ဘဂ္ဂတိုင်း

ဝီကီပီးဒီးယား မှ

ဘဂ္ဂတိုင်း၊ သံသုမာရဂီရိမြို့ မြတ်စွာဘုရားသာသနာတော်ခေတ်တွင် တိုင်ကြီးပြည်ကြီးပင် မဟုတ်သော်လည်း ဝေနေယျအားလျော်စွာ ဒေသနာတော်မြတ် ထွန်းကားရာအရပ်မှာ သာသနာဝင်ကျမ်းများ၌ ထင်ရှားသည့်အတိုင်း ဤဘဂ္ဂတိုင်းသည် ဝိနည်းပညတ်တော်မူရာ ၇-တိုင်းတို့တွင် တစ်တိုင်းအပါအဝင် ဖြစ်သည့်အပြင် များစွာသော သုတ္တန်ဒေသနာတော် ဟောတော်ညွှန်ပြရာဌာနလည်းဖြစ်၍ ထင်ရှားသောတိုင်းနယ်ဖြစ်ရာ, ၎င်းတိုင်း၏ ပဓာနမြို့တော်မှာလည်း သံသုမာရဂီရိ ဖြစ်၍၎င်းအနီး ဘေသကလမည်သော တောကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူကာ တရားဒေသနာတော်အမြိုက် တိုက်ကျွေးတော်မူလေ့ရှိကြောင်း များစွာသော ဝိနည်းသုတ္တန်များ၌ ထင်ရှား၏။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)