အရှေ့ရောမ ဧကရာဇ်နိုင်ငံ
| Byzantine Empire | |
|---|---|
| မြို့တော် | en:Constantinople (ယနေ့ခေတ် အစ်စတန်ဘူလ်မြို့) |
| ကိုးကွယ်မှု | Christianity (နိုင်ငံတော်) |
| လူမျိုး | Byzantine |
| ငွေကြေး | Solidus, en:denarius, and en:hyperpyron |
ဘိုင်ဇန်တိုင်း အင်ပိုင်ယာ သို့မဟုတ် အရှေ့ရောမ အင်ပိုင်ယာဆိုသည်မှာ ရောမအင်ပါယာ၏ ဂရိဘက်ပိုင်း အခြမ်း ဖြစ်ပြီး အလယ်ခေတ်တိုင်အောင် ကြွင်းကျန်ရစ်ခဲ့သော အပိုင်းဖြစ်သည်။ ၎င်း၏ မြို့တော်မှာ ကွန်စတန်တီနိုပယ်လ် ဖြစ်ပြီး ယနေ့ခေတ် တူရကီနိုင်ငံ အစ်စတန်ဘူလ်မြို့ နေရာ ဖြစ်သည်။ အနောက် ရောမအင်ပိုင်ယာနှင့် မတူသော အချက်မှာ ထိုဒေသတွင် နေထိုင်သူများသည် ဂရိဘာသာစကားကို အသုံးပြုကြပြီး လက်တင်ဘာသာ စကားကို မသုံးကြပေ။ အများအားဖြင့် ဂရိယဉ်ကျေးမှုနှင့် အမှတ်သညာ အများအပြား ရှိရာ နေရာပင် ဖြစ်သည်။
အင်ပိုင်ယာ စတင်ခြင်း ၃၃၀-၄၇၆ အေဒီ
[ပြင်ဆင်ရန်]
၃၂၄ ခုနှစ်တွင် ရောမပြည်တွင်းစစ်ကိုအောင်နိုင်ပြီးနောက် ၃၃၀ ခုနှစ်တွင် ရောမအင်ပိုင်ယာ၏ ဘုရင် ကွန်စတန်တိုင်း ၁ သည် ရောမအင်ပိုင်ယာ၏ မြို့တော်ကို ဘိုင်ဇန်တီယန်း သို့ ရွှေ့ပြောင်းခဲ့ပြီး ကွန်စတန်တင်နိုပယ်လ်ဟု အမည်သစ် ပေးခဲ့သည်။ ကွန်စတန်တိုင်း ၁ သည် ပထမဆုံး ခရိယာန် ရောမ ဧကရာဇ်ဖြစ်ပြီး ၎င်း၏ ဆက်ခံသူများအားလုံး ဧကရောဇ် ဂျူလီယာန် မှအပ သည် လည်း ဤ ဘာသာ ကိုသာကိုးကွယ်ကြသည်။[၁]
၃၉၅ ခုနှစ်တွင် ဧကရာဇ် သီရိုဒိုးစီးရပ် ၁ နတ်ရွာစံပြီးနောက် ရောမအင်ပါယာသည် အရှေ့ဘက်အပိုင်း နှင့် အနောက်ဘက်အပိုင်း ရည်ရှည်ကွဲသွားခဲ့သည်။ အကြီးဆုံးသား အာခရားဒီးရက်စ် သည် အရှေ့ဘက် ဧကရာဇ် ဖြစ်လာခဲ့သည်။ ဤခေတ်တွင် ဟန်လူမျိုးတို့ ကျူးကျော်ခြင်းကို ခံခဲ့ရသော်လည်း အရှေ့ရောမ အင်ပါယာမှာ တည်မြဲခဲ့သည်။

၄၇၆ ခုနှစ်တွင် အနောက်ရောမအင်ပါယာသည် ဂျာမန်စစ်သူကြီး အိုဒိုအေစာ လက်အောက်ကျရှံးခဲ့သည်။ အရှေ့ရောမဧကရာဇ် ဇီနို သည်အော်စတရိုဂေါ့ ဂျာမန်ခေါင်းဆောင် သီရိုဒိုးရစ် ကို အီတလီ အား အိုဒိုအေစာထံမှ သိမ်းယူစေခဲ့ပြီး အမည်ခံ လက်အောက်ခံဘုရင် အဖြစ်အုပ်ချုပ်စေခဲ့သည်။ ဧကရာဇ် ဇီနို၏ ဆက်ခံသူ မှူးမတ် ဟောင်း အာနာစတေးစီးရပ် သည် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုများကြောင့် ၅၁၈ ခုနှစ်တွင် ဘတ်ဂျက်စုစုပေါင်း ရွှေပေါင်ချိန် ၃၂၀,၀၀၀ ခန့် ရရှိခဲ့သည်။ ဧကရာဇ် အာနာစတေးစီးရပ် ၏ပြုပြင်ပြောင်းလဲမှုများသည် နောင် ဧကရာဇ် ဂျပ်စတင်နီယန်၏ ပြန်လည်သိမ်းပိုက်ခြင်း စစ်ပွဲများအတွက် အထောက်အကူဖြစ်ခဲ့သည်။[၂]
အင်ပိုင်ယာ ဒုက္ခတွေ့ကြုံချိန် ၄၇၆-၇၁၇ အေဒီ
[ပြင်ဆင်ရန်]အနောက်ဘက်မှစစ်ပွဲများ
[ပြင်ဆင်ရန်]

