မာတိကာသို့ ခုန်သွားရန်

မဇ္ဈပဒေသပြည်နယ်

ဝီကီပီးဒီးယား မှ
မဇ္ဈပဒေသ
ပြည်နယ်
မဇ္ဈပဒေသပြည်နယ်
Mahakaleshwar Jyotirlinga
Khajuraho Group of Monuments
Gwalior ခံတပ်
စကျင်ကျောက်တောင်များ
Bhimbetka Rock Shelters
Great Stupa of Sanchi
ခန်ဟာ အမျိုးသားဥယျာဉ်
  • ပြည်နယ် စည်းတံဆိပ်ပုံ

Emblem of မဇ္ဈပဒေသ
အမည်ရင်းမြစ်: "အလယ်ပိုင်းပြည်နယ်"
နာမည်ပြောင်(များ): "အိန္ဒိယ၏ နှလုံးသား"
ဆောင်ပုဒ်: Satyameva Jayate (Sanskrit)
"Truth alone triumphs"
အထိမ်းအမှတ်သီချင်း: Mera Madhya Pradesh (ဟင်ဒီ)[]
"My Madhya Pradesh"
The map of India showing မဇ္ဈပဒေသ
Location of မဇ္ဈပဒေသ in India
Country အိန္ဒိယ
Regionဗဟိုအိန္ဒိယ
Before wasCentral Provinces and Berar
Formation1 November 1956
CapitalBhopal
Largest cityIndore
Districts၅၅ (ပြည်နယ်ခွဲ ၁၀ ခု)
အစိုးရ
  အစိုးရအဖွဲ့Government of မဇ္ဈပဒေသ
  GovernorMangubhai C. Patel
  Chief ministerMohan Yadav (BJP)
  Deputy chief ministerRajendra Shukla
Jagdish Devda (BJP)
ဧရိယာ
  စုစုပေါင်း၃၀၈၂၅၂ စတုရန်းကီလိုမီတာ (၁၁၉၀၁၇ စတုရန်းမိုင်)
ဧရိယာအဆင့်ဒုတိယ
ထုထည်
  အလျား၆၀၅ ကီလိုမီတာ (၃၇၆ မိုင်)
  အနံ၈၇၀ ကီလိုမီတာ (၅၄၀ မိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၀၀ မီတာ (၁၃၀၀ ပေ)
အမြင့်ဆုံး နေရာ (Dhupgarh[])၁,၃၅၂ မီတာ (၄၄၃၆ ပေ)
အနိမ့်ဆုံး နေရာ၉၀ မီတာ (၃၀၀ ပေ)
လူဦးရေ (၂၀၁၁)[]
  စုစုပေါင်းNeutral increase ၇,၂၅,၉၇,၅၆၅
  အဆင့်ပဉ္စမ
  သိပ်သည်းမှု၂၄၀/km (၆၀၀/sq mi)
  Urban၂၇.၆၃%
  Rural၇၂.၃၇%
Demonym(s)Madhya Pradeshis
Language
  Officialဟင်ဒီ[]
  Official scriptDevanagari script
GDP[]
  Total (၂၀၂၃–၂၄)Neutral increase၁၅.၁၃ trillion (US$၂၄၀ ဘီလီယံ)
  Rankဒသမ
  Per capita၁၅၆၃၈၁ (US$၂၄၃၈) (2023–24)[] (၂၆ ခု မြောက်)
အချိန်ဇုန်IST (UTC+05:30)
ISO 3166 ကုဒ်IN-MP
ယာဉ်မှတ်ပုံတင်MP
HDI (၂၀၂၂)Increase ၀.၆၁၁ Medium[] (၃၂ ခု မြောက်)
Literacy (2024)၇၅.၂%[] (34th)
Sex ratio (2011)970/1000 [] (15th)
ဝက်ဘ်ဆိုဒ်mp.gov.in

မဇ္ဈပဒေသပြည်နယ် (ဟင်ဒီ: [ˈmədʱjə pɾəˈdeːʃ] ( )) သည် အိန္ဒိယပြည်ထောင်စုတွင် ပါဝင်သော ပြည်နယ်တစ်ခုဖြစ်၍ ရှေးဗြိတိသျှလက်ထက်က ဗဟိုစီရင်စုနှင့် ဝိဟာရ်အလယ်ပိုင်းပြည်နယ်စုနှင့် ဗီရာနယ်တို့ကို ခေါ်ဝေါ်သော အမည်သစ်ပင်ဖြစ်၏။ ၁၉၅၆ ခုနှစ်၌ အိန္ဒိယနိုင်ငံရှိ ပြည်နယ်များကို နယ်နိမိတ် ပြန်လည် သတ်မှတ်ပြီးသည်နောက် ယခုအခါ မဇ္ဈဒေသပြည်နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၁၇၁,၂၁၀ ကျော်ရှိသည်။

