ထရီဇာ မေ

ဝီကီပီးဒီးယား မှ
The Right Honourable

ထရီဇာ မေ

ထရီဇာမေ (၂၀၁၅)
ယူနိုက်တက်ကင်းဒမ်း ဝန်ကြီးချုပ်
တာဝန်သက်တမ်း
13 July 2016 – 24 July 2019
ဧကရာဇ်ဒုတိယမြောက် အဲလိဇဘက်
Chairman
  • Patrick McLoughlin
  • Brandon Lewis
ယခင်လူဒေးဗစ် ကင်မရွန်း
ဆက်ခံသူဘောရစ် ဂျွန်ဆင်
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် (UK)
တာဝန်သက်တမ်း
11 July 2016 – 23 July 2019
ယခင်လူဒေးဗစ် ကင်မရွန်း
ဆက်ခံသူဘောရစ် ဂျွန်ဆင်
ဓနသဟာယနိုင်ငံများအဖွဲ့ရုံး
တာဝန်သက်တမ်း
19 April 2018 – 24 July 2019
အကြီးအကဲဒုတိယမြောက် အဲလိဇဘက်
ယခင်လူJoseph Muscat
ဆက်ခံသူဘောရစ် ဂျွန်ဆင်
Home Secretary
တာဝန်သက်တမ်း
12 May 2010 – 13 July 2016
ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်း
ယခင်လူAlan Johnson
ဆက်ခံသူAmber Rudd
Minister for Women and Equalities
တာဝန်သက်တမ်း
12 May 2010 – 4 September 2012
ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်း
ယခင်လူHarriet Harman
ဆက်ခံသူMaria Miller
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် (UK)
တာဝန်သက်တမ်း
23 July 2002 – 6 November 2003
ယခင်လူDavid Davis
ဆက်ခံသူ
  • Liam Fox
  • The Lord Saatchi
ခေါင်းဆောင်Iain Duncan Smith
လွှတ်တော်အဖွဲ့ဝင်
for Maidenhead (UK Parliament constituency)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
1 May 1997
ယခင်လူConstituency created
အနိုင်ရမဲ အရေအတွက်18,846 (33.3%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားထရီဇာ မေ ဘရေးရှား
(1956-10-01) ၁ အောက်တိုဘာ၊ ၁၉၅၆ (အသက် ၆၇)
Eastbourne, Sussex, အင်္ဂလန်နိုင်ငံ
နိုင်ငံရေးပါတီကွန်ဆာဗေးတစ်ပါတီ
ကြင်ဖော်(များ)ဖိလစ် မေ (လက်ထပ် ၁၉၈၀)
နေထိုင်ရာSonning, Berkshire
လက်မှတ်
ဝက်ဘ်ဆိုဒ်tmay.co.uk

ထရီဇာ မယ်ရီ မေ (အင်္ဂလိပ်: Theresa Mary May)(/təˈrzə/;[၁] မွေးဖွားစဉ်နာမည် Brasier; ၁၉၅၆ အောက်တိုဘာ ၁ တွင်မွေးဖွား) သည်ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်နှင့် ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မေ သည် ၂၀၁၀ မှ ၂၀၁၆အထိ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီ ၁၉၉၇ ခုနှစ်မှစတင်ကာ ယခုအထိ (မေဒန်ဟက်ဒ်)ဒေသ Maidenhead တွင်ပါလီမန်အမတ်တစ်ဦးအဖြစ် ထမ်းဆောင်နေပေသည်။ နိုင်ငံရေးအတွေးအခေါ်အားဖြင့် ထရီဇာ မေကို နိုင်ငံလုံးဆိုင်ရာကွန်ဆာဗေးတစ်ဝါဒသမား (သို့) နိုင်ငံလုံးဆိုင်ရာအမျိုးသားဝါဒ (one-nation conservative) အဖြစ်ခွဲခြားဖော်ပြကြသည်။[၂]

မေသည် အောက်စ်ဖို့ဒ်ရှီးယား တွင်ကြီးပြင်းခဲ့ပြီး အောက်စ်ဖို့ဒ်ရှိ St Hugh's College တွင်တက်ရောက်ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ဘွဲ့ရရှိပြီးနောက် သူမသည်အင်္ဂလန်ဘဏ်နှင့် ဘဏ်အကောင့်၊ ဘဏ်ကဒ်မှတဆင့် ငွေပေးချေမှုစီမံအဖွဲ့အစည်းတွင် (Association for Payment Clearing Services) အလုပ်လုပ်ကိုင်ခဲ့ကာ Merton ရှိ Durnsford အတွက်ကောင်စီဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အောက်လွှတ်တော်တွင် နှစ်ကြိမ်ခန့် လွှတ်တော်အမတ်ရွေးကောက်ခံရန် ကြိုးပမ်းခဲ့‌သော်လည်း မအောင်မြင်ဘဲ ၁၉၉၇ ခုနှစ်တွင်မှ မေဒန်ဟက်ဒ်ဒေသတွင် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်တွင်မေလသည် အတိုက်အခံအစိုးရအဖွဲ့၏ ရာထူးတချို့တွင် ပါဝင်ဆောင်ရွက်ခဲ့၏ ။ သူမသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကွန်ဆာဗေးတစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ်လည်းလုပ်ကိုင်ခဲ့ကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရကိုဖွဲ့စည်းခဲ့သည့်အခါ မေအား ပြည်ထဲရေးဝန်ကြီးနှင့်အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီးရာထူး ကိုစွန့်လွှတ်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီထပ်မံ အောင်မြင်မှုရခဲ့ပြီး သူမသည်နှစ်ပေါင်း ၆၀ ကျော်အတွင်း သက်တမ်းအရှည်ဆုံးသောပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့ပေသည်။ သူမ၏ရာထူးသက်တမ်းအတွင်း ရဲအဖွဲ့ချုပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့၍ တင်းကြပ်သောမူးယစ်ဆေးဝါးမူဝါဒကို‌ကျင့်သုံးဆောင်ရွက်ကာ ခက်အရွက်သုံးစွဲခြင်း (khat) [မှတ်စု ၁]ကိုပိတ်ပင်ခြင်း၊ ရဲနှင့်ရာဇဝတ်မှုကော်မရှင်နာများ ရွေးချယ်ခံမှုနှင့်ပတ်သက်သော လုပ်ဆောင်ခြင်းကို မိတ်ဆက်သည်။ အကြမ်းဖက်သမား Abu Qatada အားပြည်နှင်ဒဏ်ပေးခြင်း၊ အမျိုးသားရာဇဝတ်မှုအဖွဲ့ ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးအပေါ် ထပ်တိုးကန့်သတ်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့၏။[၄]

