ဘလှ၊ ဦး(မြောင်းမြ)

ဝီကီပီးဒီးယား မှ

ဘလှ၊ ဦး(မြောင်းမြ) (ခရစ် ၁၉၁၄-၁၉၇၂)[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ရွှေတိဂုံဘုရားစေတီတော်ကြီးအနီးတည်ထားခဲ့သော အာဇာနည်အရှင်ဦးဝိဇာရကျောင်းတိုက်၏ ဒါယကာကြီးဖြစ်သည့် မြောင်းမြ ဦးဘလှကို မြောင်းမြမြို့တွင် ၁၉၁၄ခု၊ မတ်လ (၂၀)ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဆန်စက်ပိုင်ရှင် ဦးဖိုးခင်၏ မြေးဖြစ်သည်။ ငယ်စဉ်က ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းမှ ၁ဝတန်းအောင်မြင်ခဲ့သည်။ ၁၉၄၂-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် တို့ဗမာအစည်းအရုံးအဖွဲ့အစည်းများကို အများဆုံးအကူအညီပေးခဲ့သူဖြစ်သည်။


ဦးဘလှသည် အင်္ဂလိပ်များ ဆုတ်ခွာသွားသည့် အချိန်၌ မြို့ရွာကာကွယ်ရန် ဖွဲ့စည်းထားသော အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။ ၁၉၄၅-ခုနှစ်၊ နိုဝင်ဘာလတွင် မြောင်းမြမြို့၌ အာရှလူငယ်များ အစည်းအရုံးဖွဲ့စည်းရာတွင် ဦးဘလှမှာ ပထမဦးဆုံးဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၄၅ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ၊ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်၊ ကရင်အမျိုးသားများ ပါဝင်သော အစည်းအရုံးရေး အခြေခံအဖွဲ့(ဖတပလ)၊ မြောင်းမြမြို့နယ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီး တည်ထားသော အာဇာနည်အရှင်ဦးဝိစာရ အထိမ်းအမှတ်ကျောက်တိုင်ကို တည်ထောင်ပေးခဲ့သည့် အမျိုးသားစည်းရုံးရေးနှင့် အမျိုးသားနိုင်ငံရေး၊ မျိုးချစ်စိတ်ဓာတ် ထက်သန်သူတစ်ဦး ဖြစ်သည်။ ၁၉၄၈-ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ် တသီးပုဂ္ဂိုလအမတ်အဖြစ် အရွေးခံခဲ့ရာမှ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။ မျိုးချစ်စိတ်ထက်သန်သော ဦးဘလှသည် ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။