နယူးကလိယား ဖစ်ရှင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ယူရေနီယမ် ဒြပ်စင်တွင် နယူးကလိယား ဖစ်ရှင်းဖြစ်စဉ် ဖြစ်ပေါ်ပုံအား သရုပ်ပြချက်

နယူးကလိယား ဖစ်ရှင်း (အင်္ဂလိပ်: Nuclear fission) သည် အက်တမ်တစ်ခုမှ ပိုသေးငယ်သော အက်တမ်များအဖြစ် ပြိုကွဲသည့်ဖြစ်စဉ်ဖြစ်သည်။ ယင်းဖြစ်စဉ်သည် အင်မတန်များပြားသော စွမ်းအင်ကို ထုတ်ပေးပြီး နယူးကလိယား လက်နက်နှင့် နယူးကလိယား ဓာတ်ပေါင်းဖိုများတွင် အသုံးချသည်။ နယူးကလိယား ဖစ်ရှင်းအား ဂျာမန် နယူကလိယား ဓာတုဗေဒပညာရှင် Otto Hahn ဆိုသူက ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် သူ၏လက်ထောက်အကူ Fritz Strassmann နှင့် ဘာလင်မြို့၌ ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအတွက် Otto Hahn သည် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုအား ၁၉၄၅ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့သည်။[၁][၂][၃] အက်တမ်တစ်ခုသည် အင်မတန်သေးငယ်ကြပြီး ဟိုက်ဒရိုဂျင်အောက်ဆီဂျင်ကဲ့သို့သော ဒြပ်စင်များကို ဖြစ်စေသည်။ အက်တမ်၏ အလယ်ဗဟိုတွင် ဝတ်ဆံဟုခေါ်နိုင်သည့် နယူးကလိယပ်ရှိသည်။ ယူရေနီယမ်ပလူတိုနီယမ်ကဲ့သို့သော ဝတ်ဆံကြီးမားသည့် ဒြပ်စင်များသည် နယူးကလိယား ဖစ်ရှင်းကို ဖြစ်စေနိုင်သည်။ အကယ်၍ အင်မတန်ကြီးမားသော ဝတ်ဆံသည် နှေးကွေးစွာ ရွေ့လျားသည့် နယူထရွန်ဖြင့် ထိတိုက်မိသောအခါ မတည်မငြိမ်ဖြစ်လာပြီး ဝတ်ဆံ ၂ ခုအဖြစ် ပြိုကွဲသွားသည်။ ယင်းကဲ့သို့ ဖြစ်ပါက ဝတ်ဆံများသည် ပြိုကွဲကာ စွမ်းအင်များကို ထုတ်ပေးသည်။ အိုင်ဆိုတုပ်အနည်းငယ်မျှသာ နယူထရွန် များပြားပြီး ဖစ်ရှင်းဖြစ်စဉ်ကို ထုတ်ပေးနိုင်သည်။ ထိုနယူထရွန်များသည် အခြားအက်တမ်များဖြင့် ထိတိုက်မိပါက အခြားအက်တမ်ပြိုကွဲမှုကို ဖြစ်စေပြီး ယင်းကိုပင် နယူးကလိယား ကွင်းဆက်ဓာတ်ပြုမှုဟု ခေါ်ဆိုသည်။ ဖစ်ရှင်းဖြစ်စဉ်၌ အင်မတန်များပြားသော စွမ်းအင်ကို လျင်မြန်စွာ ထုတ်ပေးသည်။ နယူးကလိယားဗုံးသည် ဤဖြစ်စဉ်ပင်ဖြစ်ပြီး ကီလိုတန်ဖြင့် တိုင်းတာသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. The Nobel Prize in Chemistry 1944။ Nobel Foundation။ 17 December 2007 တွင် ပြန်စစ်ပြီး။
  2. Bernstein, Jeremy (2001). Hitler's uranium club: the secret recordings at Farm Hall. New York: Copernicus. ISBN 0-387-95089-3 
  3. The Nobel Prize in Chemistry 1944: Presentation Speech။ Nobel Foundation။ 3 January 2008 တွင် ပြန်စစ်ပြီး။