တိဿမဟာရာမရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
တိဿမဟာရာမရာဇမဟာဝိဟာရ
Tissamaharama Raja Maha Vihara
තිස්සමහාරාම රජ මහා විහාරය
ကွင်းပြင်မှ တွေ့မြင်ရသော တိဿမဟာရာမရာဇမဟာဝိဟာရ
အချက်အလက်များ
ကိုဩဒိနိတ်6°16′46″N 81°17′25″E / 6.27944°N 81.29028°E / 6.27944; 81.29028ကိုဩဒိနိတ်: 6°16′46″N 81°17′25″E / 6.27944°N 81.29028°E / 6.27944; 81.29028
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
ခရိုင်Hambantota
စီရင်စုတောင်ပိုင်းပြည်နယ်
နိုင်ငံသီရိလင်္ကာနိုင်ငံ
ဗိသုကာ
တည်ထောင်သူကလျာဏီတိဿမင်း
ပြီးစီးဘီစီ ၂ ရာစုခန့်

တိဿမဟာရာမရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ တောင်ပိုင်းစီရင်စု၊ တိဿမဟာရာမတွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာစေတီပုထိုးတစ်ခု ဖြစ်သည်။ နိုင်ငံသို့ ရဟန္တာ မဟိန္ဒထေရ် (Mahinda Thera) ရောက်ရှိလာပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း၌ တည်ခဲ့သည့် အဓိကကျသည့် ဗုဒ္ဓဘာသာအဆောက်အဦးလေးခုထဲမှ တစ်ခုလည်း ဖြစ်သည်။ စေတီတော်တည်ရှိရာသည် ဂေါတမမြတ်စွာဘုရားကိုယ်တော်တိုင် အလေးအမြတ်ထားခဲ့သည့် နေရာတစ်ခု ဖြစ်သည်။ တတိယအကြိမ်မြောက် ထိုကျွန်းသို့ ဒေသစာရီလှည့်လည်စဉ်က ထိုနေရာတွင် မြတ်စွာဘုရားသည် ရဟန္တာငါး အပါး ၅၀၀ နှင့်အတူ တရားထိုင်ကာ အချိန်အချို့ကို ကုန်လွန်စေခဲ့သည်။[၁][၂] တိဿမဟာရာမကျောင်းတော်သည် သီရိလင်္ကာနိုင်ငံတောင်ပိုင်း၏ အလယ်ဒေသဗုဒ္ဓဘာသာပညာရေးသင်ကြားရေးစင်တာများတွင် ဘီစီ ၃ ရာစုမှ အေဒီ ၁၁ ရာစုအထိ အလွန်ထင်ရှားခဲ့သည်။[၃] တိဿမဟာရာမဒဂိုဘ (Tissamaharama Dagoba) သည် ကျောင်းဝင်းဥပစာအတွင်းတည်ရှိပြီး သီရိလင်္ကာရှိ အကြီးမားဆုံးသော စေတီများထဲမှ တစ်ခုလည်း ဖြစ်သည်။[၄] လက်ရှိအချိန်၌ တိဿမဟာရာမရာဇမဟာဝိဟာရ၏ တာဝန်ရှိအကြီးအကဲမှာ ရဟန်းတော် Devalegama Dhammasena Nayaka Thera ဖြစ်သည်။[၅][၆]

သမိုင်း[ပြင်ဆင်ရန်]

အသောကမင်း (304-232 BCE) လက်ထက်တွင် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် အနီးအနားရှိ နိုင်ငံများသို့ သာသနာပြုရဟန်းတော်များ စေလွှတ်ခဲ့သည်။ ထိုသာသနာပြု လုပ်ငန်း၏ တစိတ်တဒေသအနေဖြင့် ရဟန္တာ မဟိန္ဒထေရ် (အသောမင်း၏ သားတော်စပ်သူ) သည် ဘီစီ ၃ ရာစု အနုရာဓပုရတွင် ဘုရင် Devanampiya Tissa အုပ်စိုးနေစဉ် ရောက်ရှိခဲ့သည်။[၇] သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓသာသာနာသည် စတင်ကာ ထွန်းလင်းလာပြီးနောက်တွင် အဓိကအရေးပါးသည့် ဗုဒ္ဓဘာသာကျောင်းတော်များ ဖြစ်ကြသည့် အနုရာဓပူရမဟာဝိဟာရနှင့် Mihintale ရာဇမဟာဝိဟာရ စသည့် ကျောင်းတော်များကို နိုင်ငံ၏ မြောက်အလယ်ပိုင်းဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုတစ်ချိန်တည်းတွင်ပင် တိဿမဟာရာမ ရာဇမဟာဝိဟာရနှင့် စိသုဝါဥဝ ရာဇမဟာဝိဟာရ ကျောင်းတော်နှစ်ခုကို တောင်ပိုင်းဒေသတွင် တည်ဆောက်ခဲ့ကြသည်။ မဟာဝံသကျမ်းစာများ (Mahawamsa )အရ ထိုကျောင်းတော်ကို ဘီစီ ၂ ရာစုတွင် ဘုရင် Ilanaga (38-44 A.D.) က Silapassa Pirivena အဖြစ် တည်ဆောက်ခဲ့သည်။ ကျောင်းတော်ကို တိုးချဲ့မှုများ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သေးသည်။[၃] အချို့သော သမိုင်းပညာရှင်များက ကျောင်းတော်ကို ဘုရင် Mahanaga က ဘီစီ ၃ ရာစုတွင် ပထမဆုံး တည်ဆောက်ခဲ့သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် ကလျာဏီတိဿဘုရင် က ကျောင်းတော်ကို အဓိကကျောင်းတော်တစ်ခုအဖြစ် ဘီစီ ၂ ရာစုတွင် တိုးချဲ့မှုများ လုပ်ဆောင်ခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Daily Mirror - Letters Archived 28 November 2007 at the Wayback Machine. Daily Mirror
  2. Shaheid, Faizer (2015-06-04)။ Tissamaharama Of untapped historic and tourism potentiality။ Ceylon Today။ 10 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2016 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Tissamaharama။ Department of Archaeology, Sri Lanka။ 1 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 March 2016 တွင် ပြန်စစ်ပြီး။
  4. Wikkramatileke, Rudolph (1963)။ Southeast Ceylon: Trends and Problems in Agricultural Settlement။ Department of Geography, University of Chicago, 1963။
  5. Sri Lanka President engages in religious activities။ ColomboPage (Jul 29, 2012)။ 16 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2016 တွင် ပြန်စစ်ပြီး။
  6. Photographic Exhibition - India Through Sri Lankan Eyes Archived 12 November 2017 at the Wayback Machine., Consulate General of India in Hambantota, August 2016
  7. Ashoka's son took Buddhism outside India။ Times of India။ 18 May 2016 တွင် ပြန်စစ်ပြီး။