ဒြပ်ကွယ်
![]() |
ဒြပ်ကွယ် (သို့) ကိုယ်ပျောက်ဒြပ်ဆန်း (Dark Matter) ဆိုသည်မှာ အဆိုပြုရှင်းလင်းထားသောအရာဝတ္ထုတစ်မျိုးဖြစ်ပြီး စကြဝဠာအတွင်းရှိ ဒြပ်စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းသည် ၎င်းဒြပ်မှောင်များဖြစ်မည်ဟု နက္ခတ္တဗေဒပညာရှင်အများစုက ယူဆထားသည့် ဒြပ်တစ်မျိုးဖြစ်သည်။[၁] ဒြပ်မှောင်များအား တိုက်ရိုက်စူးစမ်းတွေ့ရှိမှု မရှိသေးသော်လည်း သွယ်ဝိုက်သောအားဖြင့် ၎င်းတို့၏ တည်ရှိမှုကို သိရသည်။ ဥပမာ စကြဝဠာအတွင်းရှိ မြင်ရသော ဒြပ်များ၏ ရွေ့လျားမှုအပေါ်တွင် ၎င်းတို့၏ ဒြပ်ဆွဲအား အကျိုးသက်ရောက်မှု၊ စကြဝဠာအတွင်းရှိ ကြီးမားသည့်အတိုင်းအတာ ဖွဲ့စည်းပုံ ပေါ်တွင် အကျိုးသက်ရောက်မှုနှင့် အာကာသ မိုက်ကရိုဝေ့ဗ် နောက်ခံ အပေါ်တွင် အကျိုးသက်ရောက်မှု စသည်တို့ကို တွေ့ရှိရသည်။ ဒြပ်မှောင်များသည် လျှပ်စစ်သံလိုက်ရောင်ခြည်များဖြင့် အပြန်အလှန်သက်ရောက်မှု မရှိခြင်း သို့မဟုတ် အလွန်သိပ်သည်းပြီး သေးငယ်သည့်အတွက် လက်ရှိကမ္ဘာပေါ်ရှိလေ့လာရေး ကိရိယာများနဲ့ မှတ်တမ်းတင်လို့ ရနိုင်သည့် ပမာဏအထိ ရောင်ခြည်များကို စုပ်ယူမှု/ထုတ်လွှတ်မှု မပြုခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။[၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ NASA Science Universe – Dark Energy, Dark Matter။ 23 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Dark Matter (20 January 2012)။