ဒလပင်ကျေးရွာ

ဝီကီပီးဒီးယား မှ
ဒလပင်ကျေးရွာ
ဒလပင်ကျေးရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒလပင်ကျေးရွာ
ဒလပင်ကျေးရွာ
ဒလပင်ရွာ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 21°15′11″N 96°30′12″E / 21.253139°N 96.503278°E / 21.253139; 96.503278ကိုဩဒိနိတ်: 21°15′11″N 96°30′12″E / 21.253139°N 96.503278°E / 21.253139; 96.503278
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်တောင်ကြီးခရိုင်
မြို့နယ်ရွာငံမြို့နယ်
ကျေးရွာအုပ်စုသိမ်ကုန်း
လူဦးရေ
 • ကိုးကွယ်ရာဗုဒ္ဓဘာသာ
အချိန်ဇုန်MST (UTC+6.30)

ဒလပင်ကျေးရွာသည် သိမ်ကုန်းအုပ်စု ရွာငံမြို့နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်ကြီးခရိုင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ လတ္တီကျု လောင်ဂျီကျု 21°15'11.3"N 96°30'11.8"E အရပ်တွင် တည်ရှိသည်။ ဒလပင်ကျေးရွာ၏ အနောက်ဘက်တွင် ကျောက်ကူတိကျေးရွာ၊ အရှေ့ဘက်တွင် ငွေတောင်ကျေးရွာနှင့် တောင်ဘက်တွင် အင်းကြီးကျေးရွာတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။ ထန်းလှပင် ကျေးရွာဟုလည်း ခေါ်ဝေါ်ကြသည်။

ဒလပင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး ဓနုတိုင်းရင်းသားများ နေထိုင်ကြကာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ရွာတောင်ပိုင်းတွင် မိုးကောင်းဘုန်းတော်ကြီးကျောင်း၊ အနောက်တောင်ဘက်တွင် ရွှေဒေါင်းဥစေတီတော်၊ မြောက်ဘက်တွင် ဆုတောင်းပြည့်စေတီနှင့် တောရကျောင်းတို့ တည်ရှိသည်။ ကျေးရွာ၏ မြောက်ဘက်တွင်ရှိသော တလုတ်ချရေတံခွန်ကို အနယ်နယ် အရပ်ရပ်မှ ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည်။ တလုတ်ချရေတံခွန်မှ ကျေးရွာအတွက် လျှပ်စစ်မီးကို ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည်။ မူလတန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲလည်း ရှိသည်။

ဒလပင်ကျေးရွာတွင် လိမ္မော်၊ ကာဗလာ၊ ဆန်းကစ်၊ လက်ဖက်၊ ကော်ဖီ၊ ထောပတ်၊ တညင်း၊ သစ်ခွပန်းများ၊ သီးပင်စားပင်မျိုးစုံ စိုက်ပျိုးကြသည်။ လယ်စပါးနှင့် တောင်ယာစပါးများကိုလည်း စိုက်ပျိုးသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. http://themimu.info/place-codes
  2. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၆၃။