နန္ဒာလှိုင်

ဝီကီပီးဒီးယား မှ
အကယ်ဒမီ
နန္ဒာလှိုင်
နိုင်ငံလူမျိုးမြန်မာနိုင်ငံသား မွန်လူမျိုး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
ဇာတိမော်လမြိုင်
အိမ်ထောင်ဖက်(များ)ဇေသီဟ (လက်ထပ် 2008)
သားသမီးဇေဝတီလှိုင်
ဇေရတီလှိုင်
ဇေမဒီလှိုင်
ဆွေမျိုးသားချင်းဇေကမ္ဘာ ခင်ရွှေ၊ဦး(ယောက္ခမ)

နန္ဒာလှိုင်သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကြော်ငြာသရုပ်ဆောင် လောကတွင် နာမည်ကျော်ကြား လူကြိုက်များသော မင်းသမီး တစ်လက်ဖြစ်ခဲ့သည်။

ရုပ်ရှင်ထူးချွန်ဆု[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ်တွင် မြားနတ်မောင် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက်လာကာ ၁၉၉၈ ခုနှစ်တွင် ရွှေနံ့သာစံအိမ် ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် တောင်သမန်သစ္စာ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။[၁]

မိသားစု[ပြင်ဆင်ရန်]

နန္ဒာလှိုင်သည် မွန်လူမျိုးဖြစ်သည်။ဇေကမ္ဘာ ခင်ရွှေ၊ဦး ၏ သားဖြစ်သူ ဇေသီဟနှင့် ၂၀၀၈ ခုနှစ် မေလတွင် လက်ထပ်ခဲ့သည်။[၂][၃] ၂၀၁၁ ဧပြီ ၁၉ ရက်နေ့တွင် ဒုတိယ သမီးဖြစ်သူ ဇေရတီလှိုင်ကို မွေးဖွားခဲ့ပြီး[၄] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် တတိယသမီးဖြစ်သူ ဇေမဒီလှိုင်ကို မွေးဖွားခဲ့သည်။[၅]၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နန္ဒာလှိုင်၏ ကုမ္ပဏီဖြစ်သော မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီသည် Missha အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံတွင်း တင်သွင်းဖြန့်ဖြူးခွင့်ကို ရရှိခဲ့သည်။[၆][၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Aye Lae။ "HIV Film Wins Burma’s Oscar"၊ The Irrawaddy၊ 8 February 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 2 March 2011။ 
  2. Commission Regulation (EU) No 411/2010European Commission (10 May 2010)။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2012 တွင် ပြန်စစ်ပြီး။
  3. "Drug investigation, heavy punishment likely for Maung Weik"၊ Mizzima၊ 3 July 2008။ 29 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 29 January 2013။ 
  4. နေကွန်းထင်။ "မိသားစု ပုံရိပ်တွေနဲ့ သမီးနှစ်ယောက်အကြောင်း ပြောတဲ့ နန္ဒာလှိုင်" (in Burmese)၊ Yadanapon၊ 6 May 2011။ 11 July 2015 တွင် ပြန်စစ်ပြီး 
  5. Zwe Nyan။ "တတိယမြောက် သမီးငယ်ဖွားမြင်တဲ့ နန္ဒာလှိုင်" (in my)၊ 7 Day Daily၊ 25 July 2014။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2015။ 
  6. "MISSHA COSMETICS" (in Burmese)၊ Mahar Nandar Trading Co., Ltd.၊ 2014။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။ 
  7. ချစ်ဆုဆွေ။ "ကိုရီးယားထုတ် MISSHA အလှကုန် မိုးရာသီ အထူးအစီအစဉ် အဖြစ် ဈေးလျှော့ရောင်းမည်" (in Burmese)၊ Yatanarpon၊ 22 April 2015။ 11 July 2015 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]