နတ်မောက်ထွန်းရှိန်

ဝီကီပီးဒီးယား မှ
နတ်မောက်ထွန်းရှိန်
မွေးဖွား၁၉၃၈ခုနှစ်
ဘော်အိုင်ကျေးရွာ၊ နတ်မောက်မြို့နယ်၊ မကွေးတိုင်း
ကွယ်လွန်၃၀ နိုဝင်ဘာ ၂၀၁၉
မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး
ကလောင်အမည်နတ်မောက်ထွန်းရှိန်
အလုပ်အကိုင်အယ်ဒီတာ၊ အယ်ဒီတာချုပ်၊ စာတည်းမှူး
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
ရရှိသည့်ဆုများအမျိုးသားစာ​ပေဆု
မိဘဦးကျော်ဟန် + ဒေါ်ညိုလေး

ဦးထွန်းရှိန် (ကလောင်အမည် နတ်မောက်ထွန်းရှိန်)သည် အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးဖြစ်ပြီး အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ရာသက်ပန်နာယကနှင့် ဂုဏ်ထူးဆောင် အသင်းသားဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် မန္တလေးမြို့အကြောင်း စာအုပ်များစွာ ရေးသားခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။[၁]

ဘဝအစနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၃၈ခုနှစ်၌ မကွေးတိုင်းနတ်မောက်မြို့နယ် ဘော်အိုင်ကျေးရွာတွင် ဦးကျော်ဟန်၊ဒေါ်ညိုလေးတို့မှ ဖွားမြင်သည်။ မွေးချင်း ၈ဦးအနက် တတိယမြောက်သားဖြစ်သည်။

စာပေကဏ္ဍ[ပြင်ဆင်ရန်]

ဦးထွန်းရှိန်သည် လုံးချင်းစာအုပ် ၉အုပ်၊ ဆောင်းပါး ၇၀၀ကျော်ရေးသားခဲ့သည်။ရတနာပုံသတင်းစာ၊ လုပ်သားသတင်းစာတို့တွင် အယ်ဒီတာ၊ ပန်တော်ဆက် မန္တလေးမဂ္ဂဇင်း၏ စာတည်မှူး၊ဟံသာဝတီသတင်းစာ၊ မန္တလေးယဉ်ကျေးမှုဂျာနယ်တို့တွင် သတင်းစာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ မန္တလေးနေ့စဉ်သတင်းစာ စတင်ထုတ်ဝေစဉ်ကပင် အယ်ဒီတာချုပ်တာဝန်များ ထမ်းဆောင်ခဲ့ကာ ၂၂နှစ်တိုင် လုပ်ကိုင်ခဲ့သည်။

၂၀၀၁ခုနှစ်တွင် မန္တလေးမြို့အကြောင်းရေးသားထားသော ဝင်းတွေနဲ့တည်တဲ့နေပြည် စာအုပ်ဖြင့်လည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ရတနာပုံ မန္တလေး နိပါတ် ပန်းချီကျော်များနှင့် ဗုဒ္ဓဝင် ပညာပေး မြန်မာ့ နိပါတ် ပန်းချီလက်ရာများ စာအုပ်ဖြင့်လည်းကောင်း အမျိုးသားစာပေဆုများ ရရှိခဲ့သည်။[၁] ၂၀၁၄ခုနှစ်တွင် မန္တလေးခေတ် ပိဋကတ်စာအုပ်ဆိုင်များ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆုကို ရရှိခဲ့သေးသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဆရာကြီးသည် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့တွင် မန္တလေးဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးနောက် ရုပ်ကလာပ်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်သယ်ယူခဲ့ပြီး အေးရိပ်ငြိမ်သုသာန်တွင် သဂြိုဟ်ခဲ့သည်။

ရေးသားခဲ့သောစာအုပ်များ[ပြင်ဆင်ရန်]

  • ယနေ့မန္တလေး
  • ဝင်းတွေနဲ့တည်တဲ့နေပြည်
  • မန္တလေး ရတနာပုံဘုရားစုံ
  • ရတနာပုံ မန္တလေး နိပါတ် ပန်းချီကျော်များနှင့် ဗုဒ္ဓဝင် ပညာပေး မြန်မာ့ နိပါတ် ပန်းချီလက်ရာများ
  • မန္တလေးခေတ် ပိဋကတ်စာအုပ်ဆိုင်များ
  • မြန်မာ့ယဉ်ကျေးမှု မြန်မာ့​ရှေး​ဟောင်း ဘုန်း​တော်ကြီး​ကျောင်းကြီးများ

ကိုးကား[ပြင်ဆင်ရန်]