ဒေးဗစ် ကင်မရွန်း နုတ်ထွက်ပြီးနောက် မေသည်ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရပြီး ဗြိတိန်၏ဒုတိယအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။ သူမသည် ဥရောပသမဂ္ဂသဘောတူစာချုပ် အပိုဒ် ၅၀ကို စတင်အသုံးချကာ ယူကေကို ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးလုပ်ငန်းစဉ်ကို မတ်လ ၂၀၁၇ ခုနှစ်တွင်စတင်ခဲ့သည်။ ဥရောပသမဂ္ဂမှနုတ်ထွက်ခြင်း စေ့စပ်ညှိနှိုင်းမှုတွင် သူမပါဝင်ရုပ်လုံးဖော်မည့် အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန်ရည်ရွယ်ချက်၊ သူမ၏ခိုင်မာတည်ငြိမ်သော ခေါင်းဆောင်မှုမီးမောင်းထိုးပြရန်ရည်ရွယ်ချက်များနှင့်အတူ မေလတွင် ရှောင်တခင်ရွေးကောက်ပွဲတစ်ခုကို ၂၀၁၇ ယူကေအထွေထွေရွေးကောက်ပွဲ ဟုကြေညာခဲ့သည်။[၅][၆] ၁၉၈၃ယူနိုက်တက်ကင်းဒမ်း အထွေထွေရွေးကောက်ပွဲမှအစပြု၍ ဤပါတီသည် အမြင့်ဆုံးဆန္ဒမဲရရှိထားသောပါတီဖြစ်သော်လည်း ဤရွေးကောက်ပွဲသည် ကွန်ဆာဗေးတစ်ပါတီ၏လွှတ်တော်အမတ်နေရာ ၃၃၀ မှ ၃၁၇ သို့ကျဆင်းသွားစေသည်။ မဲအများစုဆုံးရှုံးမှုများကြောင့် သူမသည် လူနည်းစုအစိုးရတစ်ရပ်ကို အယုံအကြည်ရှိ၍ ထောက်ခံခြင်းသဘောတူညီမှု (confidence and supply arrangement) အရ [မှတ်စု ၂] Democratic Unionist Party (DUP) နှင့် ညွန့်ပေါင်းအစိုးရဖွဲ့ကာ လူနည်းစုအစိုးရကိုဖွဲ့စည်းနိုင်ခဲ့လေသည်။ ၂၀၁၈ ဒီဇင်ဘာလတွင် ကွန်ဆာဗေးတစ်ပါတီ၏ နောက်တစ်ကြိမ်ခေါင်းဆောင်မှုဆိုင်ရာရွေးချယ်မှု (ကွန်ဆာဗေးတစ်အမတ်များမှအယုံအကြည်ကင်းမဲ့ခြင်းအဆို - vote of no confidence from Conservative MPs) နှင့် ၂၀၁၉ ဇန်နဝါရီလ မေ၏အစိုးရအဖွဲ့အပေါ် ပါလီမန်မှအယုံအကြည်ကင်းမဲ့ခြင်းအဆို( Parliamentary vote of no confidence) မဲပေးမှုများကို ကျော်ဖြတ်နိင်ခဲ့သည်။ ယူကေကို ဥရောပသမဂ္ဂမှနုတ်ထွက်ရေးကို အကျိုးသက်‌ရောက်စေသော အစိုးရ၏ စက္ကူဖြူအစီအစဉ် (သို့) (Chequers_plan Chequers Agreement) သဘောတူညီချက်ကိုလုပ်ဆောင်ရင်း ဥရောပသမဂ္ဂနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့၏။ ဤစေ့စပ်ညှိနှိုင်းမှုသဘောတူညီချက်များကို ပါလီမန်ကသုံးကြိမ်ငြင်းပယ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သို့သော် အောက်လွှတ်တော်၏ နောက်တန်းထိုင်ခုံနေရာတွင် ထိုင်သူအဖြစ်ဆက်လက်တာဝန်ထမ်းလျက် ရှိသည်။[မှတ်စု ၃]

မေ၏ အစောပိုင်းကာလများနှင့် လုပ်ငန်း[ပြင်ဆင်ရန်]

ဝိ(တ်)လေရွာလေးရှိ (မယ်တော်)စိန့်မယ်ရီဘုရားကျောင်း၊ မေ၏ဖခင်မှာ ထိုကျောင်းထိုင်ဘုန်းတော်ကြီး နှင့် မေ၏ မင်္ဂလာပွဲကျင်းပခဲ့သော ကျောင်း။[၉][၁၀]

ဆဆစ်ခရိုင်(Sussex)၊ အိစ်ဘော(န်)မြို့ (Eastbourne) ၁၉၅၆ အောက်တိုဘာ ၁ ၌မွေးဖွား၍ မေသည် ဇိုက်ဒီး မယ်ရီ (Zaidee Mary )နှင့် ဟျူးဘာ့တ် ဘရေးရှား (Hubert Brasier) တို့၏ တစ်ဦးတည်းသောသမီးဖြစ်သည်။[၁၁]ဖခင်မှာ အင်္ဂလန်အသင်းတော် (Church of England) နှင့် (အန်ဂလိုကသလစ်)၏ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။[၁၂] မိခင်မှာ ကွန်ဆာဗေးတစ်ပါတီ ထောက်ခံသူတစ်ဦးဖြစ်သည်။[၁၃] ဖခင်သည် ကားမတော်တဆမှုမှရရှိသော ဒဏ်ရများဖြင့် ဆုံးပါး၍ မိခင်သည်လည်း နောက်တစ်နှစ်၌ အာရုံကြောရောဂါဖြစ်သော (multiple sclerosis)ဖြင့် ကွယ်လွန်ခဲ့၏။[၁၄][၁၅]

အစောပိုင်း၌ ဟေးသရော့(ပ်) မူလတန်းကျောင်း (Heythrop Primary School)၊ ထို့နောက် ရိုမန်ကသလစ်ကျောင်းဖြစ်သော စိန့်ဂျူလီယန်နာ သာသနာပြုကျောင်းသို့ ၁၉၈၄တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။[၁၆][၁၇][၁၈] ၁၃နှစ်တွင် အောက်စဖို့ဒ်ရှိုင်းယား၊ ဝိ(တ်)လေရှိ ယခင်ရှိဖူးသော ဟိုလ်တန်ပါ့ခ် မိန်းကလေးသဒ္ဒါကျောင်း (အစိုးရကျောင်း) သို့တက်ရောက်ခဲ့သည်။[၁၉] အောက်စဖို့ဒ်တက္ကသိုလ်စိန့်ဟျူးကောလိပ်တွင် ပထဝီဝင်ဘာသာရပ်ကိုဆည်းပူး၍ ၁၉၇၇၌ ဒုတိယအဆင့်ဖြင့် BA ဂုဏ်ထူးတန်းဝင်ခဲ့သည်။[၂၀] အပိုမုန့်ဖိုးရရန် မုန့်ဖုတ်လုပ်ငန်းတွင် စနေနေ့များ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၇၇-၁၉၈၃ အင်္ဂလန်ဘဏ်တွင်လည်းကောင်း၊ ၁၉၈၅-၁၉၉၇ (Association for Payment Clearing Services - APACS)တွင်လည်းကောင်း ဘဏ္ဍာရေးအတိုင်ပင်ခံအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့၏။ ထိုအဖွဲ့စည်း၌ ၁၉၈၉မှ ၁၉၉၆ထိ ဥရောပရေးရာဌာန၊၁၉၉၆-၉၇ တွင် နိုင်ငံတကာအရေး အကြီးတန်းအကြံပေးအဖြစ်လုပ်ကိုင်ခဲ့၏။[၂၁] ဒန်စ်ဖော့ဒ်မြို့နယ် (Durnsford ward)အတွက် အတိုင်ပင်ခံဖြစ်လာခဲ့သည်။[၂၂] ထိုမြို့နယ်မှာ လန်ဒန်မာတန်ခရိုင်တွင်ရှိ၍ အတိုင်ပင်ခံရာထူး ၁၉၈၆-၁၉၉၄၊ ပညာရေးဥက္ကဋ္ဌ ၁၉၈၈-၉၀၊ အဖွဲ့ဒုခေါင်းဆောင် နှင့် Housing Spokesmanအဖြစ် ၁၉၉၂-၉၅ထိတာဝန်ယူခဲ့သည်။ ၁၉၉၂ အထွေထွေရွေးကောက်ပွဲ ကွန်ဆာဗေးတစ်အမတ်လောင်းအဖြစ် ဒါဟမ်အနောက်မြောက်နယ်တွင်ယှဉ်ပြိုင်ရာ ရှုံးနိမ့်၍ ၁၉၉၄ ဘားကင်းနယ်ရွေးကောက်ပွဲ၌လည်း ထပ်မံရှုံးနိမ့်ပြန်သည်။ ၁၉၉၇အထွေထွေရွေးကောက်ပွဲမတိုင်မီ မေဒန်ဟက်ဒ်နယ်အတွက် ကွန်ဆာဗေးတစ်အမတ်လောင်းအဖြစ်ရွေးချယ်ခံရကာ သူမမှာ ထိုနယ်တွင်အနိုင်ရခဲ့သော်လည်း [၂၁] သူမ၏ ပါတီကားနှစ် ၁၅၀အတွင်း အဆိုးဝါးဆုံးရှုံးနိမ့်ခဲ့လေသည်။

အစောပိုင်း ပါလီမန်အမတ်[ပြင်ဆင်ရန်]