၅၂၇ ခုနှစ်တွင် နန်းတက်ခဲ့သော ဧကရာဇ် ဂျပ်စတင်နီယမ်သည် ယခင် ရောမအင်ပါယာ ထိန်းချုပ်ခဲ့သောနယ်မြေများ ကိုပြန်လည်သိမ်းပိုက်ရန် များစွာသောစစ်ပွဲများ ကို စတင်ခဲ့သည်။ ၅၃၄ ခုနှစ် တွင် အာဖရိကမြောက်ပိုင်းရှိ ဂျာမန် ဗန်ဒယ် နိုင်ငံကို သိမ်းပိုက်ခဲ့၏။ ၅၃၅ ခုနှစ်တွင် အော်စတရိုဂေါ့ အီတလီ ကိုတိုက်ခိုက်ခဲ့သော်လည်း ဂျာမန် ခုခံမှုကြောင့် ၅၅၄ ခုနှစ်မှသာ အောင်နိုင်ခဲ့ပြီး ပျက်စီးမှုများစွာ ဖြစ်စေခဲ့သည်။ ၅၅၂ ခုနှစ်တွင် စပိန်နိုင်ငံတောင်ပိုင်း ကိုသိမ်းယူခဲ့၏။ ဧကရာဇ် ဂျပ်စတင်နီယမ် လက်ထပ်တွင် အရှေ့ရောမအင်ပါယာ၏ နယ်မြေအထွတ်အထိပ် သို့ရောက်ရှိခဲ့လေသည်။ သို့သော်လည်း စစ်ပန်းခြင်း၊ ရာသီဥတု ဆိုးရွားခြင်းနှင့် ပလိပ်ရောဂါဖြစ်ပွားခြင်း တို့ကြောင့် အင်ပါယာ သည်အားအင်းယုတ်လျော့ ခဲ့ရသည်။ ဧကရာဇ်ဂျန်တစင်နီယမ်သည် နောက်ဆုံးလက်တင်ဘာသာစကား ပြောဆိုခဲ့သော ရောမဧကရာဇ်ဖြစ် ပြီး ဥပဒေများကိုလည်း ပြန်လည်စုစည်း ရေးသားခဲ့သည်။
၅၆၈ ခုနှစ်တွင် အီတလီကျွှန်းဆွယ်သို့ ဂျာမန် လွန်းဘတ် လူမျိုးများ ဝင်ရောက်လာခဲ့၏။ ၅၆၉ ခုနှစ်တွင် မီလန် မြို့ နှင့် ၅၇၂ တွင် အီတလီ မြောက်ပိုင်းဒေသကို ဆုံးရှုံးခဲ့ရ၏။

ဤအချိန်တွင် ပန်နိုးနီးယား ဒေသသို့ အေဗာလူမျိုးများ စတင်အခြေခြခဲ့သည်။ ၎င်းတို့သည် ဘော်လကန်ဒေသရှိ ရောမနယ်မြေများ ကိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ၄င်းတို့အားနှစ်စဉ် ငွေကြေးဆပ်သ ခဲ့ရ၏။ ၇ ရာစုတွင် အာရပ်များ၏ကျူးကျော်ခြင်းကို ခံခဲ့ရ၍ ဘောလကန်ဒေသတွင် အုပ်ချုပ်ရေးအားနည်းခဲ့ရလေသည်။ ထိုအချိန်တွင် ဆလပ်လူမျိုးများ ဝင်ရောက်မှုကြောင့် ဘော်လကန်ဒေသတွင် ရောမအုပ်ချုပ်ရေး ပြိုကွဲခဲ့ရပြီး ကမ်းရိုးတန်းဒေသ များတွင်သာ အာဏာရှိခဲ့၏။ ၆၈၀ ခုနှစ်တွင် ဘော်လကန်ဒေသ ရှေ့ဘက်အခြမ်း ကိုဘောလ်ဂါ လူမျိုးများထံသို့ဆုံးရှုံးခဲ့သည်။
အရှေ့ဘက်မှစစ်ပွဲများ
[ပြင်ဆင်ရန်]ရောမကို ဂျာမန်တို့ သိမ်းယူပြီးနောက်တွင် ဘိုင်ဇန်တိုင်း အင်ပိုင်ယာသည် အီဂျစ်၊ ဂရိ၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် တူရကီတို့ကို ဆက်လက် ထိန်းချုပ် ခဲ့သည်။ သို့သော် ပါရှန်း အင်ပိုင်ယာသစ်ဟု ခေါ်သော ဆက်ဆစ်နစ်အင်ပါယာက ထိုနယ်များကို သူတို့ အင်ပိုင်ယာအတွက် သိမ်းယူခဲ့သည်။ အေဒီ ၄၇၆ နှင့် ၆၂၈ ကြားတွင် ဘိုင်ဇန်တိုင်းနှင့် ပါရှန်းတို့သည် စစ်ပွဲပေါင်းမြောက်မြားစွာကို တိုက်ခိုက်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြသည်။ နောက်ဆုံးတွင် ပါရှန်းတို့သည် ယနေ့ခေတ် အီရတ်နိုင်ငံ ရှေးဟောင်းမြို့တော် နင်နာဗေး အနီးတွင် အေဒီ ၆၂၇ တွင် ရှုံးနိမ့်ခဲ့ပြီး ဘိုင်ဇန်တိုင်းတို့အား သူတို့၏ နယ်မြေများကို ပြန်လည် ထိန်းချုပ်ခွင့် ပေးခဲ့ရသည်။
