ဝယ်လင်တန်မြို့

ဝီကီပီးဒီးယား မှ

ဝယ်လင်တန်မြို့[ပြင်ဆင်ရန်]

ဝယ်လင်တန်မြို့သည် နယူးဇီလန်နိုင်ငံ၏ မြို့တော် ဖြစ်သည်။ နယူးဇီလန်မြောက်ကျွန်း တောင်ဘက်စွန်းရှိ ပို့နစ်ကာလဆန် ပင်လယ်လက်ကြား အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ သင်္ဘောဆိပ် ကောင်းရှိသဖြင့် ထင်ရှားသော ဆိပ်ကမ်းမြို့လည်းဖြစ်သည်။

မြို့တွင်းရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများမှာ အစိုးရ အိမ်တော်၊ ပါလီမန်လွှတ်တော်နှင့် မြို့တော်ခန်းမတို့ဖြစ်သည်။ ဝယ်လင်တန် မြို့တွင် နယူးဇီလန်တက္ကသိုလ်၌ အပါအဝင်ဖြစ်သော ဝိတိုရိယ ကောလိပ် ကျောင်းတည်ရှိသည် ။ ထောပတ၊် ဒိန်၊ သိုးမွေး၊ သစ်သီး၊ သစ်သားနှင့် အမဲဟင်းလျာတို့ကို တင်ပို့သည်။

၁၈၄ဝပြည့်နှစ်တွင် ဝယ်လင်တန်မြို့စတည်ခဲ့ကြသည်။ ၁၈၆၅ ခုနှစ်တွင် နယူးဇီလန်ပြည်၏ မြို့တော်ကို အော့ကလန်မြို့မှ ဝယ်လင်တန်မြို့ သို့ ပြောင်းရွှေ့ခဲ့သည်။ လူဦးရေ ၁၅၅၄ဝဝ ယောက်(၁၉၆၃) ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)