နာရဒ မဟာထေရ်

ဝီကီပီးဒီးယား မှ
နာရဒ မဟာထေရ်
නාරද මහා ස්ථවිරයන් වහන්සේ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဆင်းသက်မှုအမရပူရ နိကာယ
ပညာရေးကိုလံဘို၊ စိန့် ဘဲနစ်ဒစ်ခ် ကောလိပ်။
ဓမ္မအမည်နာရဒ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးသီရိလင်္ကာနိုင်ငံ သီဟိုဠ်
မွေးဖွား(1898-07-14)ဇူလိုင် ၁၄၊ ၁၈၉၈
သီရိလင်္ကာ၊ ကိုလံဘိုမြို့၊ ကိုတဟင်ဆင်ခြေဖုံး။
ကွယ်လွန်အောက်တိုဘာ ၂၊ ၁၉၈၃(1983-10-02) (အသက် ၈၅)

နာရဒ မဟာထေရ် (သီဟိုဠ်: නාරද මහා ස්ථවිරයන් වහන්සේ; အင်္ဂလိပ်: Narada Mahathera; ၁၈၉၈ ဇူလိုင် ၁၄ - ၁၉၈၃ အောက်တိုဘာ ၂[၁]) သည် သီရိလင်္ကာနိုင်ငံသား ထေရဝါဒဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်သည်။ ကိုလံဘိုရှိ ဝဇီရာရာမယ၏ ဩဝါဒစရိယဆရာတော်၊ သာသနာပြုလုပ်ငန်းများဆောင်ရွက်သူ၊ ဘာသာပြန်သူ၊ ပညာတတ်ရဟန်းအကျော်အမော်တစ်ပါးဖြစ်သည်။


ထေရုပ္ပတ္တိ[ပြင်ဆင်ရန်]

ဆရာတော်ကို ကိုလံဘိုမြို့၊ ကိုတဟင်ဆင်ခြေဖုံးအရပ်၌ အလတ်တန်းစားမိသားစုတစ်ခုက မွေးဖွားခဲ့သည်။[၁] တက္ကသိုလ်ပညာရေးကို ကိုလံဘို၊ စိန့် ဘဲနစ်ဒစ်ခ် ကောလိပ်နှင့် သီဟိုဠ်တက္ကသိုလ်ကောလိပ်တွင် ဆည်းပူးခဲ့ပြီး အသက် (၁၈) ၌ ရဟန်းခံခဲ့သည်။[၁]

၁၉၂၉ ၌ အိန္ဒိယနိုင်ငံ၊ ဆားနပ်မြို့ (ယခင် မိဂဒါဝုန်) ရှိ မူလဂန္ဓကုဋိဝိဟာရအသစ်ဖွင့်ပွဲ၌ သီရိလင်္ကာကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။[၁] ၁၉၃၄ တွင် အင်ဒိုနီးရှားသို့ ပထမဆုံးအနေဖြင့် ကြွရောက်ခဲ့သည်။[၂] ထို၌ ဗောရောဗုဓောစေတီ၏ အရှေ့တောင်ခြမ်းတွင် ၁၉၃၄ မတ် ၁၀ ၌ ဗောဓိပင် စိုက်ပျိုးပေးခဲ့ကာ အချို့သော ဥပါသကာများကို ရဟန်းပြုပေးခဲ့သည်။[၃] ထိုအချိန်မှစ၍ ထိုင်ဝမမ၊ ကမ်ဘောဒီးယား၊ လာအို၊ တောင်ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ နီပေါလ်၊ ဩစတေးလျ နိုင်ငံများအပါအဝင် များစွာသောနိုင်ငံများသို့ သွားရောက်ခဲ့၏ ။ ၁၉၅၆ တွင် ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စုသို့ ကြွရောက်ခဲ့ပြီး ဝါရှင်တန် အထမ်းအမှတ်ကျောက်တိုင်၌ လူအုပ်ကြီးကို တရားချီးမြင့်ခဲ့သေးသည်။ ၁၉၆၀ နိုဝင်ဘာ ၂ ၌ အရှင်နာရဒသည် ဗောဓိပင်ကို တောင်ဗီယက်နမ်ရှိ သကျမုနိဗုဒ္ဓရုပ်ပွားတော် (Thích Ca Phật Đài) သို့ယူဆောင်လာပေးခဲ့ကာ ၁၉၆၀ နှစ်များအတွင်း ထိုနိုင်ငံသို့ အကြိမ်များစွာ သွားရောက်ခဲ့သည်။

ပီယဒဿီ မဟာထေရ် စသည့် ရဟန်းများနှင့် အတူ ၁၉၆၀ နှစ်များတွင် တရားဟောခြင်းပုံစံတစ်ခုကို လူကြိုက်များစေရန် လုပ်ဆောင်ရာ၌လည်း ပါဝင်အကျိုးပြုခဲ့သည်။ သီရိလင်္ကာရှိ အနောက်တိုင်းက အလယ်အလတ်တန်း မိသားစုများ၏ နေ့စဉ်ဘဝထဲသို့ ဗုဒ္ဓတရားတော်များ ဆောင်ကျဉ်းပေးနိုင်ခဲ့လေသည်။[၄]

ဆရာတော်၏ စာစုစာရင်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Vihanage၊ Gunaseela။ Venerable Narada Maha Thera: A Biographical SketchNarada Felicitation Volume. BPS။ July 26, 2017 တွင် ပြန်စစ်ပြီး။
  2. Ramstedt၊ Martin (2004)။ Hinduism in modern Indonesia: a minority religion between local, national, and global interests.Routledge။ p. 49ff။ ISBN 978-0415405980
  3. "Buddhism in Indonesia" . Buddhanet. Retrieved on 4 May 2015. 
  4. Wickremeratne၊ Swarna (2006)။ Buddha in Sri Lanka: Remembered Yesterdays။ State University of New York Press။ p. 97ISBN 978-0791468821