှင်းလင်းခဲ့ကြောင်းနှင့် ပြေစာမရှိသောအရာများအတွက် ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ပြန်လည်ပေးချေခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သီးသန့်နေရာတွင်မူ ဒီဗူးဝါးဒ်က ဝေလ်းအား "အတိတ်ကို ပြန်လည်ပြင်ဆင်ရေးဖို့ အမြဲတမ်း ကြိုးပမ်းနေတတ်သူ"ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။[၈၀]
ထို့နောက် ၂၀၀၈ ခုနှစ် မတ်လနှောင်းပိုင်းတွင် Novell ကုမ္ပဏီမှ ကွန်ပျူတာသိပ္ပံပညာရှင်ဟောင်း ဂျက်ဖ် မာကီ က ဝေလ်းသည် ဝီကီမီဒီယာဖောင်ဒေးရှင်းသို့ ရန်ပုံငွေလှူဒါန်းခြင်းကို တုံ့ပြန်သည့်အနေဖြင့် မာကီ၏ ဝီကီပီးဒီးယား ကိုယ်ရေးအကျဉ်းဆောင်းပါးကို ပိုမိုကောင်းမွန်ပြီး မျက်နှာသာပေးသော ပုံစံမျိုးဖြစ်အောင် ဝင်ရောက်ပြင်ဆင်ပေးခဲ့ကြောင်း ပြောကြားခဲ့ရာ၊ ယင်းစွပ်စွဲချက်ကိုလည်း ဝေလ်းက "အဓိပ္ပာယ်မရှိသော စကား" ဟု ပယ်ချခဲ့သည်။[၈၁][၈၂] ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဝီကီပီးဒီးယား စာတည်းဖြတ်သူများက ဖောင်ဒေးရှင်း၏ Knowledge Engine စီမံကိန်းသည် ဝေလ်းအတွက် အကျိုးစီးပွား ပဋိပက္ခ ဖြစ်နေသည်ဟု ယူဆခဲ့ကြသည်။[၈၃] အဘယ်ကြောင့်ဆိုသော် ဖောင်ဒေးရှင်းက ရှာဖွေရေးအင်ဂျင်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ငွေကြေးအမြောက်အမြား သုံးစွဲခြင်းဖြင့် ဝေလ်း၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော ဝီကီယာကုမ္ပဏီက အကျိုးအမြတ် ရရှိသွားနိုင်ခြင်းကြောင့် ဖြစ်သည်။ ဝီကီယာကုမ္ပဏီသည် ရှာဖွေရေးအင်ဂျင်တစ်ခုကို တီထွင်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ယင်းလုပ်ငန်းကို ၂၀၀၉ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရသည်။[၈၃]
ဂုဏ်ပုဒ်နှင့် ရာထူးများ
[ပြင်ဆင်ရန်]
- Mid-2005 — Wales is appointed as a member of the Berkman Center for Internet & Society at Harvard Law School.[၁၃]
- October 3, 2005 — according to a press release, Wales joins the Board of Directors of Socialtext, a provider of wiki technology to businesses.[၈၄]
- 2006 — Wales joins the Board of Directors of the non-profit organization Creative Commons.[၈၅]
- May 8, 2006 — Wales is listed in the "Scientists & Thinkers" section of the 100 influential people special edition of Time magazine.[၈၆]
- June 3, 2006 — Wales receives an honorary degree from Knox College.[၈၇]
- May 3, 2006 — The Electronic Frontier Foundation awards him a Pioneer Award.[၈၈]
- 2006 — Wales is appointed to the advisory board of the MIT Center for Collective Intelligence.[၈၉]
- January 23, 2007 — Forbes magazine ranks Wales twelfth in its first annual "The Web Celebs 25".[၉၀]
- 2007 — Wales is recognized by the World Economic Forum as one of the 'Young Global Leaders' of 2007.[၉၁]
- 2008 — CORUM awards him The Global Brand Icon of the Year Award for 2008.[၉၂]
- 2008 — Wales - representing Wikipedia - receives the Quadriga award of Werkstatt Deutschland for A Mission of Enlightenment representing the Wikimedia-project along with Boris Tadić, Eckart Höfling and Peter Gabriel. The award was presented by David Weinberger.[၉၃]
- October 30, 2008 — Wales is awarded the Business Process Award at the 7th Annual Innovation Awards and Summit by The Economist "for public collaboration as a form of product and content development."[၉၄]
Published work
[ပြင်ဆင်ရန်]- Brooks, Robert; Jon Corson, Jimmy Donal Wales (1994). "The Pricing of Index Options When the Underlying Assets All Follow a Lognormal Diffusion". Advances in Futures and Options Research 7.
မှတ်စုများ
[ပြင်ဆင်ရန်]ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ Jimmy Wales: "Elon Musk is very pleasant to me in private" (29 October 2025)။ 7 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2026 တွင် ပြန်စစ်ပြီး။ “Wales runs Wikipedia from London (he has dual British and US citizenship, and has lived here since 2011)”
- ↑ Toor, Amar (July 15, 2012)။ Jimmy Wales, Mary Gardiner address Wikipedia's gender gap at Wikimania conference။ July 8, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
- 1 2 Jimmy Wales | Biography & Wikipedia Founder | Britannica Money (in en)။ February 22, 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 2, 2026 တွင် ပြန်စစ်ပြီး။
- ↑ Garside၊ Juliette။ "Jimmy Wales: digital champion of free speech" (in en-GB)၊ The Guardian၊ August 2, 2014။
- ↑ Rogoway၊ Mike (July 27, 2007)။ Wikipedia & its founder disagree on his birth date။ November 28, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 3, 2026 တွင် ပြန်စစ်ပြီး။
- ↑ 'When Kellyanne Conway spoke of alternative facts, my head exploded' - Wikipedia founder Jimmy Wales (16 November 2017)။
- 1 2 3 4 5 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "bookstopshere". - 1 2 3 Wilson၊ Claire M.။ "Jimmy Wales"။ Encyclopedia of Alabama။ December 20, 2019 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ December 26, 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 8 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "reasonmag". - 1 2 3 4 5 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Economist2008". - ↑ Isaacson၊ Walter (2014)။ The Innovators။ Simon & Schuster။ p. 534။ ISBN 1-4767-0869-X။
- ↑ Isaacson၊ Walter။ "You Can Look It Up: The Wikipedia Story"၊ The Daily Beast၊ October 19, 2014။
- 1 2 3 4 5 6 7 8 9 10 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "qanda". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Randolph". - ↑ Moore, Rebecca (January 7, 2013). "Jimmy Wales '83: 'Information evangelist' October 31, 2018, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .", Randolph School. Retrieved August 12, 2014.
- ↑ "Profile ". BBC Radio 4. March 18, 2012. Retrieved August 12, 2014.
- ↑ Todd Chambers' answer to [Pictures or it didn't happen what was jimmy wales' high school life like?]။ Quora။ August 10, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
- 1 2 3 4 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "trend". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "2.0". - 1 2 3 4 5 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "knowitall". - 1 2 3 4 5 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "am 2006 p93". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "am 2006 p88". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "accessforall". - 1 2 3 4 5 Hansen၊ Evan (December 19, 2005)။ "Wikipedia Founder Edits Own Bio"။ Wired။ May 30, 2012 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ December 26, 2017 တွင် ပြန်စစ်ပြီး။
- 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "roy". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Liane Gouthro". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "NEWSCMARKS". - ↑ Yale University (October 7, 2009)။ The Future of Free Culture: Jimmy Wales, Founder of Wikipedia။ December 21, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 18, 2011 တွင် ပြန်စစ်ပြီး။
- 1 2 3 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "am 2006 p91". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "signon". - ↑ Jimmy Wales: The birth of Wikipedia။ TED (July 2005)။ May 7, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
- ↑ Lecture Jimmy Wales: Understanding failure as a route to success။ Maastricht University on YouTube (January 2015)။ August 10, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
- ↑ Jimmy Wales: Wikipedia - Lex Fridman Podcast #385။ Lex Fridman Podcast (June 18, 2023)။ August 11, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 2, 2023 တွင် ပြန်စစ်ပြီး။
- ↑ "Wikipedia founder Jimmy Wales Rtv News"၊ Rtv news။
- 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Seth Finkelstein". - ↑ Sanger၊ Larry (November 1, 2005)။ [[[:တမ်းပလိတ်:GBurl]] "The Early History of Nupedia and Wikipedia: A Memoir"] တန်ဖိုး
|chapter-url=စစ်ဆေးရန် (အကူအညီ)။ in DiBona၊ Chris; Cooper၊ Danese; Stone၊ Mark (eds.)။ Open Sources 2.0: The Continuing Evolution။ O'Reilly Media, Inc.။ p. 312။ ISBN 978-0-596-00802-4။To be clear, the idea of an open source, collaborative/encyclopedia, open to contribution by ordinary people, was entirely Jimmy's, not mine, and the funding was entirely by Bomis. I was merely a grateful employee; I thought I was very lucky to have a job like that land in my lap. Of course, other people had had the idea...
