မာတိကာသို့ ခုန်သွားရန်

မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍

ဝီကီပီးဒီးယား မှ
မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍
အခြေခံအချက်အလက်
ဒါရိုက်တာစံရွှေမောင်
ဓာတ်ပုံနိုင်နုရှိန်(ဖထီး)
ကြာမြင့်ချိန်
၁၄၅ မိနစ်
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၂၀၀၅ (၂၀၀၅)

မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၀၅ ခုနှစ်တွင် ပြသခဲ့ပြီး ဒါရိုက်တာ စံရွှေမောင်မှ ရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားဖြင့် ရုပ်ရှင်ဓာတ်ပုံဆုကို နိုင်နုရှိန်(ဖထီး)မှ ရရှိခဲ့သည်။[]


ဇာတ်ကြောင်း

[ပြင်ဆင်ရန်]

ရုပ်ရှင်သည် သူ၏အိပ်မက်များသည် အနာဂတ်၏ နိမိတ်များဖြစ်နေသော လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

ဇာတ်လမ်းတွင် ဇာတ်ဆောင်သည် ထပ်ပြန်တလဲလဲမက်နေသော အိပ်မက်ဆိုးတို့၏ ခြောက်လှန့်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဖြစ်သည်။ သူ၏အိပ်မက်တွင် မြစ်ထဲတွင်မျောနေသော အရာတစ်ခုသည် အမြဲတမ်း သူအနီးသို့ တဖြည်းဖြည်းရောက်လာသည်။ သူသည် စိတ်သက်သာမှုရစေရန် စိတ်ကျန်းမာရေးဆရာဝန်ထံသို့ သွားရောက်ခဲ့သည်။ အတိုချုံးရလျှင် စိတ်ဝေဒနာမှ လွတ်မြောက်ရာရှာသူ ထိုအမျိုးသားသည် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ၍ ချစ်ခြင်းတွင် အဆုံးသတ်ခဲ့သည်။

ဇာတ်ဆောင်

[ပြင်ဆင်ရန်]

နိုင်ငံတကာ၌ပြသခြင်း

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်ခဲ့သော[] ထိုရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဩဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ စင်္ကာပူနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံ ရုပ်ရှင်ပွဲတော်၌ ပြသားခဲ့သည်။ []


ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Myanmar Times & Business Reviews 25 April 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 April 2017 တွင် ပြန်စစ်ပြီး။
  2. Film & Workshop Synopses - Singapore Institute of International Affairs August 13, 2006, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .