ဒူးရင်းဆိပ်ရွာ၊ သထုံမြို့နယ်

ဝီကီပီးဒီးယား မှ
ဒူးရင်းဆိပ်
ရွာ
ဒူးရင်းဆိပ်ရွာ
ဒူးရင်းဆိပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒူးရင်းဆိပ်
ဒူးရင်းဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°58′39″N 97°26′03″E / 16.9776191711426°N 97.434196472168°E / 16.9776191711426; 97.434196472168ကိုဩဒိနိတ်: 16°58′39″N 97°26′03″E / 16.9776191711426°N 97.434196472168°E / 16.9776191711426; 97.434196472168
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
ခရိုင်သထုံခရိုင်
မြို့နယ်သထုံမြို့နယ်
ကျေးရွာအုပ်စုဒူးရင်းဆိပ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဒူးရင်းဆိပ်ရွာ(အင်္ဂလိပ်: Duyinseik)သည် မွန်ပြည်နယ်သထုံခရိုင်သထုံမြို့နယ်ဒူးရင်းဆိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၆၂၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ကျား ၄၉၃၄ ဦး၊ မ ၅၂၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၁၃၈ ဦး နေထိုင်သည်။ [၁]

ရွာ၏တောင်ဘက်တွင် ရွာဦးဖောင်တော်သီစေတီရှိပြီး မြောက်ဘက်တွင် သထုံ-ဘားအံကားလမ်းရှိသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် အနောက်ဘက်တွင် မုရင်းစပါးခင်းများရှိသည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဖြစ်သည်။ ဒုံသမိမြစ်ကူးတံတားနှစ်စင်းရှိသည်။ ကားကူးတံတားနှင့် ရထားကူးတံတားတို့ ဖြစ်သည်။ ငါးဖမ်းခြင်း၊ အုတ်ဖုတ်ခြင်း၊ ထင်းမီးသွေးလုပ်ငန်းနှင့် အခြားသောလုပ်ငန်းများ လုပ်ကိုင်သည်။ ရွာအနီးတွင် ပုဂ္ဂလိကလောင်စာဆီဆိုင်ကြီးနှစ်ဆိုင်ရှိသည်။ တာယာစက်ရုံသို့ ချောင်းရေပေးပို့သောစက်ရုံလည်း ရှိသည်။ လျှပ်စစ်မီးရရှိပြီး‌‌ ကျေးလက်ကျန်းမာရေးဌာနနှင့်အထက(ခွဲ)ရှိသည်။[၂] စီးပွားရေးလူမှုရေး ဖွံ့ဖြိုးသောရွာ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. သထုံမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ ၃၀ ဇန်နဝါရီ ၂၀၂၀။ ၈ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး