ပဲခူးမြ

ဝီကီပီးဒီးယား မှ

မ မြလေး ( - ၁၉၄၃ ဝန်းကျင်) သည် မြန်မာလူမျိုး သဘင်သည် ဖြစ်သည်။ မင်္ဂလာအောင်မောင်း၊ ရွှေကျီးညို စသည့် မင်းသားများနှင့် တွဲကာ ထင်ရှားခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သုံးဆယ်မြို့၊ စံရွေးတန်းလမ်းနေ ကြေးတီးဆရာ ဦးအောင်ကျော်၊ ဒေါ်ရွှေညွန့်တို့မှ ဖွားသည်။ ဦးအောင်ကျော်မှာ လက်ဆွဲဘာဂျာကိုလည်း ကျင်လည်သည်။ [၁]

ဖခင်က အနုပညာပိုး သွင်းပေးရာ မမြလေးမှာ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်ကပင် အရပ်ယိမ်း၊ ဘုန်းကြီးပျံယိမ်းတို့တွင် ပါဝင်နေပြီ ဖြစ်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

မမြလေး အရွယ်မရောက်မီ မိခင်တိမ်း၍ ဖခင်က ဖိုးစိန်ဇာတ်နောက် လိုက်သည်။ မမြလေးမှာလည်း ယိမ်းသမ ဖြစ်လာသည်။ ထို့နောက် ဦးဖိုးစိန်ဇာတ်မှ ထွက်ကာ အခြားဇာတ်များတွင် ခေါင်းဆောင်မင်းသမီးအဖြစ် လိုက်သည်။ ငွေကြေးအဆင်ပြေသည့်အခါ ပဲခူးမြို့၊ ဈေးလမ်း၌ အခြေချသည်။ မကြာမီပင် ဖခင် ဆုံးသည်။ ဘဝသစ်စသည့် မြို့ကို စွဲ၍ ပဲခူးမြ ဟူသော အမည်ကို ခံယူသည်။

ဓာတ်ပြားသွင်းသည့် ဇာတ်ထုပ်များ[ပြင်ဆင်ရန်]

  • ဒွေးမယ်နော် (မင်းသား ရွှေကျီးညို နှင့်)
  • ပဉ္စပါပီ (မင်းသား ရွှေကျီးညို နှင့်)
  • ရှင်မအောင်ဖြူ (မင်းသား ရွှေကျီးညို နှင့်)
  • မာဒင်္ဂ (မင်းသား ရွှေကျီးညို နှင့်)
  • စောမွန်လှ (မင်းသား ကတ်နက်စိန် နှင့်)
  • ပဒုမ (မင်းသား မင်္ဂလာ အောင်မောင်း နှင့်)
  • မဟာဝိဇယ (မင်းသား မင်္ဂလာ အောင်မောင်း နှင့်)
  • ယောယုဝ (မင်းသား မင်္ဂလာ အောင်မောင်း နှင့်)

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဂျပန်ခေတ်၌ အိမ်ပေါ် ဗုံးကျ၍ ဘဝဆုံးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သုံးဆယ် ထိဋ်တင်မြင့်။ "သတင်းကြီးခဲ့တဲ့ မင်းသမီးပဲခူးမြ Archived 11 July 2019 at the Wayback Machine."။ သွေးသောက် မဂ္ဂဇင်း၊ အမှတ် (၃၁၈)။ ၁၉၇၂ ဇွန်။