နိသီဒိုင်
နိသီဒိုင်၊ ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်အာဟာရတို့ကို သုံးဆောင်ကြပြီးနောက် သတိသမ္ပဇဉ်ကင်းလျက်အိပ်ပျော်ကြ သည့်အခါ အိပ်မက်မက်၍ သုက်လွှတ်သဖြင့်ကိုယ်ခန္ဓာ၊ သင်္ကန်း၊ ကျောင်း၊ အိပ်ရာနေရာတို့ကို သုက်အညစ်အကြေးများ ဖြင့်လူးပေလိမ်းကျံမိကြသည်။ ယင်းကိုမြတ်စွာဘုရားမြင်တော်မူ၍ ကိုယ်ကိုစောင့်ရှောက်စေခြင်း၊ သင်္ကန်းကိုစောင့်ရှောက်စေခြင်း၊ ကျောင်းအိပ်ရာနေရာကိုစောင့်ရှောက်စေခြင်းငှာ နိသီဒိုင်ကို ခွင့်ပြုတော် မူသည်။
နိသီဒိုင်ကိုအိပ်ရာခင်း၊ အိပ်ရာလွှမ်းကဲ့သို့လည်း ခင်း၍လည်းထိုင်နိုင်၊အိပ်နိုင်သည်။ ဆွမ်းစား သည့်အခါ ဆွမ်းဟင်းစက်များမပေမကျံစေရန် တစ်ပိုင်းကိုခင်း၍ အမြိတ်အဆာတို့ကို တင်ပလ္လင်ပေါ်၌ တင်ကာအသုံးပြုကြသည်။
အထူးအားဖြင့်သင်းပိုင်အတွင်း ရှေ့တည့်တည့်ကခံ၍ ဝတ်ဖို့ရန်ဖြစ်သည်။ ဝတ်သည့်အခါ ရှေ့ဘက်ကခံဝတ်လျှင် အလယ်က အမြိတ်စကိုနောက်သို့ ခါးတောင်းကျိုက်သကဲ့သို့လည်းကောင်း၊ နောက်ဘက်ကခံ ဝတ်လျှင်ယင်းအလယ်မြိတ်စကိုပေါင်ကြားမှရှေ့သို့ယူ၍ကြိုး ငယ်ဖြင့်ချည်ကာဝတ်ရသည်။
နိသီဒိုင်၏အကြီးဆုံးအရွယ်ပမာဏမှာ မြတ်စွာဘုရား၏ အထွာတော်ဖြင့်အလျားနှစ်ထွာ၊ အနံ တစ်ထွာခွဲ၊ အမြိတ် အဆာတစ်ထွာရှိရမည်ဟုသတ်မှတ်ချက်ရှိသည်။ မြတ်စွာဘုရား၏အထွာသည် ရှင်စောတစ်ထွာ၊ မဇ်သုံးထွာဟုဆိုသည့်အတိုင်း မဇ္ဈိမပုရိသလူ လတ်တန်းစား၏ သုံးထွာနှင့်ညီမျှသည်။ မဇ္ဈိမပုရိသ၏အထွာ တစ်တောင်သည် လက်သမားတို့၏ အထွာ၊ အတောင် (ကိုက်ထွာ၊ ကိုက်တောင်)နှင့်တူညီသည်။
နိသီဒိုင်သင်္ကန်းသည် ဆရာတော်ဦးဗုဓ်ခေတ်ကပင် သုံးစွဲရိုးအစဉ်အလာကင်းပြတ်ဟန်ရှိသည်။ ဆရာတော်သည် ခုဒ္ဒသိက္ခာနိဿယတွင် ဤနိသီဒိုင်နကားယခုပြုလုပ်ရိုး သုံးဆောင်ရိုး ပြတ်လေပြီဟု မှာတော်မူသည်။[၁]
ဆက်လက်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)