နယူထရွန်ကြယ်

ဝီကီပီးဒီးယား မှ
နယူထရွန်ကြယ် RX J185635-3754 အား မြင်နိုင်သော အလင်းထဲတွင် ပထမဆုံးအကြိမ် တိုက်ရိုက် စောင့်ကြည့်လေ့လာမှု

နယူထရွန်ကြယ် သည် ဒြပ်ဆွဲအားပြိုကွဲမှုကြောင့် ဖြစ်တည်လာသော သိပ်သည်းသည့် ကြယ်ဖြစ်သည်။ ယင်းတို့၏ မူလကြယ်များသည် အလွန်ကြီးမားလှပြီး ဆူပါနိုဗာ ဖြစ်စဉ်ပြီးမှ ဖြစ်တည်လာကြသည့် ကြယ်ဖြစ်သည်။ နယူထရွန်ကြယ်များသည် စကြဝဠာတွင် အသေးဆုံးကြယ်များဟု သတ်မှတ်နိုင်ပြီး အချင်းအားဖြင့် ၁၂-၁၃ ကီလိုမီတာ (၇ မိုင်) ခန့်သာရှိသည်။ နယူထရွန်ကြယ်များသည် ကြယ်တစ်ခုလုံးအား နူထရွန်များဖြင့် ဖွဲ့စည်းထားသည်။ နူထရွန်များသည် အက်တမ်ထက် သေးငယ်သော အမှုန်များဖြစ်ကာ ပရိုတွန်ထက် အနည်းငယ်သာ ကြီးမားသည်။ နယူထရွန်ကြယ်များသည် အင်မတန် ပူပြင်းမည်ဟု ယူဆရသည်။ နယူထရွန်ကြယ်တစ်စင်းသည် နေထုထည်၏ အနည်းဆုံး ၁.၁ မှ ၃ ရာခိုင်နှုန်းသာ ရှိသည်။[၁][၂] များသောအားဖြင့် အပူချိန်သည် ~၆×၁၀ K ရှိသည်။[၃][၄][၅][၆] နယူထရွန်ကြယ်တွင်ရှိသော သာမန်မီးခြစ်အရွယ်အစား အရာဝတ္ထုတစ်ခုသည် တန်ချိန်ပေါင်း ၅ ထရီလီယံနီးပါးခန့် အလေးချိန်ရှိမည်ဖြစ်သည်။

ရှာဖွေတွေ့ရှိမှုသမိုင်း[ပြင်ဆင်ရန်]

၁၉၃၄ ခုနှစ်တွင် Walter Baade နှင့် Fritz Zwicky ဆိုသူတို့က နယူထရွန်ကြယ်တည်ရှိကြောင်း အဆိုပြုခဲ့သည်။[၇] တစ်နှစ်ကြာသော် James Chadwick မှ နယူထရွန်ကြယ်အား ရှာဖွေတွေ့ရှိခဲ့သည်။

လည်ပတ်မှု[ပြင်ဆင်ရန်]

နယူထရွန်ကြယ်များသည် အင်မတန်မြန်ဆန်စွာ လှည့်ပတ်ကြသည်။ မွေးကင်စကြယ်များသည်လည်း တစ်စက္ကန့်လျင် အကြိမ်ပေါင်းများစွာ လှည့်ပတ်ကြသည်။ နယူထရွန်ကြယ်များသည်ကား တစ်စက္ကန့်လျင် အကြိမ်ရာပေါင်းများစွာ လှည့်ပတ်ကြသည်။ အကြောင်းမူ အနီးအနားရှိ အဖော်ကြယ်ဆီမှ အရာဝတ္ထုများကို စုပ်ယူကာ အရှိန်တင်သကဲ့သို့ဖြစ်သောကြောင့်ပေတည်း။ အချိန်ကြာလာသော် လည်ပတ်နှုန်းသည် ကျဆင်းသွားကြသည်။ သက်တမ်းရင့်သောနယူထရွန်ကြယ်များသည် တစ်စက္ကန့်လျင် အကြိမ်ရေများစွာခန့်သာ လည်ပတ်ကြတော့သည်။

သိပ်သည်းမှုနှင့် အကွာအဝေးများ[ပြင်ဆင်ရန်]

ယခုလက်ရှိအချိန်တွင် နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် မစ်ဂဲလ်လစ်နစ် တိမ်တိုက်တွင် နယူထရွန်ကြယ်ပေါင်း ၂ဝဝဝ အထိ သိရှိထားသည်။ အများစုမှာ ရေဒီယို ပါလဆာများအဖြစ် ခြေရာခံမိထားသည်။ အချို့သော အနီးစပ်ဆုံး နယူထရွန်ကြယ်များမှာ RX J1856.5-375 (အလင်းနှစ် ၄ဝဝ အကွာခန့်) နှင့် PSR J0108-1431 (အလင်းနှစ် ၄၂၄ အကွာ) တို့ဖြစ်ကြသည်။

ဒွိနယူထရွန်ကြယ်များ[ပြင်ဆင်ရန်]

ကျွန်တော်တို့သိသည့် နယူထရွန်ကြယ်များ၏ ၅ ရာခိုင်နှုန်းသည် အဖော်ကြယ်များ၏အဖွဲ့ဝင်များဖြစ်ကြသည်။ ဒွိနယူထရွန်ကြယ်များ၏ ဖွဲ့စည်းပုံနှင့် ဆင့်ကဲပြောင်းလဲမှုများသည် ရှုပ်ထွေးလှသည်။[၈] အဖော်ကြယ်သည် သာမန်ကြယ် သို့မဟုတ် ကြယ်ဖြူပု သို့မဟုတ် အခြားနယူရွန်ကြယ်များ ဖြစ်နိုင်သည်။ ခေတ်သစ်သီအိုရီများအရ နယူထရွန်ကြယ်များသည် တွင်းနက်အဖော်များဖြင့် တည်ရှိနိုင်သည်ဟုဆိုသည်။ ယင်းဒွိစနစ်များသည် ဒြပ်ဆွဲအားလှိုင်းများ၏ အဓိကပင်ရင်းဖြစ်နိုင်သည်။ ဒွိကြယ်စနစ်တွင်ရှိသော နယူထရွန်ကြယ်များသည် X-ray များအား ထုတ်ပေးသည်။

Circinus X-1: ဒွိစနစ်နယူထရွန်ကြယ်မှ X-ray ရောင်ခြည်၊ (၂၄ ဇွန်လ ၂ဝ၁၅) Chandra X-ray Observatory

ပြခန်း[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. "On the Mass Distribution and Birth Masses of Neutron Stars" (September 2012). The Astrophysical Journal 757 (1): 13. doi:10.1088/0004-637X/757/1/55. Bibcode2012ApJ...757...55O. Retrieved on 14 May 2015. 
  2. "On the Maximum Mass of Neutron Stars" (19 November 2013). International Journal of Modern Physics 1 (28): 1330018. doi:10.1142/S021830131330018X. Bibcode2013IJMPE..2230018C. Retrieved on 14 May 2015. 
  3. Bulent Kiziltan (2011)။ Reassessing the Fundamentals: On the Evolution, Ages and Masses of Neutron Stars။ Universal-Publishers။ ISBN 1-61233-765-1
  4. Neutron star mass measurements
  5. Nasa Ask an Astrophysist: Maximum Mass of a Neutron Star။ 9 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2015 တွင် ပြန်စစ်ပြီး။
  6. Paweł Haensel; A Y Potekhin; D G Yakovlev (2007)။ Neutron Stars။ Springer။ ISBN 0-387-33543-9
  7. Baade, Walter (1934). "Remarks on Super-Novae and Cosmic Rays". Phys. Rev. 46 (1): 76–77. doi:10.1103/PhysRev.46.76.2. Bibcode1934PhRv...46...76B. 
  8. Tauris & van den Heuvel (2006), in Compact Stellar X-ray Sources. Eds. Lewin and van der Klis, Cambridge University Press http://adsabs.harvard.edu/abs/2006csxs.book..623T