ပရောင်းဟွန်းတောဆိတ်

ဝီကီပီးဒီးယား မှ
ပရောင်းဟွန်းတောဆိတ်
(Pronghorn)
Temporal range: 2.5–0 Ma
Pleistocene ခေတ်ဦး – လက်ရှိ
Antilocapra americana.jpg
Adult male pronghorn in en:OregonၑOregon
Antilocapra americana female (Wyoming, 2012).jpg
Adult female pronghorn in ဝိုင်အိုးမင်းပြည်နယ်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Antilocapridae
မျိုးရင်းသေး: Antilocaprinae
မျိုးဇာတ်: Antilocaprini
မျိုးစု: Antilocapra
မျိုးစိတ်:
A. americana[၁]
ဒွိနာမ
Antilocapra americana[၁]
(Ord, 1815)
မျိုးစိတ်ခွဲ

A. a. americana
A. a. mexicana
A. a. oregona
A. a. peninsularis
A. a. sonoriensis

PronghornRange.png
Range of the pronghorn

ပရောင်းဟွန်းတောဆိတ် (အင်္ဂလိပ်: Pronghorn) ကို အမေရိကန်တောဆိတ်ဟုလည်း ခေါ်တွင်သည်။ တောဆိတ် (အန်တီလုပ်) အစစ် မဟုတ်သော်လည်း အခြား ကျွဲ နွားမျိုးနှင့်စာလျှင် ‌တောဆိတ် (အန်တီလုပ်) နှင့်ပို၍ နီးစပ်သည်။ ကမ္ဘာဟောင်းမှ တောဆိတ် (အန်တီလုပ်) အစစ်များနှင့် များစွာဆင်တူသည်။ မြောက်အမေရိကတိုက်၏ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့၏ ကုန်းတွင်းပိုင်းတွင် တွေ့ရသည်။ [၃]

Antilocapra americana.jpg

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

ဦးချိုသည် ‌ခေါင်းပွဖြစ်၏။ ဦးချို အဖျားဘက်တွင် သမင်ဦးချိုကဲ့သို့ ခွလျက်ရှိသည်။ ထို‌တောဆိတ်သည် သမင်မျိုးကဲ့သို့ နှစ်တိုင်း ဦးချိုလဲသည်။ အမြင့်မှာ ‌မြေကြီးမှ ပခုံးစွန်းထိ ၃ ‌ပေပင် မပြည့်တတ်‌ချေ။ အ‌မွေးအ‌ရောင်မှာ ညိုဝါ‌ရောင်ဖြစ်သည်။ မျက်နှာတွင် အမည်းကွက်များရှိ၍ လည်ပင်း၊ ရင်ပိုင်းနှင့် ‌ဘေးဘက်များတွင် အဖြူကွက်တစ်ကွက်စီရှိသည်။ ထို‌တောဆိတ်သည် အငြိမ်မ‌နေတတ်ဘဲ အမြဲ‌ရွေ့ရှားသွားလာ‌နေ‌လေ့ရှိသည်။[၄]

တွေ့ရှိရာဒေသ[ပြင်ဆင်ရန်]

ကနေဒါနိုင်ငံ ဆက်စကာချီဝမ်ပြည်နယ်နှင့် အယ်လ်ဘာတာပြည်နယ်တို့မှသည် တောင်ဘက်သို့ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း(မင်နီဆိုတာပြည်နယ်အနောက်တောင်ပိုင်းနှင့် တက္ကဆက်ပြည်နယ်အလယ်ပိုင်းမှသည် ကယ်လီဖိုးနီးယားပြည်နယ်အလယ် ပိုင်းအထိ) နှင့် မက္ကဆီကိုနိုင်ငံမြောက်ပိုင်းအထိ တွေ့ရသည်။ [၅] [၆] [၇] [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. တမ်းပလိတ်:MSW3 Artiodactyla
  2. "Antilocapra americana" (2016). IUCN Red List of Threatened Species 2016. IUCN. 
  3. Farb, Peter (1970). Ecology. Time Life Books. pp. 126, 136
  4. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
  5. Frank Stephens (1906). California Mammals. San Diego, California: The West Coast Publishing Company. p. 56. Retrieved 2011-01-30.
  6. Pedro Font. Expanded Diary of Pedro Font. Retrieved 2011-01-30.
  7. J. Cancino, R. Rodríguez-Estrella, A. Ortega (1995). "First Aerial Survey of Historical Range for Peninsular Pronghorn of Baja California, Mexico". Journal of the Arizona-Nevada Academy of Science 28 (1): 46–50. JSTOR 40024301
  8. Smithsonian Institution. North American Mammals: Pronghorn Antilocapra americana