ထို့နောက်တွင် အာရပ်တို့က ရန်သူ အသစ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။ ဘိုင်ဇန်တိုင်းတို့သည် ပါရှန်းတို့ကြောင့် စီးပွားရေးအရ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသည်။ သူတို့သည် အာရပ်များကို မခုခံနိုင်ဘဲ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် အီဂျစ်တို့ကို ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဘိုင်ဇန်တိုင်းတို့သည် တူရကီ ကို ကောင်းစွာ ခုခံထိန်းသိမ်းနိုင်သဖြင့် အာရပ်တို့ ရှေ့ဆက် မတက်နိုင်ခဲ့ပေ။
အင်ပိုင်ယာ ပြန်လည်တည်ဆောက်ခြင်း ၇၁၇-၁၀၂၅ အေဒီ
[ပြင်ဆင်ရန်]အေဒီ ၇၁၇ တွင် အာရပ်တို့ကို ဘိုင်ဇန်တိုင်း မြို့တော် ကွန်စတန်တင်နိုပယ်လ်၏ အပြင်ဘက်တွင် အနိုင်တိုက်နိုင်ခဲ့ပြီး အရှေ့ဘက်မှ အာရပ်တို့၏ ခြိမ်းခြောက်မှုကို ရပ်တန့်နိုင်ခဲ့သည်။ အနောက်ဘက်တွင်မူ ဘိုင်ဇန်တိုင်းတို့သည် ဘူလ်ဂေးရီးယန်း တို့အား တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြသည်။ အချို့သော တိုက်ခိုက်မှုများမှာ အောင်မြင်ခဲ့သော်လည်း အချို့မှာ မအောင်မြင်ခဲ့ပေ။ ရလဒ် အနေနှင့် ဘုရင် အများအပြား တိုက်ပွဲတွင်း သေဆုံးခဲ့ရသည်။ ထို့နောက် ဘိုင်ဇန်တိုင်း အင်ပိုင်ယာသည် အားကောင်းလာခဲ့ပြီး ၎င်း၏ ရန်သူများမှာ သူတို့အချင်းချင်း တိုက်ခိုက်မှုကြောင့် အားနည်းလာကြသည်။
အနောက်ဘက်တွင် ပြန်လည်တည်ဆောက်ခြင်း
[ပြင်ဆင်ရန်]အရှေ့ဘက်တွင် ပြန်လည်တည်ဆောက်ခြင်း
[ပြင်ဆင်ရန်]အင်ပိုင်ယာ ဆုတ်ယုတ်လာခြင်း ၁၀၂၅-၁၄၅၃
[ပြင်ဆင်ရန်]တာ့ခ်တို့ ကျူးကျော်ဝင်ရောက်ခြင်း ၁၀၇၁-၁၀၉၁
[ပြင်ဆင်ရန်]ဘိုင်ဇန်တိုင်းတို့ အသက်ဆက်ခြင်း ၁၀၉၁-၁၁၈၅
[ပြင်ဆင်ရန်]ဘိုင်ဇန်တိုင်းတို့ ပြန်လည်အားလျော့လာခြင်း ၁၁၈၅-၁၂၆၁
[ပြင်ဆင်ရန်]=== တာ့ခ်တို့က ဘိုင်ဇန်တိုင်းကို ဖျက် စီးခြင်း ၁၂၆၁-၁၄၅၃ ===
အင်ပိုင်ယာမှာ ကြွင်းကျန်ရစ်သော အရာများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]- De Imperatoribus Romanis 13 September 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Scholarly biographies of many Byzantine emperors.
- 12 Byzantine Rulers 18 July 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . by Lars Brownworth of The Stony Brook School; audio lectures. NYTimes review.
- 18 centuries of Roman Empire by Howard Wiseman 28 September 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (Maps of the Roman/Byzantine Empire throughout its lifetime).
- Byzantine & Christian Museum