တောင်မင်းကုလားရွာ
တောင်မင်းကုလားရွာ | |
---|---|
တောင်မင်းကုလားရွာ တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 20°40′30″N 92°54′28″E / 20.67498831336694°N 92.90782874677478°Eကိုဩဒိနိတ်: 20°40′30″N 92°54′28″E / 20.67498831336694°N 92.90782874677478°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | စစ်တွေခရိုင် |
မြို့နယ် | ကျောက်တော်မြို့နယ် |
ကျေးရွာအုပ်စု | တောင်မင်းကုလား(မြို)[၁] |
တောင်မင်းကုလားရွာသည် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ယိုးချောင်းဒေသတွင် တည်ရှိသော မြိုလူမျိုးကျေးရွာတစ်ခု ဖြစ်သည်။ တောင်မင်းကုလားကျေးရွာသည် အုပ်စုကိုင်ကျေးရွာ တစ်ရွာ ဖြစ်ပြီး အိမ်ခြေ ၂၇၀ ဝန်းကျင်ခန့်ရှိသည်။ အင်္ဂလိပ် - မြန်မာစစ်ပွဲ မဖြစ်မှီ ၁၉၀၀ ဝန်းကျင်တွင် ဦးကုလား အမည်ရှိ (Khuqtu Saqphie) ဆွေမျိုးစု မှ မြိုလူမျိုးတစ်ဦး တည်သောရွာဖြစ်သည်။ မြိုလူမျိုးတို့၏ ရွာတည်ရာတွင် ဆွေမျိုးစုနာမည်အား မှန်းခေါ် ၍ တည်တကဲသို့ Khuqtu Van ဟူ၍လည်း ခေါ် သည်။ ယခင်တွင် ဝါးတောင်ဟု ခေါ် ၍ ယနေ့တွင် တောင်မင်းကုလားရွာ ဟုခေါ် သည်။ လက်ရှိတွင် စစ်ဘေးရှောင် စခန်း ရှိသည်။
မြိုလူမျိုးတို့တွင် ရှေးအခါက တောင်မင်း တို့က အုပ်ချုပ်သည့် စနှစ်ကို ကျင့်သုံးသည်။ မြန်မာနိုင်ငံလွပ်လပ်ရေး ရပြီး အပြီးတွင် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်မှု စနှစ်အရ ကျင့်သုံး အုပ်ချုပ်သည်။
မူလ
[ပြင်ဆင်ရန်]တောင်မင်းကုလားကျေးရွာသည် ယခင်တွင် ယိုးချောင်းဖျားရှိ လေကွီး (လက်ရှိ မရူစာမြို) ရွာတွင်တည်ရှိသည်။ ထို့နောက် ဗြိတိသျှတို့ က အုပ်ချုပ်မှုယန္တာရား စီမံရာတွင် တောင်မင်းကုလားရွာသား အာခေါင်အား ယိုးချောင်းစား အဖြစ် ခန့်အပ်ပြီး (လက်ရှိ ချောင်းတူ နှင့် ခမောင်းတော့ ( ရခိုင်))ရွာတွင် အခြေချသည်။ ထို့နောက် လက်ရှိ တောင်မင်းကုလားကျေးရွာတွင် အခြေ အချ နေထိုင်သည်။
ယုံကြည်ကိုးကွယ်မှု ရာခိုင်နှုန်း
[ပြင်ဆင်ရန်]၁၉၃၀ ရှေးပိုင်းတွင် နတ်ကိုးကွယ်ယုံကြည်မှု မျာကို ကိုးကွယ်ကြသော်လည်း နောက်ပိုင်းတွင် ဘုန်းကြီးကျောင် နှင့်စေတီပုထိုးများ တည်၍ ကိုးကွယ်ကြသည်။ ယနေ့တွင် ခရစ်ယာန်ဘာသာ အား ကိုးကွယ်ယုံကြည်မှု၊ ဗုဒ္ဓဘာသာ အား ကိုးကွယ်ယုံကြည်သူများလည်း ရှိသည်။ ရာခိုင်နှုန်းဖြင့် ဖော်ပြရလျှင်
