ပန်းထိမ်ဝန်

ဝီကီပီးဒီးယား မှ

ပန်းထိမ်ဝန် သည် ရွှေထည်၊ ငွေထည်၊ ကျောက်မျက်ရတနာများ စီခြယ် လုပ်ဆောင်ရသည့် ပန်းထိမ် လုပ်ငန်းအား ကြီးကြပ်ကွပ်ကဲသူ ဖြစ်သည်။ လုပ်ငန်းဆောင်တာအများအားဖြင့် မကိုဋ်တော်၊ သရဖူတော်၊ ရတနာမောက်ရှုတော်၊ စိန္တာမုနိ မကိုဋ်တော်၊ ရတနာဗောင်းထုပ်တော် များနှင့် တကွ သမီးတော် မြေးတော်များ၏ နားထွင်းဒက်ဆင် မင်္ဂလာအခမ်းအနားများ၊ လက်ထပ်မင်္ဂလာ အခမ်းအနားများအတွက် လိုအပ်သော လက်ဝက်ရတနာများ အဆင်တန်ဆာများကို စီစဉ်လုပ်ဆောင်ပေးရသည်။

လုံခြုံရေး[ပြင်ဆင်ရန်]

ပန်းထိမ်ဝန်၏ လက်အောက်တွင် ရွှေပန်းထိမ်အမှုထမ်းများ ကျောက်ထည်လုပ်ခေါင်း၊ လက်သားလူများ စသည်ဖြင့် အဆင့်ဆင့်ထားရှိ၏။ ပန်းထိမ် လုပ်ငန်း မှာ တန်ဖိုးကြီး မြင့်သော လုပ်ငန်း ဖြစ်သဖြင့် ပန်းထိမ်ဖို ကို နန်းတွင်း၌သာ ထားရှိသည်။ ရတနာပုံခေတ် ပန်းထိမ်ဖို မှာ ရွှေနန်းတော်ထက် အမှုထမ်းများအား အလံနီ အမှုထမ်း များက လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် တာဝန်ယူပေးကြရသည်။

ပန်းထိမ်ဝန် ဦးညွန့်[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦး ကာလ အမည်သိရှိရသူ ပန်းထိမ်ဝန် တစ်ဦးမှာ ဦးညွန့် ဖြစ်သည်။ ဦးညွန့်သည် အလုံမြို့ ဇာတိဖြစ်ပြီး မြေဒူးမင်း (ဆင်ဖြူရှင်) သို့မဟုတ် စဉ့်ကူးမင်း လက်ထက်တွင် ပန်းထိမ်ဝန် အဖြစ် အမှုထမ်းရွက်ခဲ့သူ ဖြစ်သည်။ ၁၇၈၂ ခုနှစ်တွင် ဘိုးတော်ဘုရား (ဗဒုံမင်း) နန်းတက်လာသောအခါ ဦးညွန့်သည် ပန်းထိမ်ဝန်ဟောင်း တစ်ဦးဖြစ်နေပြီး စစ်ကိုင်းဘက်တွင် နေထိုင်ကြောင်းသိရှိရသည်။ နောက်တွင် မြဝတီမင်းကြီး ဦးစ ဖြစ်လာမည့် မောင်စ မှာ ပန်းထိမ်ဝန်ဟောင်း ဦးညွန့်၏ သမီး မအေးနှင့် လက်ဆက်ခဲ့သူ ဖြစ်သည်။

မောင်သာ[ပြင်ဆင်ရန်]

ဗဒုံမင်း လက်ထက်တွင် ပန်းထိမ်ဝန်၏ သား မောင်သာ၏ အမည်ကို တွေ့ရှိရသော်လည်း ပန်းထိမ်ဝန် ဦးညွန့်၏ သားဟုတ်မဟုတ်ကိုမူ မသိရပေ။

ကိုးကား[ပြင်ဆင်ရန်]

သစ္စာ။ ပန်းထိမ်ဝန် (in Myanmar)။ ၁၆ ၊ ၂၀၁၁ တွင် ပြန်စစ်ပြီး။ဒီဇင်ဘာ ၂၀၁၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]