ပါလီမန်သို့ရောက်လာပြီး အတိုက်အခံခေါင်းဆောင် ဝီလီယံဟေ့ဂ်(William Hague)အဖွဲ့၏ ရှေ့တန်းထိုင်ခုံနေရာ(front-bench)တွင် စာသင်ကျောင်းများ၊ မသန်စွမ်းနှင့် အမျိုးသမီးများအတွက် (၁၉၉၈-၉၉)တွင် နောက်ယောင်ခံ ပြောဆိုခွင့်ရှိသူ(Shadow Spokesman)၊ ၁၉၉၉ တွင် ပညာရေးနှင့် အလုပ်ကိုင်ရရှိရေးနောက်ယောင်ခံဝန်ကြီး (Shadow Education and Employment Secretar)၊ ၂၀၀၁ ရွေးကောက်ပွဲ၌ ပို့ဆောင်ရေးနောက်ယောင်ခံဝန်ကြီး ဌာနသို့ ရောက်ရှိခဲ့သည်။

၂၀၀၂ ဇူလိုင်တွင် ကွန်ဆာဗေးတစ်ပါတီ၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌရာထူးရာရှိလာခဲ့ကာ ပါတီညီလာခံတွင် ပါတီကိုပြောင်းလဲရမည်ဖြစ်ကြောင်း "လူတွေက ကျွန်မတို့ပါတီကို ဘာလို့ခေါ်လဲ သိကြလား၊ မနှစ်မြို့ဖွယ်ပါတီတဲ့"ဟု ပြောကြားရင်း သူမ၏ အမြင်ကို ရှင်းလင်းပြသခဲ့၏။ [၂၃][၂၄] ၂၀၀၃၌ မိုက်ကယ် ဟိုးဝပ်ဒ် (Michael Howard) ကွန်ဆာဗေးတစ်ပါတီနှင့် အတိုက်ခံခေါင်းဆောင်ဖြစ်လာပြီး မေကို ပို့ဆောင်ရေးနှင့် သဘာဝပတ်ဝန်းကျင် နောက်ယောင်ခံဝန်ကြီး ခန့်အပ်ခဲ့လေသည်။ (မှတ်ချက် - ပါတီဥက္ကဋ္ဌ (chairman) နှင့် ပါတီ ခေါင်းဆောင်( leader) မတူကြောင်းသတိပြုပါ) [၂၅] နောက်ယောင်ခံဝန်ကြီးများအဖြစ် ၂၀၀၄ - မိသားစုရေးရာဝန်ကြီး (Shadow Secretary of State for the Family)၊ ၂၀၀၅ - ယဉ်ကျေးမှု၊ပြန်ကြားရေး၊ အားကစားရေးရာ ဝန်ကြီး(Secretary of State for Culture, Media and Spor)၊ ၂၀၀၉ - အလုပ်သမားနှင့် ပင်စင်ရေးရာဝန်ကြီး(Secretary of State for Work and Pensions)အနေဖြင့် ထမ်းဆောင်ခဲ့လေသည်။

ပြည်ထဲရေး ဝန်ကြီး[ပြင်ဆင်ရန်]

၂၀၁၀ မေလ၊ ထိုစဉ်က ခေါင်းဆောင် ဒေးဗစ် ကင်မရွန်းနှင့်အတူ

၂၀၁၀ ခုနှစ်မေလ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းမှ ၎င်း၏ပထမဆုံးအစိုးရအဖွဲ့တွင် မေအား ပြည်ထဲရေး နှင့် အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီး(Home Secretary and Minister for Women and Equality)အဖြစ် ခန့်အပ်ခဲ့သည်။ မာဂရက်သက်ချာ(ဝန်ကြီးချုပ်)၊ မာဂရက်ဘက်ခ်ကတ် (နိုင်ငံခြားရေးဝန်ကြီး)၊ ဂျက်ကီ စမစ် (ပြည်ထဲရေးဝန်ကြီး)ပြီးလျှင် သူသည်ဗြိတိန်နိုင်ငံ၏အရေးပါသော ဝန်ကြီးဌာနများတွင် ရာထူးရရှိသော စတုတ္ထမြောက်အမျိုးသမီးဖြစ်လာသည်။[၂၆] ပြည်ထဲရေးဝန်ကြီးအဖြစ် မေသည် အမျိုးသားလုံခြုံရေးကောင်စီ၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။[၂၇] နှစ်ခြောက်ဆယ်သက်တမ်းအတွင်း အကြာရှည်ဆုံးပြည်ထဲရေးဝန်ကြီးအဖြစ် ခြောက်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။ သူမ၏ ဤဝန်ကြီး သက်တမ်းအတွင်း ရဲတပ်ဖွဲ့ရေးရာပြုပြင်မှုများ၊ရာဇဝတ်ပြစ်မှု၊ လူမှုရေးအဓိကရုဏ်းဆိုင်ရာအခက်များ၊ မူးယစ်ဆေးဝါးမူဝါဒ၊ နိုင်ငံကူးပြောင်းနေထိုင်ခြင်းကိစ္စ၊ ရာဇဝတ်သားများ ပြည်နှင်ဒဏ်ပေးခြင်းဆုံးဖြတ်ချက်များ - ဥပမာ။ ။ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သော အစွန်းရောက်မွတ်ဆလင်ဘာသာရေးခေါင်းဆောင် အဘူ ကာတာဒါ (Abu Qatada)ကို ဂျော်ဒန်သို့ တရားရင်ဆိုင်စေရန် လွှဲပြောင်းပို့ဆောင်ခြင်း[၂၈] [၂၉] ၊တရားမဝင်နိုင်ငံကူးပြောင်းနေထိုင်သူများအရေးကိစ္စ စသည်တို့ကို ကြုံတွေ့၊ကိုင်တွယ်ခဲ့ရသည်။


အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီး[ပြင်ဆင်ရန်]

အပြောင်းလဲအတွက် လူငယ်များပွဲ၌ မေ နှင့် ဂျင်စတင်း ဂရီးန်နင်းတို့ ပြောဆိုနေစဉ်။19 July 2014

ပြည်ထဲရေးဝန်ကြီးနှင့်အပြိုင် အမျိုးသမီးများနှင့်တန်းတူညီမျှမှုဝန်ကြီးအဖြစ် ၂၀၁၀ မှ ၂၀၁၂ စက်တင်ဘာထိထမ်းဆောင်ခဲ့သည်။ ထို့နောက် မာရီယာ မီလာ (Maria Miller)တက်ခဲ့သည်။[၃၀] သူမကို ဤရာထူးခန့်အပ်သောကြောင့် LGBTအခွင့်အရေးလုပ်ရှားသူတချို့က ဝေဖန်ပြစ်တင်ကြ၏။[၃၁] အကြောင်းမှာ သူမသည် ယခင်က ၁၉၉၈-အသက်ရွယ်ပိုင်းဆိုင်ရာ တူညီမှုရှိရေး သဘောတူညီချက်(equalising the age of consent)၊ ၂၀၀၂-လိင်တူအခွင့်အရေးလက်ခံကျင့်သုံးခြင်း(adoption rights for homosexual) စသည်တို့ကို ဆန့်ကျင်မဲပေးခဲ့သောကြောင့်ဖြစ်၏။ သို့သော် ဥပဒေအရအသိအမှတ်ပြုထားသော လိင်တူစုံတွဲများအတွက် ထောက်ခံမဲပေးခဲ့လေ[၃၂][၃၃] ၂၀၁၀ ဘီဘီစီ၏ မေးခွန်းမေးရန်အစီအစဉ်ကဏ္ဍ၌ မေသည် ဂေးများအပေါ်ထားသည့် သူမ၏ သဘောထားပြောင်းလဲခဲ့ကြောင်းပြောကြားသွားခဲ့၏။[၃၄] ၂၀၁၀ ဇူလိုင် ၂ ၌ မေသည် ယခင်ကဆန့်ကျင်ဖူးသော်လည်း ၂၀၁၀-တန်းတူညီမျှရေးအက်ဥပဒေမှ ပြီးခဲ့သောလေဘာအစိုးရ၏ အဆင့်တန်းခွဲခြားခြင်းကိုဆန့်ကျင်သည့် ဥပဒေများကို ထောက်ခံပါမည်ဟု ဆိုသွားသည်။[၃၅] ထိုဥပဒေမှာ အောက်တိုဘာ ၁ တွင် အင်္ဂလန်၊ စကော့တလန် နှင့် ဝေလ နိုင်ငံများတွင် အသက်ဝင်ခဲ့၏။[၃၆]

ဝန်ကြီးချုပ်[ပြင်ဆင်ရန်]

ပါတီခေါင်းဆောင်ရွေးချယ်ခြင်း[ပြင်ဆင်ရန်]

ဥရောပ သမဂ္ဂအဖွဲ့ဝင်ဆက်လက်ဖြစ်ရေး၊ မဖြစ်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲပေးသူ ၅၂% မှာ အီးယူမှထွက်ခွာရန်မဲပေးခဲ့သဖြင့် အကျိုးဆက်အနေဖြင့် ဒေးဗစ် ကင်မရွန်း ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်၍ ၎င်းကိုအစားထိုးရန် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အတွက် ယှဉ်ပြိုင်သူအဖြစ်ပ့ဝင်မည်ဟု ၂၀၁၆ ဇွန် ၃၀တွင် မေက ကြေညာခဲ့သည်။ အီးယူမှထွက်ရှိခြင်းနှင့် မဆိုင်ပဲ သူမသည် ခိုင်မာသောခေါင်းဆောင်တစ်ယောက်၊ တိုင်းပြည်အနာဂတ်အတွက် အကောင်းဘက်ဆန်သောအမြင်များယူဆောင်ပေးနိုင်သာ်ဟု ပြောဆိုရင်း ပါတီအတွင်း စည်းလုံးခြင်းလိုအပ်မှုကို အလေးပေးပြောကြားခဲ့သည်။ မေက အီးယူအတွင်းဆက်လက်ရှိနေရေးကို မဲပေးရွေးချယ်ခဲ့သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ ဒုတိယလူထုဆန္ဒခံယူပွဲမရှိစေရဟု အခိုင်အမာဆိုခဲ့သည်။ " ဒီလှုံ့ဆော်ရေးကို တိုက်ပွဲဝင်ခဲ့ကြပြီးပြီ..... ဆုံးဖြတ်ချက်ကိုလည်း ပြည်သူက ပေးခဲ့ကြပြီးပြီ။ အီးယူမှာဆက်ရှိနေဖို့ ကြိုးပမ်းမှုတွေမရှိရတော့သလို နောက်ဖေးတံခါးပေါက်ကနေတဆင့် အီးယူထဲပြန်ဝင်ဖို့ကြိုးစားမှုလည်း မရှိရတော့ပါဘူး။ ဘရက်ဇစ်[မှတ်စု ၄] ဟာ ဘရက်ဇစ်ပါပဲ။" ထိုနေ့၏ အမြင်မဲဆန္ဒအရ ၄၇% မှာ မေအား ဝန်ကြီးချုပ်ဖြစ်ဖို့အဘို့ငှာ ပါတီခေါင်းဆောင်လောင်းဖြစ်စေချင်ကြ၏။[၃၈] ဒုတိယအကြိမ်မဲပေးရွေးချယ်မှု၌ မေ - ၁၉၉မဲ၊ အန်ဒရီး လက်ဒ်ဆန် (Leadsom) - ၈၄မဲ၊ မိုက်ကယ်ဂို့ဗ် (Gove)- ၄၆မဲရရှိ၍ ဂို့ဗ် ထွက်ရသည်။[၃၉] ဇူလိုင် ၁၁ တွင် လက်ဒ်ဆန် ထိုပြိုင်ပွဲမှ နုတ်ထွက်သဖြင့်[၄၀] တစ်ဦးတည်းကျန်ရှိသော မေမှာ ပါတီခေါင်ဆောင်ဖြစ်သွားသည်။[၄၁][၄၂] ပါတီခေါင်းဆောင်ဖြစ်ပြီး နှစ်ရက်အကြာ ၂၀၁၆ ဇူလိုင် ၁၃တွင် မေအား အဲလိဇဘတ်ဘုရင်မကြီးမှ ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ ထို့ကြောင့် မေမှာ ယခင်ဝန်ကြီးချုပ် သက်ချာပြီးလျှင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာ၏။[၄၃][၄၄] အမှတ်(၁၀) ဒေါင်းနင်းလမ်း၌ ကမ္ဘာ့မီဒီယာများသို့ မိန့်ခွန်းပြောဆိုရာတွင် သူမသည် ဝန်ကြီးချုပ်ဖြစ်ရသည့်အတွက် ပြည်သူပြည်သားများအမှုထမ်း(honoured and humbled)ဖြစ်ကြောင်းပြောဆိုသွားခဲ့၏။ ဝန်ကြီးချုပ်ဖြစ်လာသောအခါ နိုင်ငံ၏အရာရောက်ဆုံးရုံးကြီး (၄)ရုံး(Great Offices of State)[မှတ်စု ၅] မှ ၂ခုကို တာဝန်ယူရသော ပထမဦးဆုံးအမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့သည်။ ခန့်အပ်အပြီး မိန့်ခွန်း၌ ကွန်ဆာဗေးတစ်ပါတီအမည်၌ရှိသော Unionistဆိုသည့်စကားလုံးမှာ အင်္ဂလန်၊စကော့တလန်၊ ဝေလ၊ မြောက်အိုင်ယာလန်တို့ကြား အဖိုးထိုက်သော သံယောဇဉ်ကြိုးတစ်မျှင်ဖြစ်ပါကြောင်း အသိပေး၍ ပြေကြားခဲ့၏။[၄၆] ဇူလိုင် ၁၅ရက်နေ့မတိုင်ခင်လောက်တွင် စကော့တလန်သို့ သွားခဲ့ပြီး စကော့တလန် ပထမဝန်ကြီး(First Minister)နှင့်တွေ့ဆုံ၍ စကော့ နှင့် ယူကေတစ်ခြားအပိုင်းများ၏ နှောင်ဖွဲ့မှုကို ပိုမိုအားဖြည့်ခိုင်မာစေရန်ဆွေးနွေးခဲ့ကြသည်။ "ကျွန်မ ဒီကိုလာခဲ့တာ နှစ်ရာစုပေါင်းများစွာ ကြာရှည်ခဲ့ပြီဖြစ်တဲ့ ဒီထူးခြားတဲ့ ပြည်ထောင်စုကြီး အဓွန့်ရှည်ရပ်တည်ဖို့အတွက် ကျွန်မရဲ့ ကတိသစ္စာကိုပြသဖို့ပါပဲ။ "ဟူ၍ ရှင်းလင်းပြောဆိုသွားခဲ့သည်။[၄၇]

အစိုးရအဖွဲ့ကိုအပြောင်းလဲများစွာပြုလုပ်ခဲ့၏။ ကင်မရွန်းအစိုးရအဖွဲ့မှ ဝန်ကြီးကိုးဦးကို ရာထူးမှအနားယူစေသည်။[၄၈] အီးယူတွင် ဆက်ရှိရန် ထောက်ခံခဲ့သော်လည်း ထင်ရှားသော အီးယူခွဲထွက်ရေးသမားတချို့ကို ဥရောပ သမဂ္ဂမှယူကေခွဲထွက်ခြင်းဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရာထူးများတွင် တာဝန်ပေးခဲ့သည်။ ဘောရစ် ဂျွန်ဆင် အား နိုင်ငံခြားရေးနှင့် ဓနသဟာရနိုင်ငံရေးရာဝန်ကြီးနှင့် မေ၏ လက်ထက်တွင် အသစ်တီထွင်ထားသော ဝန်ကြီးနှစ်နေရာ၌ ဒေးဗစ်ဒ် ဒေးဗစ်(စ်)(David Davis)အား ဘရက်ဇစ်ရေးရာဝန်ကြီး၊ လီယန်ဖော့(က်စ်) (Liam Fox)အား နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး စသဖြင့် အသီးသီးခန့်အပ်ခဲ့သည်။[၄၇][၄၉] နောက်ထပ် ခန့်အပ်မှုများမှာ အမ်ဘား ရပ်ဒ်(Amber Rudd)အား ပြည်ထဲရေး၊ ဖစ်လစ် ဟန်းမာ့န်ဒ်(Philip Hammond)အား ဘဏ္ဍရေးရာအဓိပတိခန့်အပ်ခဲ့လေသည်။[၅၀]


၂၀၁၆ G20 ထိပ်သီးအစည်းဝေးပွဲ၊ ဗလာဒီမာပူတင် နှင့် အတူ၊ ဟန်ကျိုးခရိုင်၊တရုတ်ပြည်။

ဇူလိုင် ၂၀တွင် သူမ၏ပထမဆုံး ဝန်ကြီးချုပ်အမေး၊အဖြေဆောင်ရွက်မှုအတွက် အောက်လွှတ်တော်သို့တက်ရောက်သည်။[မှတ်စု ၆] ထို့နောက် ဘာလင်သို့သွားရောက်ကာ ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်(Angela Merkel)နှင့် တွေ့ဆုံ၍ ၂၀၁၇မတိုင်ခင် အီးယူမှခွဲထွက်ခြင်းလပ်ငန်းစဉ်ဖြစ်သော လစ်(စ်)ဘွန်းစာချုပ်ပါ အပိုဒ်(၅၀) ကို လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ယူကေအတွက် သင့်လျှော်၍ အစီစဉ်တကျထွက်ခွာခြင်းကို ဆွေးနွေးညှိနှိုင်းရန် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၅၂] မေသည် ဆော်ဒီဦးဆောင်၍ ယီမင်အရေးစွက်ဖက်မှုကိုထောက်ခံ၍ ဆော်ဒီသို့လက်နက်ရောင်းချခြင်းအပေါ်ခုခံပြောဆိုသွားလေသည်။[၅၃] ထိုအရေးကို ယီမင်တွင် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲကြလေသည်။[၅၄] [၅၅]

၂၀၁၇ ဇန်နဝါရီ၊ ဝါရှင်တန်တွင် သမ္မတ ဒေါ်နယ် ထရမ့်နှင့်အတူ။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတ ဒေါ်နယ် ထရမ့်တက်ရောက်လာ (၂၁-၁-၂၀၁၇)သောအခါ မေက ဇန်နဝါရီ ၂၇တွင် သမ္မတနှင့်တွေ့ရန်ရှိကြောင်း အိမ်ဖြူတော်မှ ကြေညာခဲ့သည်။[၅၆] ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ မေက ယူအက်စ်-ယူကေ ကုန်သွယ်ရေးတိုးမြှင့်ရန် စိတ်ဝင်စားကြောင်းပြသခဲ့၏။ အမေရိကန်၏ နေတိုးတွင်ပါဝင်ပတ်သတ်မှုကို ဆက်လက်ထိန်းရန်ဆန္ဒကိုလည်း အတည်ပြုခဲ့သည်။[၅၇] မေက သမ္မတဒေါ်နယ် ထရမ့်အား ဘုရင်မကြီးဆီသို့ အလည်ပတ်ခရီးဖိတ်ခေါ်ခြင်းနှင့် သမ္မတ၏ ပြည်ပအကြမ်းဖက်သမားများဝင်ရောက်မှုကို တားဆီးသည့်အမိန့်အာဏာ Executive Order 13769 (နိုင်ငံရေးအရ Muslim ban ဟုသိကြသည်) ထုတ်ပြန်ခြင်းအတွက်ရှုတ်ချမှုမပြုသောကြောင့် ဝေဖန်ခံခဲ့ရသည်။[၅၈][၅၉][၆၀]


၂၀၁၇ ဇူလိုင် ၇-၈၊ G20 ထိပ်သီးဆွေးနွေးပွဲ၊ ဟမ်းဘာ့ဂ်

​ဧပြီ ၁၈တွင် ရှောင်တခင်ရွေးကောက်ပွဲကို ဇွန်လ၌ကျင်းပရန် ပါလီမန်မဲတောင်းဆိုမည်ဟု ကြေညာကာ နောင်လာမည့်နှစ်များအတွက် ဤသို့လုပ်ခြင်းသည် တစ်ခုတည်းသော သေချာခိုင်မာမှုကို အာမခံနိုင်မည့်နည်းလမ်းဟု ပြောကြားခဲ့သည်။[၆၁] ထိုရှောင်တခင်ရွေးကောက်ပွဲမှာ Fixed-term Parliaments Act 2011 အောက်တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး မါလီမန်အမတ်များ၏ လိုအပ်မဲအရေအတွက် သုံးပုံနှစ်ပုံရရှိခဲ့လေသည်။

Democratic Unionist Partyခေါင်းဆောင် Arlene Fosterနှင့်အတူ


ဒုတိယသက်တမ်း[ပြင်ဆင်ရန်]

ဘွေးနို့အိုင်းရီးဇ်မြို့ G20ထိပ်သီးအစည်းအဝေးပွဲတွင် အာဂျင်တီးနားသမ္မတ Mauricio Macri နှင့်အတူ၊ ၂၀၁၈။ မေသည် ဖော့ကလန်ကျွန်းစုစစ်ပွဲပြီးနောက် ယင်းမြို့ကို ပထမဆုံးလည်ပတ်သော ဗြိတိသျှဝန်ကြီးချုပ်[၆၂]

၂၀၁၇ ပါလီမန်ဖွင့်ပွဲအပြီး နှစ်ပတ်အတွင်း ယူကေ၌ ဖြစ်ပေါ်ခဲ့ဖူးသော Contaminated blood scandalကို လူသိရှင်ကြား စစ်ဆေးရန်အမိန့်ပေးသည်။[၆၃] အဓိက လူပေါင်း ၁၀၀၀ ကျော်ဖြင့် ထိုစစ်ဆေးမှုမှာ ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံးသော စစ်ဆေးမှုကြီးဖြစ်ပေသည်။[၆၄] ၂၀၁၇ နိုဝင်ဘာတွင် ရခိုင်အရေးနှင့်ပတ်သတ်၍ ဝင်ရောက်စွက်ဖက်ဝေဖန်သည်။ ဒီဇင်ဘာ ၁၄ ၂၀၁၇တွင် အီးယူထွက်ခွာရေးဥပဒေမူကြမ်းအပေါ် ကွန်ဆာဗေးတစ်ဒုတိယ ဥက္ကဋ္ဌ Stephen Hammondအပါအဝင် ကွန်ဆာဗေးတစ်အမတ် ၁၁ဦးမှာ မေအစိုးရကို ဆန့်ကျင်မဲပေးသဖြင့် ၃၀၉မဲ :၃၀၅မဲဖြင့် ရှုံးနိမ့်ခဲ့၏။[၆၅][၆၆] ရုရှားအား ကမ္ဘာ့ဇာတ်ခုံတွင်အရေးပါသော နိုင်ငံတကာ ဥပဒေ၊လုပ်ထုံးလုပ်နည်းများစသည်(international order) တို့ကို ခြိမ်းခြောက်ခြင်း၊ အတုအယောင်ဇာတ်လမ်းများလုပ်ရန် ၎င်း၏နိုင်ငံပိုင်သတင်းမီဒီယာများစေလွှတ်၍ သတင်းအချက်အလက်ကို လက်နက်သဖွယ်အသုံးချခြင်းတို့နှင့်ပတ်သက်၍ စွပ်စွဲသည်။[၆၇] ၂၀၁၇ ဂျာမန်ရွေးကောက်ပွဲတွင် ရုရှားပါဝင်ပတ်သတ်နေမှုကို ဖော်ပြခဲ့၏။[၆၇] ယင်းမတိုင်မီက ဂျာမန်အစိုးရအရာရှိများနှင့် လုံခြုံရေးကျွမ်းကျင်ပညာရှင်များက ရုရှားပါဝင်နှောက်ယှက်မှု လုံးဝမရှိကြောင်း ပြောဆိုခဲ့သည်။[၆၈] တရုတ်ပြည်အား လူ့အခွင့်အရေးနှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်မည်ဟု ကတိပေးသော်လည်း တရုတ်နိုင်ငံပိုင်မီဒီယာက သူမ၏တရုတ်နိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စကို ရှောင်ရှားခဲ့သည့်အတွက် ချီးမွန်းသွားခဲ့လေသည်။[၆၉] ၂၀၁၈ မေတွင် တူရကီသမ္မတ၏ သုံးရက်ကြာခရီးစဉ်၌ မေက ဗြိတိန်သည် တူရကီနိုင်ငံ၏ မိတ်ဆွေရင်းဖြစ်ကြောင်းလည်းပြောဆိုခဲ့၏။


ဆော်ဒီ၏ ယီမင်အရေးတွင်ဝင်ရောက်နှောက်ယှက်သည်ကို ထောက်ခံ၊ထောက်ပံ့မှုပေးသည့်အတွက် ထရီဇာ မေသည် ဝေဖန်မှုခံရ[၇၀]

၂၀၁၈ ဒီဇင်ဘာ ၄ရက်၌ မေ၏အစိုးရအဖွဲ့သည် ပါလီမန်အား မထီမဲ့မြင် (ပါလီမန်ကို အရေးမထား)ပြုသည်ဟူသော အဆိုပြုချက်တစ်ခုကို မဲ ၃၁၁:၂၉၃ဖြင့် လွှတ်တော်တွင်ထုတ်ပြန်ရာ ယူကေသမိုင်း၌ ထို မထီမဲ့မြင်ပြုခြင်းအပြစ်ကို တွေ့ရှိရသော ပထမဆုံးအစိုးရလည်းဖြစ်သွားပေသည်။[၇၁] [၇၂] ဖြစ်ပေါ်ရသည့်ကိစ္စမှာ ဘုရင်မကြီးဆီသို့ လုပ်ဆောင်ရန်တင်ပြမှုများကို အောက်လွှတ်တော်က တညီတည်းသဘောတူပြီးနောက် ယူကေ၏ အီးယူမှထွက်ခွာခြင်းကိစ္စ၌ ဥပဒေရေးရာအကြံပေးချက်များကို ထုတ်ပြန်ရန်ပျက်ကွက်ခဲ့မှုကြောင့်ဖြစ်သည်။

ဒီဇင်ဘာ ၁၂ တွင် ကွန်ဆာဗေးတစ်ပါတီမှ သူမ၏ခေါင်းဆောင်မှုအပေါ် အယုံကြည်မရှိခြင်းအဆို(motion of no confidence)ကို စတင်ရင်ဆိုင်ရခဲ့၏။ သို့သော် မဲ ၂၀၀:၁၇၇ဖြင့် နိုင်ခဲ့လေသည်။[၇၃] ဒီဇင်ဘာ ၁၇ အတိုက်အခံလေဘာခေါင်းဆောင် ဂျရမီး ကော်ဘင် (Jeremy Corbyn)မှ အောက်လွှတ်တော်တွင် သူမအား ဘရက်ဇစ်အရေးနှင့် ပတ်သက်၍ အယုံကြည်မရှိခြင်းအဆို(motion of no confidence)ကို တင်ခဲ့သည်။[၇၄] ၂၀၁၉ ဇန်နဝါရီ ၁၅ ဘရက်ဇစ်ညှိနှိုင်းမှုမအောင်မြင်သဖြင့် ဂျရမီး ကော်ဘင်က၂၀၁၉တွင် အယုံကြည်မရှိအဆိုတင်ပြန်ရာ နောက်တစ်နေ့ညနေပိုင်းတွင် မဲခွဲ၏။[၇၅][၇၆][၇၇] ထိုအဆိုသည် မဲ ၃၂၅ : ၃၀၆ ဖြင့် အရေးနိမ့်ခဲ့၏။

On 15 January 2019 သူမ၏ ဘရက်ဇစ်ညှိနှိုင်းမှုအပေးအယူကို အောက်လွှတ်တော်တွင် မဲခွဲရာ မေရှုံးနိမ့်၏။[၇၈] ဖေဖော်ဝါရီ ၁၄ တွင် ၎င်းအစိုးရ၏ ဘရက်ဇစ်စေ့စပ်မှုနှငိ့ပတ်သတ်၍ပင် ထပ်မံမဲခွဲရာ ရှုံနိမ့်ပြန်သည်။[၇၉] သူမ၏ အီးယူနှင့် နောက်ဆုံးအပေးအယူသဘောတူညီမှု၌လည်း တတိယအကြိမ်မြောက် လွှတ်တော်တွင် ရှုံးနိမ့်ခဲ့၏။[၈၀] ၂၉ မတ်လ နိုင်ငံရေးအခင်းအကျင်းပေါ်တွင်မဟုတ်ပဲ အီးယူမှထွက်ခွာခြင်း ညှိနှိုင်းချက်ကို မဲ ၂၈၆ : ၃၄၄ ဖြင့် စတုတ္ထအကြိမ်ရှုံးနိမ့်ခဲ့သည်။[၈၁]

ထရီဇာ မေ အမှတ်(၁၀)ဒေါင်းနင်းလမ်း၌ နုတ်ထွက်ကြောင်း ပြောဆိုနေပုံ

၂၄ မေလ၌ သူမသည် ကွန်ဆာဗေးတစ်ခေါင်းဆောင်ရာထူးမှ ဇွန်လ ၇ရက်တွင်နုတ်ထွက်မည်ဖြစ်ကြောင်း အတည်ပြုသည်။[၈၂] ဘုရင်မကြီးဆီသို့ ဇူလိုင် ၂၄တွင် နုတ်ထွက်စာ ပေးအပ်ခဲ့သည်။ ထို့နောက် ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာ၏။[၈၃]


ဂုဏ်ပြုမှုများ[ပြင်ဆင်ရန်]

  • ၂၀၀၃ ၌ ပရစ်ဗီကောင်စီဝင်ဖြစ်၍ ဂုဏ်ထူးဆောင် အခေါ်အဝေါ်ဖြစ်သော (The Right Honourable)ဆိုသည့် အမည်နာမရှေ့ဆက် စကားလုံးကိုရရှိသည်။
  • ၂၀၁၇၌ ဆော်ဒီနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သော Special Class of the Order of King Abdulaziz ကိုရရှိ။[၈၄]

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

ရက်ဒ်ဒင်းတက္ကသိုလ် (Reading University) ကွန်ဆာဗေးတစ်အဖွဲ့၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်။[၈၅] သူမဧ တက်ကြွလှုပ်ရှားမှုများမှ ဆုတံဆိပ်များစွာရရှိ။

၂၀၀၆ခု လူမှုအဖွဲ့အစည်း၏ စေ့ဆော်တွန်းအားပေးနိုင်သော အမျိုးသမီးများထဲမှ ဆန်ကာတင်ရွေးချယ်ခံရ။[၈၆] BBC Radio 4 ၏ Woman's Hourတွင် ဗြိတိန်၌ ဘုရင်မကြီး အဲလိဇဘတ်ပြီးနောက် ဒုတိယမြောက်ဩဇာအညောင်းဆုံးအမျိုးသမီးအဖြသ်ဖော်ပြ။[၈၇]

၂၀၁၄ နိုဝင်ဘာ ၃၀ မေအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ကမ္ဘာ့ဆစ်ခ်တက္ကသိုလ် (World Sikh University)မှ ချီးမြှင့်။[၈၈] ၂၀၁၇ စက်တင်ဘာ ဖော့(ဘ်စ်)မဂ္ဂဇင်းက အိန်ဂျလာမာကယ်ပြီးလျှင် ကမ္ဘာ့၌ ဒုတိယဩဇာရှိသောပုဂ္ဂိုလ်အဖြစ်စာရင်းသွင်းခဲ့သည်။[၈၉]

ဩဂုတ်လ ၃၀၊ ၂၀၁၈ တွင် နိုင်ဂျီးရီးယာနိုင်ငံ အဘူဂျာဂုဏ်ထူးဆောင် နိုင်ငံသားဆုချီးမြှင့်ခဲ့၏။[၉၀]


မှတ်စု[ပြင်ဆင်ရန်]