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "utopia". - ↑ Tapscott၊ Don; Anthony D. (2008)။ Wikinomics။ Penguin Group။ p. 71။ ISBN 978-1-59184-231-6။ OCLC 263665459။
- ↑ Carson၊ Biz (March 13, 2016)။ The first words on Wikipedia were a nerdy programmer in-joke။ December 26, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
- 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Brian Bergstein". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Michael Singer". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "slashdot". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "resignation". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "digitaluniverse". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "seattle". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Parmy Olson". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "sanger-NYTimes". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Wikipedia Press Release of 2002". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Yahoo!". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "SangerLinks". - ↑ SXSW2006: Jimmy Wales, Uber Wikipedian။ Geek Entertainment TV (March 24, 2006)။ December 22, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "David Mehegan". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "William Paoletto". - ↑ Spence၊ Madeleine။ "Larry Sanger: 'I wouldn't trust Wikipedia — and I helped to invent it'"၊ August 1, 2021။
- ↑ "Wikipedia-Gründer Jimmy Wales nennt Tilo Jungs Fragen »dumm«" (in de)၊ Der Spiegel၊ 2025-11-15။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "cadenhead". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Dan Mitchell". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Rhys Blakely". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "roblimo". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "wikipedia@nyt". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "wikiworld". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "egypt". - ↑ Garside၊ Juliette။ "Jimmy Wales: digital champion of free speech"၊ August 3, 2014။
- ↑ Cadwalladr၊ Carole။ "Wikipedia's Jimmy Wales: 'It's true, I'm not a billionaire. So?' – interview"၊ February 7, 2014။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "arendse". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "karasz". - 1 2 Anderson၊ Jennifer Joline (2011)။ Wikipedia: The Company and Its Founders (1st ed.)။ Abdo Group။ p. 76။ ISBN 978-1-61714-812-5။ February 16, 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ February 24, 2016 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "bbc2010". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "BBCTech". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "cadelago". - 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "telegraph". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "WMFD". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "terdiman". - ↑ Wikimedia Foundation Bylaws။ Wikimedia Foundation (August 5, 2008)။ February 25, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။ “(F) Community Founder Trustee Position. The Board may appoint Jimmy Wales as Community Founder Trustee for a three-year term. The Board may reappoint Wales as Community Founder Trustee for successive three-year terms (without a term limit). In the event that Wales is not appointed as Community Founder Trustee, the position will remain vacant, and the Board shall not fill the vacancy.”
- ↑ Board of Trustees။ Wikimedia Foundation။ August 19, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2017 တွင် ပြန်စစ်ပြီး။ “Since 2008, the Board has seats for ten Trustees: one founder's seat (reserved for Jimmy Wales); two seats selected by the Wikimedia chapters and thematic organizations; three seats nominated by the Wikimedia community; and four seats appointed by the rest of the Board”
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "dw-world". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "ioltechnology". - ↑ Garfield၊ Simon (October 20, 2020)။ "What We Know and Can Agree On: Wikipedia at 20"။ Esquire။ October 20, 2020 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ February 16, 2021 တွင် ပြန်စစ်ပြီး။
- 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "moses". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "ryan". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Moses2". - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "bbcpaidediting". - 1 2 Mullin၊ Joe။ "Wikimedia Foundation director resigns after uproar over "Knowledge Engine""၊ February 29, 2016။
- ↑ "Jimmy Wales Joins Socialtext Board of Directors; Wikipedia Founder to Advise Leader in Enterprise Wiki Solutions" (သတင်းထုတ်ပြန်ချက်)။ SocialText။ October 3, 2005။ 26 December 2008 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2008-10-31 တွင် ပြန်စစ်ပြီး။
- ↑ Garlick, Mia။ "Creative Commons Adds Two New Board Members"၊ Creative Commons၊ March 30, 2006။ 2008-10-31 တွင် ပြန်စစ်ပြီး။ Archived from the original on 22 December 2008။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Anderson". - ↑ "Knox College Honorary Degrees 2 September 2006 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .", knox.edu. Retrieved on 2008-10-31.
- ↑ "EFF Honors Craigslist, Gigi Sohn, and Jimmy Wales with Pioneer Awards"၊ Kansas City infoZine News၊ April 28, 2006။ 2008-10-31 တွင် ပြန်စစ်ပြီး။ Archived from the original on 18 May 2019။
- ↑ "People: Advisory board", cci.mit.edu. Retrieved on 2008-10-31.
- ↑ Ewalt၊ David M.။ "The Web Celeb 25"၊ January 23, 2007။ 2008-10-31 တွင် ပြန်စစ်ပြီး။
- ↑ "Participants > Speakers > Jimmy Wales"၊ iCommonsSummit.org။ 2008-10-31 တွင် ပြန်စစ်ပြီး။ Archived from the original on 20 May 2008။
- ↑ "Corum announces Jimmy Wales as The Global Brand Icon of the Year Award"၊ MattBaily.ca၊ September 14, 2008။ 2008-10-31 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2008။
- ↑ "Die Quadriga Award for 'A Mission of Enlightenment' – 2008 15 September 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .", loomarea.com. Retrieved on 2008-10-31.
- ↑ "The Economist Innovation Awards and Summit"၊ economist.com၊ October 30, 2008။ 2008-11-08 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]| Commons မှ မီဒီယာများ | |
| ဝီကီသတင်းမှ သတင်းများ | |
| ဝီကီကိုးကားချက်မှ အဆိုအမိန့်များ | |
| ဝီကီရင်းမြစ်မှ ရင်းမြစ်စာသားများ | |
| ဝီကီဒေတာမှ ဒေတာများ | |
| မေတာ-ဝီကီမှ ဆွေးနွေးချက်များ | |
- Jimmy Wales 11 October 2004 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Wales' official blog
- User:Jimbo Wales, Wales' profile at the English Wikipedia
- Audio of interview with Wales about wikipedia on EconTalk podcast