အနုရာဓပူရမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
Model of the Thuparama stupa, the first Sri Lankan stupa, which was part of the Mahavihara complex

အနုရာဓပူရမဟာဝိဟာရယ (သို့) အနုရာဓပူရမဟာဝိဟာရ (အင်္ဂလိပ်: Anuradhapura Maha Viharaya) သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[၁] ဒေဝါနမ္ပိယတိဿဘုရင် (Devanampiya Tissa) (247–207 BCE) က ကျောင်းတော်ကို အနုရာဓပူရမြို့တော်တွင် ဆောက်လုပ်ခဲ့သည်။ ရှင်မဟာဗုဒ္ဓဃောသ (၄ ရာစုမှ ငါးရာစု ) နှင့် ဓမ္မပါလ တို့ကဲ့သို့သော ရဟန်းများသည် ပိဋကတ်သုံးပုံနှင့်ပတ်သက်၍ အဋ္ဌကထာ၊ ဋီကာများနှင့် ဝိသုဒ္ဓမဂ်ကဲ့သို့သော စာပေများကို ရေးသားခဲ့ကြသည်။ မဟာဝိဟာရတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းများကို Mahaviharavasins ဟု ခေါ်ကြသည်။

ငါးရာစုတွင် မဟာဝိဟာရသည် အာရှတိုက် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ခေတ်အမီဆုံးသော တက္ကသိုလ်တစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံတကာမှ များစွာသော ပညာသင်ကြားသူများသည် လာရောက်လေ့လာကြသည်။[ကိုးကားချက်လိုသည်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Johnston, William M; Encyclopedia of Monasticism, Sri Lanka: History