ပိယာလဖလဒါယက၊ သောဘိတဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ပိယာလဖလဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်ပိယာလဖလဒါယကထေရ် သည် သူတစ်ပါးကို မညှဉ်းဆဲသည့် ခိုငှက် ဖြစ်ခဲ့၏။ ခိုငှက်သည် မြတ်စွာဘုရား၏ အနီး တောင်ဝှမ်းလှိုဏ်ဂူတွင် နေခဲ့၏။ ခိုငှက်သည် မြတ်စွာဘုရားအား လွန်သီးကို လှူဒါန်းခဲ့၏။ ထို့နောက်တွင် မြတ်စွာဘုရားအား လုပ်ကျွေးမှု ပြုခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်တွင် “ပိယာလိ” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပိယာလဖလဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ ပိယလဖလဒါယကတ္ထေရအပဒါန်