- ခရစ်ယာန်ဘာသာ အား ယုံကြည်သူ ၄၅%
ကစ်သိုလစ်အသင်းတော်
[ပြင်ဆင်ရန်]ခရစ်တော်၏ အသင်းတော်
[ပြင်ဆင်ရန်]မြိုဧဝံဂေလိအသင်းတော်
[ပြင်ဆင်ရန်]မြိုနှစ်ခြင်းခရစ်ယာန်အသင်းတော်
[ပြင်ဆင်ရန်]ခရစ်တော်ကိုမျှော်လင့်သောသတ္တမနေ့ အသင်းတော်
[ပြင်ဆင်ရန်]- ဗုဒ္ဓဘာသာ အား ကိုးကွယ်ယုံကြည်သူ ၅၅% ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]မူလတန်း ကျောင်း နှင့် အလယ်တန်းကျောင်း ( တွဲဘက်) ရှိသည်။
ကျေးရွာ သုံးရေ၊ သောက်ရေ ရယူမှု
[ပြင်ဆင်ရန်]သုံးရေအား ရွာ၏မြောက်ဘက်မှ နောက်တောင် စီးဆင်းသော ယိုးချောင်း ရေချိုအား သုံးကြသည်။ သောက်သုံးရေအတွက် ရေသိုလျှောင်ကန် ( ၄ ) ကန်ရှိသည်။
အုပ်စုအုပ်ချုပ်သော သူများစာရင်း
[ပြင်ဆင်ရန်]စဉ် | ကျေးရွာအုပ်ချုပ်သူများစာရင်း | အုပ်ချုပ်သည့်ခုနှစ် | အုပ်ချုပ်သည့် ခေတ် | မှတ်ချက် |
---|---|---|---|---|
(က) | ဦးမာန်းအောင် | ရပ်ရွာလူကြီး အုပ်ချုပ်သည့် မြို့တို့ ဓလေ့ (Chin Hill Regulation ) | ၁၉၂၀ မှ ၁၉၃၀ | ရိုးရာဓလေ့ကျင့်သုံးသည် ( တောင်မင်းတို့ အုပ်ချုပ်သည့်ဓလေ့) |
( ခ ) | ဦးသင်္ခါကျော် | ပြည်သူပါတီကောင်စီခေတ် | ၁၉၇၈ မှ ၁၉၈၂ | တောင်မင်းကုလား |
(ဂ) | ဦးအဖြူချေ | ပြည်သူ့ပါတီကောင်စီခေတ် | ၁၉၈၃ မှ ၁၉၈၆ | တောင်မင်းကုလား |
(ဃ) | ဦးစံလှဖော် | ရဝတ ခေတ် | ၁၉၈၇ မှ ၁၉၉၀ | တောင်မင်းကုလား |
(င ) | ဦးအောင်ဘန်း | ရဝတ ခေတ် | ၁၉၉၁ မှ ၁၉၉၄ | တောင်မင်းကုလား |
(စ) | ဦးမောင်ကျော်စိန် ( အာခေါင်) | ရဝတ ခေတ် | ၁၉၉၅ မှ ၁၉၉၉ | တောင်မင်းကုလား |
(ဆ ) | ဦးဆွေမောင် | ရဝတ ခေတ် | ၂၀၀၀ မှ ၂၀၀၄ | မင်ခုံချောင်း |
(ဇ ) | ဦးမောင်ကျော်ဘန်း | ရဝတ ခေတ် | ၂၀၀၅မှ ၂၀၀၉ | တောင်မင်းကုလား |
(ဈ) | ဦးရွှေဘန်း | ရဝတ ခေတ် | ၂၀၁၀ မှ ၂၀၁၄ | ကြိမ်ချောင်း |
(ည ) | ဦးသာဇံအောင် | ရယက ခေတ် | ၂၀၀၇ မှ ၂၀၁၀ | တောင်မင်းကုလား |
(ဋ ) | ဦးသောကြာဖြူ | ရယက ခေတ် | ၂၀၁၁ မှ ၂၀၁၃ | ကြိမ်ချောင်း |
(ဌ ) | ဦးနီထွန်းဦး | ရယက ခေတ် | ၂၀၁၄ မှ ၂၀၁၇ | ရွှေပန်းခိုင် |
(ဍ ) | ဦးထွန်းနု (ဓမ္မဆရာ) | ရယက ခေတ် | ၂၀၁၇ မှ ၂၀၁၈ | သံချောင်း |
( ဎ ) | ဦး မဲအောင် | ရယက ခေတ် | ၂၀၁၉ မှ ၂၀၂၀ | တောင်မင်းကုလား |