တွမ်ခရုစ်

ဝီကီပီးဒီးယား မှ
တွမ်ခရုစ်
Tom Cruise by Gage Skidmore.jpg
ဇာတိ အမည်Tom Cruise
(Thomas Cruise Mapother IV)
 (အင်္ဂလိပ်)
မွေးဖွားသောမတ်စ် ခရုစ် မေပိုသာ IV
(1962-07-03) ဇူလိုင် ၃၊ ၁၉၆၂ (အသက် ၆၀)
ဆီရာကျု့စ်မြို့အမေရိကန်ပြည်ထောင်စု
အလုပ်အကိုင်
  • ရုပ်ရှင်သရုပ်ဆောင်
  • ထုတ်လုပ်သူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၁–လက်ရှိ
အရပ်၁၇၀ စင်တီမီတာ (၅ ပေ ၇ လက်မ)
အိမ်ထောင်ဖက်(များ)
သားသမီး
မိဘ(များ)
  • သောမတ်စ် ခရုစ် မေပိုသာ-III (ဖခင်)
  • မေရီလီ (မိခင်)
ဆွေမျိုးသားချင်းဝီလီယျံ မေပိုသာ (ဝမ်းကွဲ)
ဝက်ဘ်ဆိုဒ်tomcruise.com
လက်မှတ်
Tom Cruise signature.svg

တွမ်ခရုစ် (အင်္ဂလိပ်: Tom Cruise) ဆိုသည့် အမည်ဖြင့် လူသိများသော သောမတ်စ် ခရုစ် မေပိုသာ IV (အင်္ဂလိပ်: Thomas Cruise Mapother IV; /ˈtɒməs ˈkrz ˈmpɒθər/; ၃ ဇူလိုင် ၁၉၆၂ ဖွား) သည် အမေရိကန်နိုင်ငံသား၊ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်နှင့် ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ တွမ်ခရုစ်သည် သူပါဝင်သရုပ်ဆောင်ခဲ့သည့် “Mission Impossible” အခန်းဆက် ရုပ်ရှင်ကားများ၊ “တော့ပ်ဂန်း (၁၉၈၆)” နှင့် လတ်တလော (၂၀၂၂ ခုနှစ်) ရုံတင်ပြသလျှက်ရှိသည့် ၎င်း၏နောက်ဆက်တွဲ “တော့ပ်ဂန်း။ မာ့ဗရစ် (အင်္ဂလိပ်: Top Gun:Maverick)” အပါအဝင် အခြား ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဖြင့် ကမ္ဘာတဝှမ်း လူသိများသည်။ ထို့ပြင် တွမ်ခရုစ်သည် ဟောလိဝုဒ်၏ အနုပညာကြေး အမြင့်ဆုံး သရုပ်ဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။[၁][၂]

တွမ်ခရုစ် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားမှာ “အဆုံးသတ်မရှိသော အချစ်” ဟု မြန်မာလိုအဓိပ္ပါယ်ရသော “Endless Love” ရုပ်ရှင်ကားဖြစ်သည်။ အဓိက ဇာတ်ကောင်နေရာ (သို့) ဇာတ်ဆောင်(ဇာတ်လိုက်)အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားမှာ “Risky Business” ဖြစ်သည်။ တွမ်ခရုစ် သည် သူ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားများဖြစ်သော - “Fourth of July” (၁၉၈၉)၊ “Jerry Maguire” (၁၉၉၆)၊ “Magnolia” (၁၉၉၉) နှင့် “Easy A” (၂၀၁၀) ရုပ်ရှင်ကားတို့ဖြင့် အော်စကာဆု (၃)ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု (၃)ဆုကို ရရှိခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

တွမ်ခရုစ်ကို သူ၏မိဘများဖြစ်သော လျှပ်စစ်အင်ဂျင်နီယာ မစ္စတာ သောမတ်စ် ခရုစ် မေပိုသာ-III (အင်္ဂလိပ်: Thomas Cruise Mapother III) နှင့် အထူးပညာရေးဆရာမ မေရီလီ တို့မှ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်၊ ဆီရာကျု့စ်မြို့တွင် ဖွားမြင်ခဲ့သည်။[၃][၄] တွမ်ခရုစ်တွင် လီအန်နီ၊ မာရီယန် နှင့် ကတ်စ် ဟု အမည်ရှိသော တအူတုံဆင်း မွေးချင်း မောင်နှမ (၃)ဦးရှိသည်။[၅][၆][၇] တွမ်ခရုစ်သည် အိုင်းရစ်၊ ဂျာမန်၊ အင်္ဂလိပ် ကပြားဖြစ်သည်။[၈][၉]

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

တွမ်ခရုစ် တွင် သူ၏ဒုတိယအိမ်ထောင်ဖက် ရုပ်ရှင်သရုပ်ဆောင် နီကိုးကစ်မင်းန်နှင့်အတူ သမီးတစ်ယောက်နှင့် သားတစ်ယောက် မွေးစားထားသည်။ တတိယအိမ်ထောင်ဖက်ဖြစ်သော ရုပ်ရှင်သရုပ်ဆောင် ကေသီဟုမ်းနှင့် တွမ်ခရုစ်တို့တွင် ဆူရီ (ဧပြီ ၂၀၀၆ ဖွား) အမည်ရသော သမီးလေးတစ်ဦးထွန်းကားခဲ့သည်။ တွမ်ခရုစ် နှင့် ကေသီဟုမ်း တို့သည် ၂၀၀၆ ခုနှစ် နိုဝင်ဘာလ၌ လက်ထပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Dorothy Pomerantz (2012-04-18)။ Tom Cruise Tops Our List Of Hollywood's Highest-Paid Actors။ Forbes။ 2012-07-23 တွင် ပြန်စစ်ပြီး။
  2. Newsbeat - Tom Cruise highest paid actor in Hollywood, says Forbes။ BBC (2012-07-04)။ 2012-07-23 တွင် ပြန်စစ်ပြီး။
  3. "About Tom"၊ Time။ February 3, 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 24 August 2013။ 
  4. Tom Cruise Biography။ January 9, 2014 တွင် ပြန်စစ်ပြီး။
  5. Stated on Inside the Actors Studio interview with Cruise, January 11, 2004; can be viewed at YouTube
  6. Genealogy.com: Ancestry of Tom CruiseGenealogy.com website။ 9 May 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 9, 2014 တွင် ပြန်စစ်ပြီး။
  7. "North East Wales: Cruise's Welsh roots uncovered"၊ BBC News website။ March 31, 2010 တွင် ပြန်စစ်ပြီး 
  8. Ancestry of Tom Cruise။ January 9, 2014 တွင် ပြန်စစ်ပြီး။
  9. Tom Cruise’s Irish Ancestry။ 7 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2014 တွင် ပြန်စစ်ပြီး။
  10. Tom Cruise And Katie Holmes Quickie Divorce What Does It Mean။ E! Online (2012-07-09)။ 2012-07-23 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]