မန္ဒာရဝပုပ္ဖပူဇက

ဝီကီပီးဒီးယား မှ

အရှင်မန္ဒာရဝပုပ္ဖပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ မန္ဒာရဝပုပ္ဖပူဇကထေရ်သည် နတ်သား ဖြစ်၏။ ထိုနတ်သားသည် မန္ဒာရဝနတ်ပန်းဖြင့် မြတ်စွာဘုရားကို ပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ဆယ်ခုမြောက်ကမ္ဘာထက်တွင် “ဇုတိန္ဓရ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မန္ဒာရဝပုပ္ဖပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်