နန္ဒီသေနပျို့

ဝီကီပီးဒီးယား မှ
နန္ဒီသေနပျို့ 
ရေးသူ: လက်ဝဲသုန္ဒရ
ရေးသားသည့်နှစ်၁၁၃၁ (မြန်မာ)
၁၇၆၉ (ခရစ်နှစ်)
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာဘာသာ
အွန်လိုင်းတွင် ဖတ်ရှုရန်ဝီကီရင်းမြစ်ရှိ "နန္ဒီသေနပျို့"

နန္ဒီသေနပျို့သည် မြန်မာသက္ကရာဇ်-၁၁၃၁ ခုနှစ်(ခရစ်နှစ်-၁၇၆၉ ခုနှစ်)တွင် လက်ဝဲသုန္ဒရဘွဲ့ခံ အမတ်ကြီး ဦးမြတ်စံ ရေးသားခဲ့သော ပျို့တစ်ပုဒ်ဖြစ်သည်။[၁][၂]

ကောက်နှုတ်ဖော်ပြချက်များ[ပြင်ဆင်ရန်]

" မြိုင်ဝေ တောကြီး၊ ဤခရီးဝယ်၊

ချည်းနှီး သက်သက်၊ သေသော့ထက်ကား၊

ဆက်လက် တညီ၊ တစီ တလျဉ်၊

သားစဉ် မြေး,မြစ်၊ ပြောထုံးဖြစ်အောင်၊

တစစ်,တမက်၊ ကိုယ် နှင့် သက် ကို၊

နှင်းဆက် တိုက်မည်၊ အားသံရည်၍၊

ဦးလည် မသုန်၊ ထမ်းပါကုန်လော့။ ⁠ ။ "

" ရဲစ ရှိခိုက်၊ လုပ်ကြံလိုက်က၊

⁠မြိုက်မြိုက်ကျေမွ၊ ချက်ခြင်း ရလိမ့်၊

နေ့,လ ကြာဝေး၊ တာရှည်သွေး၍၊

အရေး,စောင့်တော် မမူနှင့်။ ။ "

" ဗိုလ်မှူး အာဏာ၊ စစ်ကဲမှာလျှင်၊

တည်ရာ ကြွင်းမဲ့၊ ကြောက်တုန် လဲလော့၊

စစ်ကဲ အာဏာ၊ တပ်မှူးမှာလျှင်၊

သေချာ စေ့ငု၊ စွဲမှတ်စုလော့၊

တပ်မှူးအာဏာ၊ အကြပ်မှာလျှင်၊

ညီညာနှလုံး၊ ယူ၍ ကျုံးသို့၊

အရုံး,မခွဲ ကြစေနှင့်။ ။ "

ကိုးကား[ပြင်ဆင်ရန်]

  1. လက်ဝဲသုန္ဒရ
  2. ဗိုလ်ကြီး-ဘသောင်း (မဟာဝိဇ္ဇာ)နန္ဒီသေနပျို့ (PDF)