တိဿမဟာဂါမ
ပုံပန်းသွင်ပြင်
| တိဿမဟာဂါမ තිස්සමහාරාමය திஸ்ஸமஹாராம | |
|---|---|
| မြို့ | |
ယတလဝိဟာရစေတီ | |
| သီရိလင်္ကာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 6°17′N 81°17′E / 6.283°N 81.283°Eကိုဩဒိနိတ်: 6°17′N 81°17′E / 6.283°N 81.283°E | |
| နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
| ပြည်နယ် | တောင်ပိုင်းပြည်နယ် |
| ခရိုင် | ဟန်ဘန်တိုတာခရိုင် |
| ဧရိယာ | |
| • စုစုပေါင်း | ၈၄၀ စတုရန်းမိုင် (၂၁၈၀ စတုရန်းကီလိုမီတာ) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၆၂ ပေ (၁၉ မီတာ) |
| လူဦးရေ (၂၀၁၁) | |
| • စုစုပေါင်း | ၇၉၆၁၈ |
| အချိန်ဇုန် | +5.30 |
တိဿမဟာဂါမ သို့မဟုတ် တိဿမဟာရာမ (အင်္ဂလိပ်: Tissamaharama; သီဟိုဠ်: තිස්සමහාරාමය si, တမီးလ်: திஸ்ஸமஹாராம, တိဿ-မည်သော ရွာကြီး။[၁]) သည် သီရိလင်္ကာနိုင်ငံ၊ တောင်ပိုင်းပြည်နယ်၊ ဟန်ဘန်တိုတာခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ယင်းသည် မဟာဂါမ ဟု ထင်ရှားသော ရောဟဏတိုင်း၏မြို့တော် ဖြစ်ခဲ့၏။ ဒုဋ္ဌဂါမဏိမင်း မွေးဖွားရာလည်း ဖြစ်သည်။ ယင်း-မှပင် ဒမိလတို့ကို စတင် တိုက်ခိုက်ကြ၏။ ရောဟဏမင်းဆက်ကို စတင် တည်ထောင်သူ ဒေဝါနံပိယတိဿ-၏ညီတော် မဟာနာဂ စတင်တည်ဆောက်ခဲ့သည်။ D. P.။) [၂] [၃]