  1. Khat or qat (Catha edulis, Arabic: القات‎ qat) is a flowering plant native to the Horn of Africa and the Arabian Peninsula. Khat contains the alkaloid cathinone, a stimulant, which is said to cause excitement, loss of appetite, and euphoria. Among communities from the areas where the plant is native, khat chewing has a history as a social custom dating back thousands of years analogous to the use of coca leaves in South America and betel nut in Asia[၃]
  2. In a parliamentary democracy based on the Westminster system, confidence and supply are required for a minority government to retain power in the lower house. A confidence-and-supply agreement is one whereby a party or independent members of parliament will support the government in motions of confidence and appropriation or budget (supply) votes, by either voting in favour or abstaining.[၇]
  3. In Westminster parliamentary systems, a backbencher is a member of parliament (MP) or a legislator who holds no governmental office and is not a frontbench spokesman in the Opposition, being instead simply a member of the "rank and file". [၈]
  4. ဘရက်(ခ်)ဇစ် Brexit သို့ Brixit (IPA /ˈbrɛksɪt, ˈbrɛɡzɪt/) အရှည်စကားလုံး - BRITISH Exit ( the withdrawal of the United Kingdom (UK) from the European Union (EU)) ဟု Br နှင့် Exit အသံကို ရောနှောခေါ်ဆိုသော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်မှာ ယူနိုက်တက်ကင်းဒန်းနိုင်ငံဥရောပ သမဂ္ဂမှ ထွက်ခွာခြင်း။[၃၇]
  5. Prime Minister, Chancellor of the Exchequer, Foreign Secretary and Home Secretary[၄၅]
  6. ယူကေ၏ ဖွဲ့စည်းပုံအရ အောက်လွှတ်တော်(The House of Commons - lower house)ကသာ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ပြီး အထက်လွှတ်တော်(the House of Lords )ထက် များစွာပို၍အရေးပါအရာရောက်သည်။[၅၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Ball၊ James (17 July 2016)။ This Is What It's Like To Work In Government For Theresa MayBuzzFeed News။ 6 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2017 တွင် ပြန်စစ်ပြီး။
  2. Quinn၊ Ben။ "Theresa May sets out 'one-nation Conservative' pitch for leadership"၊ The Guardian၊ 30 June 2016။ 24 July 2018 တွင် ပြန်စစ်ပြီး 
  3. https://en.wikipedia.org/wiki/Khat
  4. Rentoul၊ John။ "Boring and competent Theresa May is what the nation needs after the shock of the Brexit vote"၊ The Independent၊ 1 July 2016။ 2 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 1 July 2016။ 
  5. Crace၊ John။ "Political crises don't come much bigger than Brexit"၊ GQ၊ 9 July 2018။ 10 July 2018 တွင် ပြန်စစ်ပြီး 
  6. "General election 2017: Why did Theresa May call an election?"၊ BBC News၊ 9 June 2017။ 4 September 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 5 September 2017။ 
  7. https://en.wikipedia.org/wiki/Confidence_and_supply
  8. https://en.wikipedia.org/wiki/Backbencher
  9. Mendick၊ Robert။ "The Oxford romance that has guided Theresa May from tragedy to triumph"၊ The Daily Telegraph၊ 9 July 2016။ 13 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 13 July 2016။ 
  10. Brasier၊ Hubert (1973)။ A Guide to the Parish Church of St Mary the Virgin, Wheatley။ Gloucester: British Pub. Co.။ ISBN 978-0714009742
  11. The International Who's Who။ Europa Publications။ 2004။ p. 1114။
  12. Gove၊ Michael။ "Mrs May is our first Catholic prime minister"၊ The Times၊ 9 March 2017။ 9 March 2017 တွင် ပြန်စစ်ပြီး 
  13. "Theresa May: Iron lady in waiting"။ 30 October 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 31 October 2016။ 
  14. "Theresa May – what lies beyond the public image?"၊ The Guardian၊ 27 July 2014။ 10 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2016။ 
  15. "The Oxford romance that has guided Theresa May from tragedy to triumph"၊ The Daily Telegraph၊ 9 July 2016။ 12 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2016။ 
  16. Kite၊ Melissa။ "How clashes with Theresa May led Dame Pauline Neville Jones to quit"၊ The Sunday Telegraph၊ 15 May 2011။ 5 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 4 July 2016။ 
  17. "Screaming arrival"၊ BBC News၊ 8 May 2000။ 20 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 13 August 2017။ 
  18. Sullivan၊ Paul (2012)။ The Little Book of Oxfordshire။ New York: History Press။ ISBN 978-0-7524-8243-9။ 17 November 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 5 July 2016 တွင် ပြန်စစ်ပြီး
  19. Looking back with Theresa (in en)။ 2019-05-31 တွင် ပြန်စစ်ပြီး။
  20. "Oxford University class list." The Times (London). 11 July 1977. p. 14.
  21. ၂၁.၀ ၂၁.၁ "As Theresa May makes a bid for prime minister we look at her first foray into politics"၊ ITV News၊ 7 July 2016။ 9 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 8 July 2016။ 
  22. Former Merton councillor Theresa May to become prime minister today (13 July 2016)။ 31 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2017 တွင် ပြန်စစ်ပြီး။
  23. Knowles၊ Elizabeth (23 August 2007)။ Oxford Dictionary of Modern Quotations။ Oxford: Oxford University Press။ p. 217။ ISBN 978-0-19-920895-1။ 25 February 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  24. Childs၊ Sarah (8 April 2008)။ Women and British Party Politics: Descriptive, Substantive and Symbolic Representation။ Routledge။ pp. 21–22။ ISBN 978-1-134-21157-9။ 25 February 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  25. "Howard unveils his top team"၊ BBC News၊ 10 November 2003။ 9 June 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 11 March 2006။ 
  26. "Theresa May flies the flag for women in Government"၊ The Independent၊ 12 May 2010။ 16 September 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 15 May 2010။ 
  27. National Security Council။ Government of the United Kingdom။ 7 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2014 တွင် ပြန်စစ်ပြီး။
  28. "Theresa May criticises human rights convention after Abu Qatada affair"၊ The Guardian၊ 8 July 2013။ 2 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 17 July 2016။ 
  29. "Abu Qatada deported from UK to stand trial in Jordan"၊ BBC News။ 2 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 18 July 2016။ 
  30. Maria Miller becomes culture secretary Archived 3 March 2017 at the Wayback Machine., The Guardian, 4 September 2012. Retrieved 11 December 2012.
  31. "Analysis: How pro-gay is the new home secretary and minister for equality Theresa May?"၊ Pink News၊ 12 May 2010။ 28 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 25 November 2010။ 
  32. Theresa May MP, Maidenhead, Homosexuality – Equal rightsThe Public Whip။ 15 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2010 တွင် ပြန်စစ်ပြီး။
  33. Coates၊ Sam။ "From senior to junior – demoted Tories lose seats at the top table"၊ The Times၊ 14 May 2010။ 28 October 2010 တွင် ပြန်စစ်ပြီး  (အသင်းဝင်ရန် လိုအပ်သည်။)
  34. "I've changed my mind on gay adoption, says Theresa May"၊ BBC News၊ 20 May 2010။ 28 October 2010 တွင် ပြန်စစ်ပြီး 
  35. "Labour to stick with Labour's Equality Act"၊ BBC News၊ 2 July 2010။ 3 July 2010 တွင် ပြန်စစ်ပြီး 
  36. "New equality rights in workplace come into force"၊ BBC News၊ 1 October 2010။ 1 October 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 1 October 2010။ 
  37. https://en.m.wikipedia.org/wiki/Brexit
  38. Carr၊ Harry (30 June 2016)။ Theresa May Is Britons' Favourite For PM – Poll။ Sky News။ 2 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 July 2016 တွင် ပြန်စစ်ပြီး။ “The other candidates lagged far behind, with Michael Gove on 9%”
