မိုးညိုဦးကိုကိုကြီး

ဝီကီပီးဒီးယား မှ
မိုးညို ဦးကိုကိုကြီး
မွေးဖွားဇန္နဝါရီ(၂၆)ရက်၊ ၁၉၁၂ ခုနှစ်တွင်ပဲခူးတိုင်၊ သာယာဝတီခရိုင်၊ မိုးညိုမြို့တွင်မွေးဖွားပါသည်။
ကွယ်လွန်ဒီဇင်ဘာ(၂၁)ရက်၊ ၂၀၀၆ခုနှစ်၊ (၉၄)နှစ်အရွယ်တွင်၊ ရန်ကုန်၊ သုဝဏ္ဏမြို့တွင်ကွယ်လွန်အနိစ္စရောက်သည်။
ဌာနေရန်ကုန်၊ သုဝဏ္ဏမြို့။
နိုင်ငံလူမျိုးမြန်မာနိုင်ငံသား
ပညာရေးအိုင်အေတန်း၊ ရန်ကုန်တက္ကသိုလ်။
အလုပ်အကိုင်ပါလီမန်အတွင်းဝန်၊ ပြပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ (ဖဆပလခေတ်)။
နိုင်ငံရေးပါတီဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးပါတီ (တည်မြဲ)
သားသမီးဦးခင်မောင်ဦး၊ ဦးသြဘာသိန်းထွန်း၊ ဦးဂျီနီဗာမျိုးထွန်း၊ ဆန်နီကြည်ဝင်း၊ တော်မီရဲဝင်း ဟူ၍သား(၅)ဦးရှိပါသည်။
မိဘ(များ)မိုးညိုမြို့သူကြီး ဦးသောင်းဖေ နှင့်မြို့သူကြီးကတော် ဒေါ်အုန်း

မိုးညို ဦးကိုကိုကြီး[ပြင်ဆင်ရန်]

ဦးကိုကိုကြီးသည် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအစိုးရ(ဖဆပလ)လက်ထက်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရတွင် ပါလီမန်အတွင်းဝန်အဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။ သူသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွင် တာဝန်ရှိခဲ့သည့်ကာလအ တွင်း ကျောင်း၊ ဆေးရုံ၊ လူနေတိုက်ခန်းအိမ်ယာများ ဆောက်လုပ်ခြင်းများတို့တွင် တာဝန်ယူခဲ့သူတစ် ဦးအနေဖြင့်၊ တက်ကြွစွာဦးဆောင်အကောင်အထည်ဖေါ်နိုင်ခဲ့သူတဦးအဖြစ် လူသိများခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးတွင် တည်ရှိသော ရန်ကင်းမြို့သည် သူကြီးကြပ်ကွပ်ကဲသည့် အကြီးဆုံးနှင့် အစောဆုံး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည်။


မြန်မာနိုင်ငံတွင် စာအုပ်စုဆောင်းသူ အထင်ရှားဆုံးဝါသနာအိုးများထဲတွင် တစ်ဦးဖြစ်ခဲ့သည်ဟု လူအများကယုံကြည်ခဲ့ကြသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် သွားလာခဲ့သောပြည်ပကိုယ်စားလှယ် အဖွဲ့ခရီးစဉ်များအတွင်း ရှားပါးစာအုပ်ထောင်ပေါင်းများစွာကို ၀ယ်ယူစုဆောင်းခဲ့သည်။ ထိုစုဆောင်း ထားသောရှားပါးစာအုပ်များကိုမကွယ်လွန်မှီတွင်ရန်ကုန်တက္ကသိုလ်များစာကြည့်တိုက်သို့ပေးပို့လှူ ဒါန်းခဲ့သည်။ ပြည်ပခရီးစဉ်အမျာဆုံးသွားခဲ့သူ ထင်ရှားသောနိုင်ငံရေးသမားများထဲတွင် တဦးအပါအ၀င်ဖြစ်ခဲ့သောကြောင့် နိုင်ငံတကာဗဟုသုတကြွယ်ဝသူတဦးအဖြစ် လက်ခံခဲ့ကြပါသည်။ သူ၏ ဘဝ အစပိုင်းသည် နိုင်ငံရေးနှင့် နိုင်ငံအရေးကြီးတာဝန်များစွာတို့ကိုထမ်းဆောင်ခဲ့သော်လည်း၊ အသက် အရွယ်ကြီးရင့်ပိုင်းတွင် ဇာတာနှင့်နက္ခတ်ဗေဒင်(ဝေဒ)ပညာကို လေးလေးနက်နက်လေ့လာသင်ယူပြီး၊ လက်ရေးစာမူများစွာတို့ကို ရေးသားခဲ့ပါသည်။ မိမိတတ်ကျွမ်းသောပညာဖြင့်လည်း၊ မိတ်ဆွေသင်္ဂဟ များကို ကူညီဖြည့်စွမ်းနိုင်ခဲ့ပါသည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

