ပိုလီယိုရောဂါကာကွယ်ဆေး

ဝီကီပီးဒီးယား မှ
ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးနေပုံ

ပိုလီယိုရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Polio vaccine)သည် ပိုလီယိုအကြောသေရောဂါကို ကာကွယ်ပေးသော ကာကွယ်ဆေးဖြစ်သည်။[၁] ဤကာကွယ်ဆေးမှာ အမျိုးအစား (၂)မျိုးရှိသည်။ တစ်မျိုးမှာ အသက်မရှိတော့သော ပိုလီယိုဗိုင်းရပ်စ်ဖြင့်ပြုလုပ်ထားပြီး ထိုးဆေး(IPV)ဖြစ်သည်။ နောက်တစ်မျိုးမှာ အားပျော့အောင်ပြုလုပ်ထားသော ပိုလီယိုဗိုင်းရပ်စ်ဖြင့်ပြုလုပ်ထားပြီး သောက်ဆေး(OPV)ဖြစ်သည်။ ကလေးများအားလုံးကို ပိုလီယိုကာကွယ်ဆေးပေးသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။[၁] နိုင်ငံအများစုတွင် ဤကာကွယ်ဆေး(၂)မျိုးကို အသုံးပြုခြင်းဖြင့် ပိုလီယိုရောဂါကင်းစင်ခဲ့ကြပြီး[၂][၃] လူနာသစ်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ (၁၉၈၈)ခုနှစ်တွင် ပိုလီယိုလူနာပေါင်း (၃၅၀ဝ၀ဝ)ခန့်မှ (၂၀၁၄)ခုနှစ်တွင် (၃၅၉) ယောက်သာ ရှိတော့သည်။[၄]

ထိုးဆေးမှာ အလွန်စိတ်ချရသည်။ ဆေးထိုးသည့်နေရာတွင် အနည်းငယ်နီရဲခြင်းနှင့် နာကျဉ်ခြင်းသာ ဖြစ်တတ်သည်။ သောက်ဆေးအသုံးပြုသောလူများအယောက်တစ်သန်းတွင် (၃) ယောက်ခန့် ကာကွယ်ဆေးနှင့်ဆက်စပ်နေသော ပိုလီယိုအကြောသေရောဂါ (vaccine-associated paralytic poliomyelitis) ဖြစ်တတ်သည်။ ကာကွယ်ဆေးနှစ်မျိုးလုံးကို ကိုယ်ဝန်ဆောင်နေသူများနှင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသော သူများတွင်ပါ စိတ်ချစွာ အသုံးပြုနိုင်သည်။[၁]

ပထမဆုံး အသက်မရှိတော့သောပိုလီယိုဗိုင်းရပ်စ်ဖြင့် ပြုလုပ်ထားသော ပိုလီယိုကာကွယ်ဆေးကို ဂျိုးနပ်စ်ဆော့ခ် (Jonas Salk)မှ ပြုလုပ်ခဲ့ပြီး (၁၉၅၅)ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။[၁] သောက်ဆေးကို အယ်လ်ဘတ် စဘင် (Albert Sabin)မှ ပြုလုပ်ခဲ့ပြီး (၁၉၆၁)ခုနှစ်တွင် စီးပွားဖြစ်အသုံးပြုခဲ့သည်။[၁][၅] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၆] (၂၀၁၄)ခုနှစ်တွင် သောက်ဆေးတစ်လုံး၏ လက်ကားဈေးမှာ (ဝ.၂၅) ဒေါ်လာဖြစ်သည်။[၇] အမေရိကန်နိုင်ငံတွင် ထိုးဆေးတစ်လုံးကို (၂၅-၅၀) ဒေါ်လာခန့် ပေးရသည်။ [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Polio vaccines: WHO position paper, January 2014." (Feb 28, 2014). Wkly Epidemiol Rec 89 (9): 73–92. PMID 24707513. 
  2. Aylward RB (2006). "Eradicating polio: today's challenges and tomorrow's legacy". Annals of Tropical Medicine and Parasitology 100 (5–6): 401–13. doi:10.1179/136485906X97354. PMID 16899145. 
  3. Schonberger L, Kaplan J, Kim-Farley R, Moore M, Eddins D, Hatch M (1984). "Control of paralytic poliomyelitis in the United States". Rev. Infect. Dis. 6 Suppl 2: S424–6. doi:10.1093/clinids/6.Supplement_2.S424. PMID 6740085. 
  4. Poliomyelitis: Fact sheet N°114။ World Health Organization (Oct 2015)။ 14 Dec 2015 တွင် ပြန်စစ်ပြီး။
  5. "Pioneering figures in medicine: Albert Bruce Sabin--inventor of the oral polio vaccine." (2005). The Kurume medical journal 52 (3): 111–6. doi:10.2739/kurumemedj.52.111. PMID 16422178. 
  6. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  7. Vaccine, Polio။ 6 December 2015 တွင် ပြန်စစ်ပြီး။
  8. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 316။ ISBN 978-1-284-05756-0