တလမေဒေါ

ဝီကီပီးဒီးယား မှ
တလမေဒေါ
ဟံသာဝတီ မြောက်နန်းမိဖုရား
နန်းသက်၅ ဇန်နဝါရီ ၁၃၈၄ – c. မတ် ၁၃၉၀
ရှေ့မင်းဆက်စန္ဒာဒေဝီ
ဆက်ခံသူလောကဒေဝီ
မွေးဖွားc. ၁၃၆၈
ပဲခူးမြို့
ကွယ်လွန်c. မတ် ၁၃၉၀
ပဲခူးမြို့
အိမ်ထောင်ဖက်ရာဇာဓိရာဇ်
သားသမီးများဘောလောကျန်းထော
ခမည်းတော်ဗညားဦး
မယ်တော်စန္ဒာဒေဝီ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

တလမေဒေါ သို့မဟုတ် တလမည်ဒေါ (c. ၁၃၆၈ – ၁၃၉၀) သည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ ပထမဆုံးဇနီး ဖြစ်သည်။ သူမသည် ရာဇဓိရာဇ်နှင့် အဖေတူ အမေကွဲ မောင်နှမတော်စပ်ပြီး၊ ဖခင်မှာ ဘုရင် ဗညားဦး ဖြစ်ကာ မိခင်မှာ စန္ဒာဒေဝီမိဖုရား ဖြစ်သည်။[၁]

၁၃၈၃ ခုနှစ် မေလတွင် ရာဇာဓိရာဇ်နှင့် ဒဂုံသို့ ခိုးရာလိုက်ပြေးခဲ့ပြီး ရာဇာဓိရာဇ်နှင့်အတူ ဖခင် ဗညားဦးကို ပုန်ကန်ခဲ့ကြသည်။ ဗညားဦးသည် ထိုပုန်ကန်မှုတွင် ကွယ်လွန်ခဲ့သည်။

ရာဇာဓိရာဇ် ထီးနန်းဆက်ခံပြီးနောက် တလမေဒေါသည် မိဖုရားသဖွယ် ဖြစ်လာသည်။ သူတို့၏ သားဖြစ်သူမှာ ဘောလောကျန်းထော ဖြစ်သည်။ သို့သော်လည်း ရာဇာဓိရာဇ်က ပီယရာဇာဒေဝီအား မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့ခြင်းသည် တလမေဒေါအား စိတ်ပျက်စေခဲ့သည်။

ရာဇာဓိရာဇ်က တလမေဒေါအား ဖယ်ကျဉ်ခဲ့ပြီး ဗညားဦး အပ်နှင်းခဲ့သော လက်ဝတ်ရတနာများကိုလည်း သိမ်းဆည်းခဲ့သည်။ တလမေဒေါသည် နောက်ပိုင်းတွင် မိမိကိုယ်ကို သေကြောင်းကြံခဲ့သည်။[၂]

၁၃၉၀ ခုနှစ်တွင် တလမေဒေါ ကွယ်လွန်ပြီးနောက် ထိုနှစ်မှာပင် ရာဇာဓိရာဇ်သည် သားဖြစ်သူ ၇ နှစ်သားအရွယ် ဘောလောကျန်းထောကို သတ်ရန် အမိန့်ပေးခဲ့သည်။ ဘောလောကျန်းထောသည် အသက်မသေမီတွင် သစ္စာဓိဌာန်တစ်ခုကို ပြုခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Pan Hla 2005: 161
  2. Harvey 1925: 114
  3. သစ္စာဓိဌာန်မှာ "ငါသည် ခမည်းတော်ကိုယင်မ၊ သွေးတစ်ပေါက်သောက်အောင်မျှ ကြံပချေသော် ဤကိုယ်အဖြစ်မှ စုတေ့သော်လည်း ငရဲကြီး ရှစ်ထပ်၊ ငရဲငယ် တစ်ရာ့နှစ်ဆယ့်ရှစ်ထပ်တို့၌သာ ခံရသည်ဖြစ်၍ လာလတ္တံ့သောဘုရားတို့၌ မဖူးမတွေ့ရသည်ဖြစ်စေသော၊ ငါသည် ခမည်းတော်ကို မသင့်မတင်သော အကြံအစည်ကို မကြံပါလျှင်လည်း ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် မြန်မာမင်းတို့၏ ဝမ်း၌ပဋိသန္ဓေနေ၍ ဖွားမြင်၍အရွယ်ရောက်သော် မွန်ပြည်ကို နှိမ်နင်းညှဉ်းဆဲရသည် ဖြစ်စေသော" ဟူ၍ ဖြစ်သည်။ ရာဇဝင်ကျမ်းတို့က ဘောလောကျန်းထောသည် မွန်နေပြည်တော်ကို ဖျက်ဆီးရန် ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် ဘောလောကျန်းထောသည် (မွန်နေပြည်တော်ကို မဟုတ်ဘဲ) သူ၏ ဖခင်ကို တိုက်ခိုက်ရန် ဆုတောင်းခဲ့သည်ဟု ဆိုသည်။

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • ထင်အောင်၊ မောင် (1967)။ A History of Burma။ New York and London: Cambridge University Press။
  • ကုလား၊ ဦး (1724)။ မဟာရာဇဝင်ကြီး (Burmeseဘာသာစကားဖြင့်)။ 1–3 (2006, 4th printing ed.)။ Yangon: Ya-Pyei Publishing။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • ပန်းလှ၊ နိုင် (1968)။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (Burmeseဘာသာစကားဖြင့်) (8th printing, 2005 ed.)။ Yangon: Armanthit Sarpay။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (1832)။ မှန်နန်းရာဇဝင် (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)