၁၉၁၂ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ပဲခူးတိုင်းသာယာဝတီခရိုင်မိုးညိုမြို့တွင် အဖ မိုးညို မြို့သူကြီးဦးသောင်းဖေ နှင့်အမိ ဒေါ်အုန်းတို့မှ မွေးဖွားသောမွေးချင်း၊ သားသမီး(၇)ဦးအနက် အကြီးဆုံးသားကြီးသြရဿဖြစ်ပါသည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ မိသားစုနှင့်ဝေးကွာသွား မည်ကိုစိုးရိမ်သော သူ၏မိဘများ၏ကြောင့်ကြမှုများကြောင့် ကောလိပ်ပညာပြီးဆုံနိုင်ခွင့်မရရှိခဲ့ပေ။ ထို့ပြင် ထိုစဉ်ကာလမြန်မာနိုင်ငံနှင့်ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝအတွင်း ပေါ်ပေါက်နေခဲ့သော နိုင်ငံရေးနှင့် အမျိုးသားရေး လှုပ်ရှားမှုများ မြင့်တက်လာခြင်းကြောင့် လည်းနိုင်ငံအရေးအရာကိစ္စများ တွင်စိတ်ဝင်စားလာမှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။

ဗြိတိသျှကိုလိုနီနှင့် ဂျပန်တို့၏ သိမ်းပိုက်မှုကို ဆန့်ကျင်သည့် တော်လှန်ရေးများတွင် ပါဝင်ပတ်သက်မှု[ပြင်ဆင်ရန်]

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)တွင် (၁၉၄၁-၄၂) တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါ၀င်ခဲ့သည်။ ကိုလိုနီခေတ် နယ်ချဲ့ဗြိတိသျှအုပ်ချုပ်မှုနှင့် ဂျပန်တို့သိမ်းပိုက်မှုကို ဆန့်ကျင်ရာ တွင် တက်ကြွစွာပါဝင်ခဲ့သည်။ (ဘီအိုင်အေ) တွင် သူပါဝင်ပတ်သက်မှုမှာ ခေတ္တမျှသာဖြစ်ခဲ့သော်လည်း သာယာဝတီခရိုင် မြေအောက်တော်လှန်ရေးတွင်ဦးဆောင်တက်ကြွစွာပါ၀င်ခဲ့သည်။ သူ၏ ဇာတိမြို့ မိုးညိုတွင် "ဒို့ဗမာအစည်းအရုံး" အဖွဲ့ကြီး၏တက်ကြွသောအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်။

နိုင်ငံရေးပါဝင်မှုများ[ပြင်ဆင်ရန်]

ဗမာနိုင်ငံလုံးဆိုင်ရာဝန်ထမ်းပေါင်းစုံသမဂ္ဂတွင် (၁၉၄၆-၄၈) တွင်အထွေထွေအတွင်းရေးမှူးအဖြစ်၎င်း၊ ရန်ကုန်ခရိုင် ဆိုရှယ်လစ်ပါတီတွင် (၁၉၅၀-၅၇) ခရိုင်ခေါင်းဆောင်အဖြစ်၎င်း၊ မြန်မာ အလုပ်သမား သမဂ္ဂကွန်ဂရက် (၁၉၅၀-၅၇) အတွင်းရေးမှူးအဖြစ်၎င်း၊ (၁၉၅၁) ခုနှစ်နှင့် (၁၉၅၆) ခုနှစ်များတွင် မိုးညိုမဲဆန္ဒနယ်မှ လွှတ်တော်သို့ (ဖဆပလ-တည်မြဲအမတ်) အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရ သည်။ (၁၉၅၂)ခုနှစ်တွင် ရန်ကုန်တိုင်း ဖဆပလ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပြီး၊ ထိုအဖွဲ့ကြီးတွင် (၁၉၅၀-၅၇)အထိတာဝန်ယူခဲ့သည်။ ထိုမှတဖန် ပဲခူးတိုင်းအဖွဲ့တွင်လည်း အတွင်းရေးမှုးအဖြစ် (၁၉၅၈) ခုနှစ်မှ (၁၉၆၁)ခုနှစ်တိုင်အောင်တာဝန်ယူခဲ့ပါသည်။။


