ဘဲခေါင်းပန်းရောင်
| ဘဲခေါင်းပန်းရောင် | |
|---|---|
| Mounted specimen at National Museum of Scotland | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Anseriformes |
| မျိုးရင်း: | Anatidae |
| မျိုးရင်းသေး: | Anatinae |
| မျိုးစု: | Rhodonessa L. Reichenbach, 1853 |
| မျိုးစိတ်: | R. caryophyllacea |
| ဒွိနာမ | |
| Rhodonessa caryophyllacea | |
| Distribution of records of this species | |
| Synonyms | |
|
Anas caryophyllacea | |
ဘဲခေါင်းပန်းရောင်
[ပြင်ဆင်ရန်]Pink-headed Duck ကမ္ဘာပေါ်၌ ၁၉၄၈-၁၉၄၉-ခုနှစ်၊ နောက်ပိုင်းတွင် မတွေ့တော့သည့် ဘဲမျိုးစိတ် တမျိုး ဖြစ်သည်။ တချို့ငှက်သမားများက ရှိနိုင်သေးသည်ဟု ယူဆကြပြီး တချို့လည်း လုံးဝ မျိုးသုဉ်းသွားပြီဟု ယူဆထားကြသည်။
ထိုဘဲခေါင်းပန်းရောင် မျိုးစိတ်ကို မှတ်တမ်းများအရ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံများမှာ တွေ့ရတတ်သည်။ အိန္ဒိယနိုင်ငံမှလွဲရင် ကျန်နိုင်ငံများတွင် တွေ့ရခဲပြီး အရေအတွက်နည်းပါးလှသည်။ အဲဒီခေတ်ကာလတွေမှာ ဒီဘဲမျိုးစိတ်တွေကို လေ့လာခဲ့တဲ့ 1990အလွန်ကာလတွေတုန်းက မြန်မာနိုင်ငံထဲက ဧရိယာတချို့ ကချင်ပြည်နယ်နဲ့မန္တလေးမှာ တွေ့ရှိတဲ့ မှတ်တမ်း အနည်းငယ်ရှိခဲ့တယ်။ 2003ခုနှစ်မတိုင်ခင်မှာ အဲ့ဒီဒေသတွေမှာ ဘဲခေါင်းပန်းရောင်ရဲ့ အခြေအနေကိုသိရဖို့ ဂျို့ဗန်ဒါဗန်တို့လို ဆရာကြီးတွေက 2000,2001,2002,2003 ခုနှစ်တွေမှာ သွားရောက်ခဲ့သော်လည်း 2003-2005ခုနှစ်တွေမှာ Birdlife international နဲ့ မြန်မာပြည်က BANCA တို့ ပူးပေါင်းပြီး ကချင်ပြည်နယ် အနိမ့်ပိုင်းက ရေဝပ်ဒေသတွေမှာ ရှာဖွေမှုတွေလုပ်ခဲ့ကြပါသေးသည်။ ပထမဆုံးBirdlife International/BANCA စစ်တမ်းကို 2003ခုနှစ် 4လပိုင်းလောက်မှာ မြစ်ကြီးနားနဲ့ဗန်းမော်ကြား ဧရာဝတီမြစ် အနီးအနားက ရေဝပ်ဒေသတွေမှာ ရှာခဲ့ကြတယ်။နောက် ဒုတိယတခုအနေနဲ့ 2003 11လပိုင်းလောက်မှာပဲ တနိုင်းမြစ်ရယ် သူနဲ့ဆက်စပ်တဲ့ မြစ်ကျိုးအင်းတွေရယ်မှာ ဆက်လက်ရှာဖွေခဲ့ကြပြီး တတိယတခုအနေနဲ့ 2004နှစ်ကုန်ပိုင်းမှာ တနိုင်းမြစ်နဲ့ သူနဲ့ဆက်စပ်တဲ့ မြစ်ကျိုးအင်းတွေအပြင် အင်းတော်ကြီး နဲ့ အနီးအနားမှာရှိတဲ့ နောင်ခွင်းအင်းဒေသတွေမှာပါ ထပ်တိုးရှာဖွေခဲ့ကြတယ်။ လေးကြိမ်မြောက်ကိုတော့ 2005 10လပိုင်းကနေ 11လပိုင်းထိ ကာမိုင်းဒေသ မိုးကောင်းမြစ်နဲ့ ဟူကောင်း ကျားထိန်းသိမ်းရေး ဧရိယာထိ ရှာဖွေမှုတွေလုပ်ခဲ့ကြတယ်။ သမိုင်းကြောင်းအရတော့ 1950မတိုင်ခင်မှာ မြန်မာနိုင်ငံမှာ မှတ်တမ်း 5ခုနှင့် 1950-1979ခုနှစ်မှာ မှတ်တမ်းတခု စုစုပေါင်း 6ခုရှိခဲ့တယ်လို့ ဖော်ပြထားတယ်။ ပထမတခုအနေနဲ့ Blyth(1875)က ဗန်းမော်မှာ Pink-headed Duck ကိုတွေ့ခဲ့ရတယ်လို့ဖော်ပြပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ ဖော်ပြမထားပဲ အဲ့ဒီမှတ်တမ်းကို စာရေးဆရာများစွာက ပြန်လည်ဖော်ပြခဲ့ကြတယ်။ သူတို့ဖော်ပြထားတာမှာ GPS နဲ့ ပါပါတယ်။ ဒုတိယတခုအနေနဲ့က Blyth(1875)ကပဲ ရခိုင်မှာတွေ့ရတယ်လို့ မှတ်တမ်းတင်ခဲ့ပြီး တတိယတခုအနေနဲ့ကတော့ Jardine(1909)က 1908ခုနှစ် ဒီဇင်ဘာ 25ရက်နေ့က မန္တလေး စဉ့်ကူးအနီးက ခူလယ်အင်းမှာ Pink-headed Duck အမကို ပစ်သတ်ထားတာ တွေ့ရတယ်လို့ မှတ်တမ်းတင်ထားပြီး အဲ့ဒီ အသေအကောင်ကို အိန္ဒိယက Bombay Natural History Society (BNHS)က စုဆောင်းထိန်းသိမ်းထားတယ်။ နောက်ဆုံးအကောင်လိုက် မှတ်တမ်းရခဲ့တာတော့ 1910 ဖေဖော်ဝါရီလမှာဖြစ်ပြီးတွေ့ရတဲ့နေရာကတော့ မန္တလေးမြို့လယ်ခေါင်က ဈေးမှာဖြစ်ပြီး ဘဲခေါင်းပန်းရောင် အထီး အသေကိုရောင်းနေတာ ဖြစ်ပါတယ်။ GPS အရတော့ အဲ့ဒီဈေးနေရာက ယခု ယူနန်ဘုံကျောင်းနေရာဖြစ်ပါတယ်။ အဲဒီအသေကိုလည်း American Museum of Natural History (AMNH)မှာ ထိန်းသိမ်းထားရှိထားပါတယ်။
ဘာလို့ရှာရခက်သလဲဆိုရင် အရမ်းshyဖြစ်တဲ့ မျိုးစိတ်ဖြစ်တဲ့အပြင် ညဘက်မှာ အစာရှာစားတတ်တဲ့ ဘဲမျိုးစိတ် ဖြစ်တာကြောင့် တွေ့ရမလွယ်တာရယ် မုဆိုးလက်ချက်နဲ့ အသတ်ခံရတာတွေကြောင့် မျိုးသုဉ်းပြီလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ရှာမယ်ဆိုရင် ရှာစရာနေရာတွေ အများကြီးကျန်သေးပါတယ်။ The Birder Show program မှာ Tim Appleton ကတော့ 2003သူ မြန်မာပြည်မှာ Survey လာတဲ့အခေါက်မှာ တွေ့ခဲ့ရတယ်လို့ ဖြေထားပြီး သူနဲ့အတူတွေ့တဲ့သူလည်းရှိပါတယ်လို့ဖြေထားပါတယ်။ သို့ပေမယ့်သူတို့ တွေ့ရှိတယ်ဆိုတာဟာ unidentified အနေနဲ့ပဲ သတ်မှတ်လိုက်ကြပါတယ်။
Just For Knowledge Sharing.
| ဤ ငှက်နှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Rhodonessa caryophyllacea". IUCN Red List of Threatened Species 2012. IUCN.
- ↑ Latham၊ John (1790)။ Index ornithologicus, sive Systema Ornithologiae; complectens avium divisionem in classes, ordines, genera, species, ipsarumque varietates: adjectis synonymis, locis, descriptionibus, &c.။ London: Leigh & Sotheby။