သီဟိုဠ်ဘာသာစကား

ဝီကီပီးဒီးယား မှ
သီဟိုဠ်ဘာသာစကား
සිංහල
Siṁhala
အသံထွက်si
ဒေသခံသီရိလင်္ကာနိုင်ငံ
လူမျိုးစုသီဟိုဠ်လူမျိုးများ
ဒေသခံ ပြောဆိုသူများ
၁၇ million (၂၀၁၂)[၁]
3 million L2 speakers (2012)[၁]
အင်ဒို-ယူရိုပီယမ်
  • အင်ဒို-အီရန်
    • အင်ဒို-အာရိယာန်
      • တောင်ပိုင်းဇုံ
        • သီးခြားရပ်တည် အိန္ဒိယနွယ်
          • သီဟိုဠ်ဘာသာစကား
အစောပိုင်းပုံစံများ
အီလူး (ဟေလူး)
ဒေသိယစကား
  • ဗားဒ (ခရီးယိုးစကားတစ်ခု ဖြစ်နိုင်ချေရှိ)
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
 သီရိလင်္ကာ
ဘာသာစကားကုဒ်များ
ISO 639-1si
ISO 639-2sin
ISO 639-3sin
Glottologsinh1246[၂]
Linguasphere59-ABB-a

သီဟိုဠ်ဘာသာစကား (ပါဠိ: သီဟဠီ sīhaḷī; සිංහල, siṁhala,[၃] (/ˌsɪn(h)əˈlz, ˌsɪŋ(ɡ)ə-/; အင်္ဂလိပ်: Sinhala, /ˈsɪnhələ, ˈsɪŋələ/) သည် အင်ဒို-အာရိယာန်ဘာသာစကားတစ်ခုဖြစ်၍ သီရိလင်္ကာနိုင်ငံရှိ သီဟိုဠ်သူ၊ သီဟိုဠ်သားများ၏ မူရင်းစကားတစ်ခုလည်းဖြစ်ကာ ပြောဆိုသူပေါင်း ၁၆ သန်းခန့်ရှိသည်။[၄][၁] သီဟိုဠ်စကားကို သီရိလင်္ကာနိုင်ငံရှိ အခြားတိုင်းရင်းသားတို့ကလည်း ပထမ/မိခင်ဘာသာအဖြစ် ပြောဆိုကြပြီး ထိုတိုင်းရင်းသားဦးရေမှာ ၂၀၀၁ အထိ လေးသန်းခန့်ရှိသည်။[၅] ဤစကားကို သီဟိုဠ်အက္ခရာဖြင့် ​ရေးသားပြီး ထိုအက္ခရာသည်လည်း ရှေးဟောင်းအိန္ဒိယ၏ ဗြဟ္မီအက္ခရာတစ်ခုဖြစ်ကာ ကဒမ္ဗအက္ခရာနှင့် နီးကပ်စွာဆင်တူသည်။[၆]

သီဟိုဠ်ဘာသာသည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသားနှင့် တရားဝင်ဘာသာစကားများထဲကတစ်ခုဖြစ်ကာ ပါဠိနှင့်အတူ ထေရဝါဒဗုဒ္ဓဘာသာဆိြက်ရာ စာပေများ ဖြစ်ပေါ်တိုးတက်လာမှုကို များစွာအကျိုးပြုခဲ့လေသည်။[၁]

အစောဆုံး သီဟိုဠ် ပြာကရိုက်ဖြင့် ထွင်းထားသော ကျောက်စာများကို သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ရှိအပြီး ခရစ်ကြို ၃-၂ ရာစုများကတွေ့ရှိခဲ့ကြသည်။[၇] သို့ရာ၌ အစောဆုံး ကျယ်ကျယ်ပြန့်ပြန့်ရှိသော စာပေလက်ရာမျမှာမူ ခရစ်နှစ်ကိုးရာစုခန့်သာ သက်တမ်းရှိသည်။ ဆွေမျိုးနီးစပ်တော်သည့် ဘာသာစကားများမှာ ဝါးဒ (ဗားဒ) တိုင်းရင်းသားတို့ပြောသော ဗားဒ (Vedda) စကားနှင့် မော်လ်ဒီဗီ (ဒိဝါဟီ) စကားတို့ဖြစ်ကြ၏ ။ သီဟိုဠ်စကားတွင် အရေးနှင့် အပြောတို့၌ အဓိကမူကွဲနှစ်ခုရှိပြီး ထိုသို့ရှိခြင်းကပင် ဘာသာဗေဒဖြစ်စဉ် ဒိုက်ဂလော့စီယား (diglossia)[မှတ်စု ၁] ၏ ပေါ်လွင်ထင်ရှားမှုတစ်ခုပင်ဖြစ်သည်။[၈][၉]

သီဟိုဠ်အက္ခရာမှ စာများ။

မှတ်စု[ပြင်ဆင်ရန်]

  1. မတူသောအခြေအနေတွင် လူမှုအသိုင်းအဝိုင်းတစ်ခု၌ ပြောသူများသည် ဘာသာစကားနှစ်မျိုး (သို့) ဘာသာစကားတစ်ခု၏မူကွဲနှစ်ခုလုံးကို မတူသောအခြေအနေတွင် ပြောဆိုခြင်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ SinhalaEthnologue။ 2017-04-06 တွင် ပြန်စစ်ပြီး။
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Sinhala"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. Laurie Bauer, 2007, The Linguistics Student's Handbook
  4. Census of Population and Housing 2011။ 28 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-04-06 တွင် ပြန်စစ်ပြီး။
  5. Census of Population and Housing 2001။ Statistics.gov.lk။ 12 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2013 တွင် ပြန်စစ်ပြီး။
  6. Jayarajan၊ Paul M. (1976-01-01)။ History of the Evolution of the Sinhala Alphabet (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Colombo Apothecaries' Company, Limited။
  7. Danesh Jain, George Cardona။ Indo-Aryan Languages။ Routledge။ p. 847။
  8. Paolillo, John C. (1997). "Sinhala Diglossia: Discrete or Continuous Variation?". Language in Society 26 (2): 269–296. doi:10.1017/S0047404500020935. ISSN 0047-4045. 
  9. Gair, James W. (1968). "Sinhalese Diglossia". Anthropological Linguistics 10 (8): 1–15. ISSN 0003-5483.