အမည်နာမ အဓိပ္ပါယ်

[ပြင်ဆင်ရန်]

မဇ္ဈပဒေသ အမည်သည် သက္ကတဘာသာစကားဖြစ်ပြီး မဇ္ဈ (အလယ်၊ ဗဟို) နှင့် ပဒေသ (ဒေသ၊ တိုင်း၊ ပြည်နယ်) ဟူ၍ အဓိပ္ပါယ်ရသောကြောင့် အပြည့်အစုံအားဖြင့် " အလယ်ပိုင်းပြည်နယ်" ဟု ဆိုလိုခြင်းဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ခရစ် ၁၈၅၃ ခုနှစ်၌ နဂ္ဂပူမှ မရတ္ထာရာဇာ လွန်လေသော် ယင်းနယ်ကို ဗြိတိသျှအုပ်ချုပ်ခံနယ်အဖြစ် သိမ်းပိုက်ကြေညာခြင်းခံရ၏။ ၁၈၆၁ ခုနှစ်တွင် ဆောဂူးနှင့် နာဗဒ္ဒနယ်များနှင့်ပေါင်းလျက် တစ်ခုလုံးသည် အလယ်ပိုင်းနယ်စုဟုတွင်လာ၏။ ၁၉ဝ၂ ခုနှစ်တွင် ဗီရာနယ်ကို အလယ်ပိုင်းနယ်စုတွင် သွတ်သွင်းလိုက်၏။ ဗီရာနယ်မှာ ရှေးအခါက ဟိုက်ဒရာဗတ်မှ နိုင်ဇမ် အုပ်ချုပ်ခံနယ် ဖြစ် သော်လည်း ယင်းနယ်ကို ကောင်းစွာ မထိန်းသိမ်းနိုင်သောကြောင့် ဗြိတိသျှတို့၏လက်အောက် ဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း၊ ၁၉၃၆ ခုနှစ်၌ ဗြိတိသျှနှင့် နိုင်ဇမ်(စော်ဘွား)တို့ နှစ်ဦး နှစ်ဖက် သဘောတူရေး ထိုးသော စာချုပ်အရ ဗီရာနယ်တွင် နိုင်ဇမ်၏ ဩဇာအာဏာကို အသိအမှတ်ပြုခဲ့ ၏။ ၁၉၂ဝ ပြည့်နှစ်တွင် ဘုရင်ခံ အုပ်ချုပ်သော နယ်ဖြစ်ပြီးလျှင် ၁၉၃၇ ခုနှစ်၌ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရရှိသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိသည်တွင် အိန္ဒိယနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ယခင်ကအလယ်ပိုင်း ပြည်နယ်စုနှင့် ဗီရာနယ်သည် မဇ္ဈဒေသ ပြညနယ်ဟူသော အမည်သစ်ကို ရရှိလေသည်။ ၁၉၅၆ ခုနှစ်၌ အိန္ဒိယနိုင်ငံရှိပြည်နယ်များကို ပြန်လည်သတ်မှတ်ရာ၌ ယခု အလယ်ပိုင်း ပြည်နယ်စု၏ မြို့တော် နဂ္ဂပူမြို့သည် ဘုံဘိုင်နယ်တွင်းသို့ ပါဝင်သွား၍ မဇ္ဈဒေသ ပြည်နယ်၏ မြို့တော်မှာ ဗိုပါမြို့ ဖြစ်လာသည်။

ယခုအခါ မဇ္ဈဒေသ ပြည်နယ်တွင် ဘုရင်ခံအုပ်ချုပ်၍ သီးခြား လွှတ်တော်တစ်ရပ်၊ ဝန်ကြီးအဖွဲ့၊ တရားလွှတ်တော်၊ ရာထူးဝန်အဖွဲ့ စသည်တို့ရှိသည်။ အိန္ဒိယ ပြည်ထောင်စု အထက်လွှတ်တော်သို့ ကိုယ်စားလှယ် ၁၆ ဦးနှင့် အောက်လွှတ်တော်သို့ ကိုယ်စားလှယ်၃၆ ဦး စေလွှတ်ရသည်။[၁၀]

ပထဝီဝင်

[ပြင်ဆင်ရန်]

