ဖုသျှနက္ခတ်

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: Sky map 07h 00m 00s, −20° 00′ 00″

Canis Major
ကြယ်စုတန်း
Canis Major
အတိုကောက်CMa
မူလCanis Majoris
အသံထွက်/ˌknɪs ˈmər/, genitive /ˈknɪs məˈɒrɪs/
သင်္ကေတthe greater dog
ညာဘက်တိမ်းစောင်းမှု06° 12.5′ to 07° 27.5′
နိမ့်ဆင်းမှု−11.03° to −33.25°
ဧရိယာ380 sq. deg. (43rd)
ပင်မကြယ်များ
Bayer/Flamsteed
ကြယ်များ
၃၂
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ
အတောက်ပဆုံးကြယ်ဆိုင်ရပ်စ် (α CMa) (−1.46m)
အနီးဆုံးကြယ်ဆိုင်ရပ်စ် (α CMa)
(8.60 ly, 2.64 pc)
Messier objects
ဥက္ကာခဲများ
အနီးအနား
ကြယ်စုတန်းများ
လတ္တီကျု +60° နှင့် −90° ကြားတွင် မြင်နိုင်သည်
ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဖေဖော်ဝါရီလဖြစ်သည်။

ဖုသျှနက္ခတ် သို့မဟုတ် ကေနိစ် မေဂျာ (အင်္ဂလိပ်: Canis Major) သည် တောင်ကမ္ဘာဘက်ခြမ်းကောင်းကင်ရှိ ကြယ်စုတန်းတစ်ခုဖြစ်ပြီး ၂ ရာစုနှစ် နက္ခတ္တပညာရှင် တော်လမီ ပြုစုသော ၄၈ ကြယ်စုတန်းစာရင်းတွင်ပါဝင်သည်။ ယင်းသည် ခေတ်သစ် ၈၈ ကြယ်စုတန်း၌လည်း ပါဝင်လျက်ရှိသည်။ လက်တင်ဘာသာဖြင့် ကြီးမားသောခွေးဟု အဓိပ္ပာယ်ရပြီး ကေနိစ် မိုင်နာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ နဂါးငွေ့တန်း ဂလက်ဆီသည် ကေနိစ် မေဂျာအား ဖြတ်သန်းသွားပြီး အထင်ရှားဆုံးမှာ M41 ဖြစ်သည်။

ကေနိစ် မေဂျာတွင် ခွေးကြယ် ဟုလူသိများသည့် ညဘက်ကောင်းကင်တွင် အတောက်ပဆုံးကြယ်များထဲမှ ကြယ်တစ်ခုဖြစ်သော ဆိုင်ရပ်စ် ပါဝင်သည်။ တောက်ပရသည့်အကြောင်းမူ ယင်းကြယ်သည် နေအဖွဲ့အစည်းနှင့် နီးကပ်သောကြောင့်ဖြစ်သည်။ ကြယ်စုတန်း၌ ဒုတိယအတောက်ပဆုံးကြယ်မှာ Epsilon Canis Majoris ဖြစ်ပြီး ညဘက်ကောင်းကင်ရှိ အင်မတန်ပြင်းထန်သော ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု (extreme ultraviolet) အလင်းပင်ရင်းတစ်ခုဖြစ်သည်။

ဖုသျှ နက္ခတ်သည် အရှေ့အရပ်တွင် တည်ရှိပြီး ခတ္တိယဇာတ် နက္ခတ်(၄) လုံး၊ ဗြဟ္မဏ ပုဏ္ဏားနက္ခတ် (၃) လုံးတို့တွင် ပါဝင်သည်။ ဖုသျှ နက္ခတ်ဆိုသည်မှာ ကင်းနစ် မေဂျာ ကြယ်တာရာ အစုအဝေး ကို နက္ခတ်ပညာ အားဖြင့် ခေါ်ဝေါ်သော အခေါ်အဝေါ် ဖြစ်သည်။ ဖုသျှ နက္ခတ်တွင်

  • ဆီးရီးယပ်စ်ကြယ် (Sirius)
  • ဘီတာ ကင်းနစ် မဂျော်ရစ်ကြယ် (Beta Canis Majoris)
  • ဂျီ ကင်းနစ် မဂျော်ရစ်ကြယ် (G Canis Majoris)
  • အက်ဆီလွန် ကင်းနစ် မဂျော်ရစ်ကြယ် ( Epsilon Canis Majoris)
  • ဒယ်လ်တာ ကင်းနစ် မဂျော်ရစ်ကြယ် (D Canis Majoris)

တို့ ပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]