သားမြီးယပ်

ဝီကီပီးဒီးယား မှ

သားမြီးယပ်ဟူသည်ကား စာမရီမည်သော သားကောင် ၏ အမြီးကို ပတ္ဂမြားဖြင့်စီအပ်သော ရွှေရိုး၊ သို့မဟုတ် ရွှေစင် တစ်ခဲနက် ခုတ်လုပ်အပ်သော အရိုးဖြင့်တပ်၍ ယပ်ကဲ့သို့ မင်းတို့ ကိုင်စွဲသုံးဆောင်သည့် မင်းအဆောင်အယောင် မင်းမြှောက်တန်ဆာ တစ်ပါး ဖြစ်သည်။ သာမန်သားကောင်၏ အမြီးဖြင့်လည်း ပြုလုပ်လေ့ ရှိကြောင်းဖြင့် ဇာတ်နိပါတ်တို့၌ ဆိုသည်။ သို့ရာတွင် စာမရီ သားမြီးသည် မင်းဖွယ် စိုးထိုက် တင့်တယ်လျောက်ပတ်သဖြင့် ယင်းဖြင့်သာ လုပ်ဆောင်ကြလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)