  39. "Theresa May v Andrea Leadsom to be next prime minister"၊ BBC News၊ 8 July 2016။ 8 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 8 July 2016။ 
  40. May to take over as UK PM by WednesdayFinancial Times (11 July 2016)။ 12 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  41. "Theresa May to succeed Cameron as UK PM on Wednesday"၊ BBC News၊ 13 July 2016။ 11 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2016။ "The timing of the handover of power from David Cameron looks set to be after PM's questions on Wednesday." 
  42. "Theresa May gives first speech as leader of the Conservative party"၊ 11 July 2016။ 11 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2016။ 
  43. Adam.Vallance (12 July 2016)။ The Queen received in audience The Right Honourable Theresa May။ 18 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2016 တွင် ပြန်စစ်ပြီး။
  44. "PM-in-waiting Theresa May promises 'a better Britain'"၊ BBC News၊ 11 July 2016။ 18 April 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 25 January 2017။ 
  45. https://en.wikipedia.org/wiki/Great_Offices_of_State
  46. "Theresa May: Word unionist 'very important to me'"၊ BBC News၊ 13 July 2016။ 14 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2016။ 
  47. ၄၇.၀ ၄၇.၁ Stewart၊ Heather။ "Theresa May's decisive reshuffle draws line under Cameron era"၊ 14 July 2016။ 15 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2016။ 
  48. Hughes၊ Laura။ "Theresa May appoints Justine Greening and Liz Truss after mass cull of old government sees Michael Gove and Nicky Morgan axed"၊ 14 July 2016။ 14 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2016။ 
  49. "May Builds New-Look Brexit Cabinet to Steer EU Divorce"၊ 15 July 2016။ 15 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2016။ 
  50. "Who is David Davis? A profile of Britain's new 'Brexit Secretary'"၊ The Daily Telegraph၊ 14 July 2016။ 15 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2016။ 
  51. https://www.obv.org.uk/info-centre/guide-democracy၊[လင့်ခ်သေ] ပထမခေါင်းစဉ် - parliament
  52. Mason၊ Rowena။ "Angela Merkel backs Theresa May's plan not to trigger Brexit this year"၊ 20 July 2016။ 20 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 20 July 2016။ 
  53. "Theresa May claims selling arms to Saudi Arabia helps 'keep people on the streets of Britain safe'"၊ 7 September 2016။ 1 October 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 3 October 2016။ 
  54. "UK accused of blocking UN inquiry into claim of war crimes in Yemen"၊ 25 September 2016။ 1 October 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 1 October 2016။ 
  55. "Theresa May rejects calls for UK to halt arms sales to Saudi Arabia"၊ 7 September 2016။ 1 October 2016 တွင် ပြန်စစ်ပြီး 
  56. "Theresa May to meet Donald Trump on Friday – White House"၊ BBC News၊ 21 January 2017။ 21 January 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 21 January 2017။ 
  57. "In Meeting With Trump, U.K. Prime Minister Pushes For Future Trade Deal"၊ Washington DC: NPR၊ 27 January 2017။ Archived from the original on 29 January 2017။ 
  58. "Theresa May fails to condemn Donald Trump on refugees"၊ BBC News၊ 28 January 2017။ Archived from the original on 30 January 2017။ 
  59. Payne၊ Adam။ "Theresa May is at heart of a political storm over her 'weak' response to Trump's Muslim ban"၊ Nordic Business Insider၊ 29 January 2017။ Archived from the original on 2 February 2017။ 
  60. Waldie၊ Paul။ "British PM Theresa May faces tough lesson over Trump's U.S. entry ban"၊ The Globe and Mail၊ 30 January 2017။ Archived from the original on 19 March 2017။ 
  61. "May to seek snap election for 8 June"၊ BBC၊ 18 April 2017။ 18 April 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 18 April 2017။ 
  62. "Prime Minister Theresa May becomes first PM to visit Buenos Aires". Government of the United Kingdom. 30 November 2018.
  63. PM statement on contaminated blood inquiry: 11 July 2017။ Government of the United Kingdom။
  64. Bowcott၊ Owen (24 September 2018)။ Infected blood victims 'may still not know they have hepatitis C'The Guardian။ 15 January 2019 တွင် ပြန်စစ်ပြီး။
  65. "Tory Brexit rebels inflict major defeat on Theresa May"၊ The Guardian၊ 14 December 2017။ 30 December 2017 တွင် ပြန်စစ်ပြီး 
  66. "The Tories have sacked their own vice-chairman after he helped defeat the Government over Brexit"၊ The Independent၊ 13 December 2017။ 30 December 2017 တွင် ပြန်စစ်ပြီး 
  67. ၆၇.၀ ၆၇.၁ "Theresa May warns Russia over election meddling and vows to protect UK". The Independent. 13 November 2017.
  68. "Germany sees no sign of cyber attack before Sept. 24 election". Reuters. 19 September 2017.
  69. "China applauds ‘Auntie’ Theresa May for sidestepping human rights issue". The Week. 2 February 2018.
  70. "Theresa May defends UK ties with Saudi Arabia". BBC News. 4 April 2017.
  71. Kentish၊ Benjamin။ "Theresa May government found in contempt of parliament over failure to publish full Brexit legal advice"၊ The Independent၊ 4 December 2018။ 26 May 2019 တွင် ပြန်စစ်ပြီး 
  72. Govt found in contempt of Parliament for first time in history over Brexit legal advice။ Sky News။ 4 December 2018 တွင် ပြန်စစ်ပြီး။
  73. Watts၊ Joe။ "Theresa May wins critical vote of confidence from Conservative MPs, thwarting Brexiteer rebels"၊ The Independent၊ 12 December 2018။ 12 December 2018 တွင် ပြန်စစ်ပြီး 
  74. Labour makes no-confidence move against PMBBC News (17 December 2018)။ 17 December 2018 တွင် ပြန်စစ်ပြီး။
  75. Rawlinson၊ Kevin (15 January 2019)။ Brexit vote: Jeremy Corbyn tables no-confidence motion after May defeat – Politics live။ 15 January 2019 တွင် ပြန်စစ်ပြီး။
  76. PM's Brexit deal rejected by huge margin။ BBC (15 January 2019)။ 15 January 2019 တွင် ပြန်စစ်ပြီး။
  77. May Loses Brexit Vote in Landslide, Faces Confidence Vote။ Bloomberg L.P.။ 15 January 2019 တွင် ပြန်စစ်ပြီး။
  78. PM's Brexit deal rejected by 230 votesBBC News (15 January 2019)။ 15 January 2019 တွင် ပြန်စစ်ပြီး။
  79. "PM defeated over Brexit strategy"၊ 14 February 2019။ 18 February 2019 တွင် ပြန်စစ်ပြီး 
  80. MPs ignore May's pleas and defeat her Brexit deal by 149 votesThe Guardian။ 12 March 2019 တွင် ပြန်စစ်ပြီး။
  81. Edgington၊ Tom။ "What Brexit deal did MPs reject?" (in en-GB)၊ 29 March 2019။ 
  82. "Latest as May makes statement outside No 10"၊ BBC News။ 24 May 2019 တွင် ပြန်စစ်ပြီး 
  83. Theresa May officially steps down as Tory leader။ BBC (7 June 2019)။ 7 June 2019 တွင် ပြန်စစ်ပြီး။
  84. "PM meeting with King Salman of Saudi Arabia: 5 April 2017" (သတင်းထုတ်ပြန်ချက်)။ Government of the United Kingdom28 May 2018 တွင် ပြန်စစ်ပြီး
  85. Friends။ Reading University Conservative Association။ 3 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2012 တွင် ပြန်စစ်ပြီး။
  86. Fawcett Society။ Fawcett Society။ 22 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2010 တွင် ပြန်စစ်ပြီး။
  87. Woman's Hour – The Power List 2013။ BBC Radio 4။ 15 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  88. "UK Home Secretary Theresa May lauds role of Sikh soldiers during World War"၊ The Times of India၊ 30 November 2014။ 16 December 2018 တွင် ပြန်စစ်ပြီး 
  89. The World's 100 Most Powerful Women။ 20 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2017 တွင် ပြန်စစ်ပြီး။
  90. Uche၊ Bruno (August 30, 2018)။ THERESA MAY CONFERRED WITH ABUJA CITIZENSHIP။ Verbatim။ 25 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 31, 2019 တွင် ပြန်စစ်ပြီး။/

External links[ပြင်ဆင်ရန်]