သို့သော် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီမှ (၁၉၆၂) ခုနှစ် မတ်လတွင် နိုင်ငံအာဏာကိုသိမ်းယူသောအခါ နောက်ဆုံးနိုင်ငံရေးတာဝန်များမှအနားယူခဲ့ရပါသည်။ တော်လှန် ရေးကောင်စီအိမ်စောင့် အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံတော်ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းရပ်အချို့တို့တွင် အကြံပေးတာဝန်ကို ထမ်းဆောင်ရန် ရံဖန်ရံခါ ဆင့်ခေါ်တာဝန်ပေး အပ်ခြင်းခံခဲ့ရပါသည်။ ထိုစဉ်တခုတည်းသောဦးဆောင်ပါတီကြီးဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ပါတီဝင်အဖြစ်တခါဖူးမျှ မပါဝင်ဖူးသော်လည်း၊ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပြည်သူ့ ကောင်စီ (တရားစီရင်ရေးကော်မတီဝင်) တွင် ကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်တာဝန်ပေးခြင်း ခံခဲ့ရသည်။  ထိုနောက် ကျောက်တံတားမြို့နယ်သမဝါယမအသင်းတွင် ဒုတိယဥက္ကဋ္ဌ တာဝန်ပေးအပ် ခြင်းခံရသည်။ ထိုစဉ်ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် သမဝါယမအသင်းသည် နိုင်ငံစည်းပွားရေး၏ပင်မ ကျောရိုးဒေါက်တိုင်အဖြစ်၊ ပြည်သူစားသုံးကုန်ပစ္စည်းထုတ်ဝေဖြန့်ချိရာတွင်အခရာကျသော စီးပွားရေး အဖွဲ့အစည်းတခုဖြစ်ခဲ့ပါသည်။ ထိုမှ ဗဟိုသမဝါယမအသင်း၏ ကောင်စီဝင်ဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူ့ဝန်ထမ်းအဖြစ်ထမ်းဆောင်ခဲ့သောတာဝန်များ[ပြင်ဆင်ရန်]

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဘုတ်အဖွဲ့၊ ဘုတ်အဖွဲ့ဝင် အဖြစ် (၁၉၅၄-၅၈)နှစ်များ၊ ဆိပ်ကမ်းစုစမ်းရေးကော်မရှင်အဖွဲ့ဝင်အဖြစ် (၁၉၅၁-၅၃)ခုနှစ်များ၊ အမျိုးသားမြို့ပြနှင့်နိုင်ငံ့အိမ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် (၁၉၅၂-၅၇)ခုနှစ်များအတွင်း တာဝန်ယူထမ်းဆောင်ခဲ့ပါ သည်။


၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းတာဝန်ယူပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ (ဝန်ကြီး ဗိုလ်မှူးကြီးသန်းစိန်လက်ထက် ၁၉၆၈ ခုနှစ်) တွင် သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတွင် အထူးအရာရှိတာဝန် (OSD) ခေါ်ယူတာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုတာဝန်ယူစဉ် ကုန်လမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၊ ရေကြောင်းပို့ဆောင်ရေး၊ ရန်ကုန်မြူနီစီပယ်ကော်မီတီ၊ မြို့ပြလမ်းများဆိုင်ရာကော်မီတီများတွင် ညှိနှိုင်းအကြံပေးရေးတာဝန်များ ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုတာဝန်ကို (၁၉၇၂)ခုနှစ်မှစ၍  သက်ပြည့်အငြိမ်းစားယူသည်အထိထမ်း ဆောင်ခဲ့သော်လည်း လစာအခွင့်အရေးတစုံတရာရယူခဲ့ခြင်းမရှိခဲ့ပါ။

ထင်ရှားသော နိုင်ငံတကာဆု[ပြင်ဆင်ရန်]

၁၉၅၆၊ အီသီယိုးပီးယားနိုင်ငံဘုရင်မင်းမြတ်မှချီးမြှင့်သော Mannelik II။

နိုင်ငံတကာ အတွေ့အကြုံများ[ပြင်ဆင်ရန်]