တည်နေရာနှင့် မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

မဇ္ဈပဒေသဟူသော အမည်နှင့်အညီ အိန္ဒိယနိုင်ငံ၏ အလယ်ပိုင်း အချက်အချာဒေသတွင်တည်ရှိ၏။ အရှေ့မြောက်ဘက်တွင် ဗီဟာ ၊ အရှေ့တောင်ဘက်တွင် ဩရိဿ၊ တောင်ဘက်အရှေ့ယွန်းယွန်းတွင် အန္ဓရဒေသ၊ အနောက်တောင်ဘက်တွင် ဘုံဘိုင်ပြည်နယ် ၊ အနောက်မြောက်ဘက်တွင် ရာဇဌာန်၊ မြောက်ဘက်တွင် ဥတ္တရဒေသပြည်နယ်များဖြင့် ပတ်ရံလျက်ရှိသည်။ မဇ္ဈဒေသပြည်နယ်၏ ရုံးစိုက်မြို့သည် ဗိုပါမြို့ဖြစ်၏။ ဝိန္ဓိယတောင်တန်းနှင့် ဆတ်ပူရတောင်တန်းများသည် မဇ္ဈဒေသပြည်နယ်တွင် အနောက်မြောက်ဘက်၌ ပြတ်တောင်းပြတ်တောင်းတည်ရှိသည်။ မဟာနဒီမြစ်၏ အထက်ပိုင်းသည် ဤပြည်နယ်တွင်ပါဝင်သည်။

ရာသီဥတု

[ပြင်ဆင်ရန်]

ရာသီဥတုအားဖြင့်မူ ကုန်မြင့်၌ အပူအအေးညီမျှ၍ မြစ်ဝှမ်း၌မူ အိုက်သည်။ မိုးအသင့်အတင့် ရွာသည်။

သယံဇာတ၊ တွင်းထွက်ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]

မဇ္ဈပဒေသပြည်နယ်မှ သံရိုင်း၊ မန်ဂနိ ၊ မဂ္ဂနီဆိုက် ၊ ဗောက်ဆိုက် ၊ ကျောက်မီး သွေးစသည်တို့ ထွက်သည်။ လယ်ယာစိုက်ပျိုးခြင်းသည် အဓိကလုပ်ငန်းဖြစ်လျက ဆန်စပါး၊ ဂျုံ၊ နှံစားပြောင်း၊ ဝါဂွမ်း၊ လူး၊ ဆပ်တို့ထွက်၏။ ဘိလတ်မြေလုပ်ငန်း သည် လုပ်ငန်းကြီးတစ်ခု ဖြစ်၏။

လမ်းပန်းဆက်သွယ်မှုနှင့် လူဦးရေစာရင်း

[ပြင်ဆင်ရန်]

လမ်းပန်းဆက်သွယ်ရေးအားဖြင့် မီးရထားလမ်း ကောင်းများ၊ မော်တော်ကား လမ်းကောင်းများရှိ၏။ မဇ္ဈဒေသပြည်နယ်တွင် နေထိုင်သူ အများစုမှာ ဟိန္ဒူလူမျိုးများဖြစ်၍ အများပြော စကားမှာလည်း ဟင်ဒီဘာသာစကားဖြစ်၏။ ပြည်နယ်တွင်းရှိ လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၂၆၇၁၆၃၇ ဖြစ်၏။

ကိုးကား

[ပြင်ဆင်ရန်]
  1. "MP: State Song to be Sung Along with National Anthem"Outlook။ 12 October 2010။ 21 March 2020 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 21 March 2020 တွင် ပြန်စစ်ပြီး
  2. Kohli၊ M. S. (2002)။ Mountains of India: Tourism, Adventure and Pilgrimage (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Indus Publishing။ ISBN 978-81-7387-135-1
  3. 2011 Census of India 17 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 September 2012 တွင် ပြန်စစ်ပြီး။
  4. Report of the Commissioner for linguistic minorities: 47th report (July 2008 to June 2010) 122–126။ Commissioner for Linguistic Minorities, Ministry of Minority Affairs, Government of India။ 13 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2012 တွင် ပြန်စစ်ပြီး။
  5. MOSPI State Domestic Product, Ministry of Statistics and Programme Implementation, Government of India (15 March 2021)။ 15 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 March 2021 တွင် ပြန်စစ်ပြီး။
  6. Economic Survey of Madhya Pradesh 2021–22 Department of Planning, Economics & Statistics, Madhya Pradesh။ 27 March 2022 တွင် ပြန်စစ်ပြီး။
  7. India: Subnational HDI 8 June 2025 တွင် ပြန်စစ်ပြီး။
  8. "Appendix-A: Detailed tables, Table (7): Literacy rate (in per cent) of persons of different age groups for each State/UT (persons, age-group (years): 7 & above, rural+urban (column 6))"။ Annual Report, Periodic Labour Force Survey (PLFS) (July 2023 – June 2024) (PDF)။ National Sample Survey Office, Ministry of Statistics and Programme Implementation, Government of India။ 23 September 2024။ pp. A-10။
  9. Sex ratio of State and Union Territories of India as per National Health survey (2019–2021) 8 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2023 တွင် ပြန်စစ်ပြီး။
  10. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၅)။ "မဇ္ဈပဒေသပြည်နယ်"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း