မင်းမြောက်တန်ဆာ

ဝီကီပီးဒီးယား မှ
(မင်းမြှောက်တန်ဆာ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

မင်းမြှောက်တန်ဆာဟူသည် မင်းဧကရာဇ်တို့၏ အဆောင်အယောင်ကို ခေါ်သည်။ ရေမြေသေဌ်နင်း ဘုရင်မင်းတို့ ဘိသိက်မင်္ဂလာ အခါ တော်၌ ဆင်ယင်ကိုင်စွဲရသော အဆောင်အယောင် ငါးပါးကို မင်းမြောက်တန်ဆာ ငါးပါးဟု ခေါ်သည်။ ယင်းတို့မှာ-

  1. သန်လျက်
  2. ထီးဖြူ
  3. မကိုဋ် (သင်းကျစ်)
  4. ခြေနင်း
  5. သားမြီးယပ် တို့ဖြစ်သည်ဟု မြန်မာအဘိဓာန်ကျမ်း၌ ဖော်ပြထားသည်။


ယင်းတို့သည် ပြည့်ရှင်မင်းတို့၏ ရတနာအပေါင်းတို့ထက် ပြဋ္ဌာန်းသော ရတနာဖြစ်ခြင်းကြောင့် ပဋ္ဌာနရတနာ မည်သည်။ မင်းအပေါင်း တို့သည် ထီးဖြူကို ဆောင်းမိုးလျက် ရင်ခွင်ထက် သားမြီးယပ် ကို ပိုက်၍ နဖူးပြင်ဝယ် တင့်တယ်စွာ သင်းကျစ်ကို ဆင်ယင် ပြီးလျှင် ခြေ၌ ခြေနင်းစီးကာ သန်လျက်စွဲကိုင်၍ အဘိသိက် မင်္ဂလာ ခံယူကြသည်။ ရဟန်းတွင် သိက္ခာ၊ မင်းတွင် ဘိသိက် ဟု ဓညဝတီ အရေးတော်ပုံကျမ်း၌ ဆိုသောကြောင့် မင်းမြောက်တန်ဆာ ငါးပါးတို့ကို ဆင်ယင်သုံးစွဲလျက် သုံးပါး သော ရာဇဘိသိက်ခံသောမင်းကိုသာ မင်းဟုသမုတ်အပ်ကြောင်း ဖြင့် ရာဇဝင်တို့၌ ဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)