ခြေနင်း

ဝီကီပီးဒီးယား မှ

ခြေနင်း[ပြင်ဆင်ရန်]

ခြေနင်းဟူသည်ကား ခြေဦးစွပ် ခြေနှောင့်စွပ်ရှိသော စီးနင်းသုံးဆောင်အပ်သည့် မင်းတို့ အဆောင်အယောင်တစ်ပါး ဖြစ်သည်။ မင်းမြှောက်တန်ဆာ ငါးပါးအနက် မင်း၏ မကွေ မကွာ မပြတ်သုံးဆောင်အပ်သော ဘဏ္ဍာဖြစ်သောကြောင့် မင်း၏ ကိုယ်အစိတ်အဝက်နှင့် တူသည်။ ထိုကြောင့် မန္ဓာတု ဇာတ်၌ သားတော်ကြီး ရတနာသည် ခမည်းတော် မန္ဓာတ်မင်း တာဝတိံသာနတ်ပြည်၌စံနေတော်မူစဉ် ခမည်းတော် မန္ဓာတ်မင်း ခြေနင်းကို ရာဇပလ္လင်၌တင်ထားပြီး ခမည်းတော်အရာ၌ တည် စေ၍ တိုင်းပြည်မြေပြင်အလုံးကို ဆုံးမကြောင်း၊ ရာမဇာတ်၌ လည်း ရာမမင်း တောအရပ်မှ မပြန်လည်မီ ရာမမင်း၏ခြေနင်း ကို ရာဇပလ္လင်၌ တင်ထားပြီးလျှင် မင်း၏အရာ တည်စေ၍ တိုင်းပြည်အလုံးကို ဆုံးမကြောင်း ဆိုသည်။ သုတ္တနိပါတ် အဋ္ဌကထာ၌ ဗုဒ္ဓမတညု ဆရာတို့ မိန့်ဆိုတော်မူသည်နှင့် အညီ မုဒ္ဓါဘိသိက် ခံယူကုန်ပြီးသော ရေမြေသေဌ်နင်း ပြည့်ရှင်မင်း တို့သည် တရားဆုံးဖြတ်ရာ ရွှေလွှတ်တော်သဘင်၌ အကြောင်း မညီညွတ်၍ မတက်ရောက်နိုင်သောအခါ တရားကျမ်းဂန် ထုံးစံ ကို မပျက်စေမူ၍ ရွှေခြေနင်းကို ရာဇပလ္လင်၌ ထားသင့်သည်ဟု ဆိုသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)