ဗူလိယတိုင်း

ဝီကီပီးဒီးယား မှ

ဗူလိယတိုင်း၊ အလ္လကပ္ပမြို့ ၎င်းတိုင်းသည် မြတ်စွာဘုရားလက်ထက်တော်က အလွန်ကျော်ကြား ထင်ရှားခြင်း မရှိသော်လည်း၎င်းတို့သည် အသီးအခြား မင်းမျိုးများအုပ်ချုပ်သော နိုင်ငံတစ်ခုဖြစ်ကြောင်း ၎င်းဗူလိယတိုင်း၏မြို့တော်မှာ အလ္လကပ္ပဖြစ်ကြောင်း သို့ဖြစ်၍ မဟာပရိနိဗ္ဗာနသုတ်၌-

မြတ်စွာဘုရားလည်း မင်းမျိုးဖြစ်ကြောင်း၊ သူတို့လည်း မင်းမျိုးများဖြစ်ကြောင်း၊ သို့အတွက် သရီရဓာတ်တော်ကို ရယူပူဇော်ထိုက်ကြောင်း—(ဒီ၊၂၊၁၃၆) တောင်းဆိုသည်အားလျော်စွာ ဓာတ်တော်များ ဝေစုရသဖြင့် ထိုအလ္လကပ္ပမြို့တော်၌ပင် ဓာတုစေတီတော်မြတ် တည်ထားကိုးကွယ်ကြကြောင်းလာသဖြင့် သာသနာတော် ဓမ္မစက် ပြန့်နှံ့ရာဌာန တိုင်းနယ်ဖြစ်ကြောင်း ထင်ရှား၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)