၁၉၄၈-၅၇ ခုနှစ်များအတွင်း အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသို့ မြန်မာအစိုးရ၏တရားဝင်ကိုယ်စားလှယ် အဖြစ်၎င်း၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖြစ်၎င်း၊ အဖွဲ့ဝင်အဖြစ်အကြိမ်ကြိမ်လိုက်ပါခဲ့ပါသည်။၊ (၁၉၅၁)ခုနှစ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ILO ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ (၁၉၅၁-၅၃) နှစ်များတွင် ထို ILO  အဖွဲ့ကြီး၏ အာရှဒေသဆိုင်ရာအကြံပေး ကော်မီတီကြီးတွင်၊ အဖွဲ့ဝင်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထို့အပြင် တရုတ်၊ USSR၊ ပိုလန် နှင့် ချက်ကိုစလိုဗက်ကီးယား နိုင်ငံတို့သို့ ပါတီနိုင်ငံရေးခရီးစဉ်များနှင့်အစိုးရအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ များတွင်လည်း အဖွဲ့ဝင် အဖြစ်ပါ၀င်သွားရောက်ခဲ့ရပါသည်။ အနောက်ဥရောပနိုင်ငံများနှင့် ဗြိတိန်နိုင်ငံ တို့သို့လည်း နိုင်ငံရေးကိုယ်စားလှယ်အဖွဲ့များတွင်လည်း၊ ထိုကာလများအတွင်း အဖွဲ့ဝင်အဖြစ်လိုက်ပါ ပြီးအရေးကြီးတာဝန်များထမ်းခဲ့ရပါသည်။ (၁၉၅၄)ခုနှစ်တွင် ထိုင်းနိုင်ငံဆိုင်ရာ အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့်တရားဝင်တွေ့ဆုံရသောအစည်းအဝေးသို့ စေလွှတ်ရာတွင်၊ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားရောက်ခဲ့ရပါသည်။ (၁၉၅၆)ခုနှစ်တွင် ဘုံဘေမြို့တွင်ကျင်းပသော အာရှဆိုရှယ်လစ်ညီလာခံသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါသေးသည်။ (၁၉၅၇)ခုနှစ်တွင်ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ၏အဖွဲ့ဝင်အဖြစ်လည်းတက်ရောက်ခဲ့ပါသည်။

ပုံနှိပ်စာအုပ်ရေးသားထုတ်ဝေခဲ့မှုများ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်တွင် မြန်မာဘာသာဖြင့် "အိန္ဒိယယနေ့"၊ ၁၉၄၉ ခုနှစ် မြန်မာဘာသာဖြင့် "ဒီမိုကရေစီသစ်"။

အိမ်ထောင်နှင့် နေထိုင်ခဲ့သောနေရာများ[ပြင်ဆင်ရန်]

ပထမအိမ်ထောင်မှာ ဒေါ်အမာကြည်ဖြစ်ပါသည်။ ဒေါ်အမာကြည်ကွယ်လွန်ပြီး နှစ်အနည်းငယ်အ ကြာတွင် ဒုတိယအိမ်ထောင်အဖြစ် ဒေါ်စိန်ရင်၊ B.Com., RA နှင့်အကြောင်းပါပြီး၊ စုစုပေါင်းသား (၅)ဦးထွန်းကားခဲ့ပါသည်။ ပထမဆုံးနေထိုင်ခဲ့သောနေအိမ်မှာ သရက်တောလမ်းသွယ်၊ သင်္ဃန်း ကျွန်းမြို့၊ ရန်ကုန် ဖြစ်ပါသည်။။ ယင်းနောက် ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုမှတဖန် တောင်ဥက္ကလာပမြို့ (မြင်းသာစုပေါင်းအိမ်ယာ) နှင့် ပဲခူးတိုင်း၊ မင်းလှ မြို့တို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြန်သည်။ ယင်းနောက် သုဝဏ္ဏမြို့ (ရန်ကုန်) တွင်နောက်ဆုံးကွယ် လွန်ချိန်အထိနေထိုင်ခဲ့ပါသည်။ (ဖဆပလ)အစိုးရအဖွဲ့တွင် အိုးအိမ်ထူထောင်ရေးအဖွဲ့ကြီးတွင် ရာထူး အကြီးဆုံးထမ်းဆောင်ခဲ့သော်လည်း၊ အစိုးရအပြောင်းအလဲတွင်ရာထူးမှထွက်ရချိန် ကိုယ်ပိုင်နေအိမ် မရှိခဲ့ပါ။

ကိုးကားချက်များ[ပြင်ဆင်ရန်]

[၁]Who's Who in Burma (2nd ed.). 546, Merchant Street, Rangoon, Burma: People's Literature Committee & House. August 1, 1961. pp. 37–38.

[၂]ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ သမိုင်းသုတေသနဦးစီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။ (၁၉၉၂ ခုနှစ်)။ ခေတ်ရေစီးကြောင်းထဲမှပုဂ္ဂိုလ်များ (in Burmese.) Yangon, Myanmar (စာမျက်နှာ (၂၉ )။

  1. Who's Who in Burma (2nd ed.). 546, Merchant Street, Rangoon, Burma: People's Literature Committee & House. August 1, 1961. pp. 37–38.