တရုတ်ရိုးရာ နှစ်ကြိုးတပ်တယော

ဝီကီပီးဒီးယား မှ
အာ့ဟူ
တရုတ်ရိုးရာနှစ်ကြိုးတပ်တယော
အမျိုးအစား ဘိုးတံတင်ပြီးတီးခတ်ရသည့်ကြိုးတပ်တူရိယာ
Playing range
D4 up to A7.
ဆက်စပ် တူရိယာများ
Huqin
Erhu sound.

အာ့ဟူ (အင်္ဂလိပ်: Erhu; တရုတ်: 二胡, အာရ်ဟု; [aɻ˥˩xu˧˥]) သည် နှစ်ကြိုးတပ် ဘိုးတံတင်တေးဂီတတူရိယာဖြစ်ပြီး၊ အခြားအခေါ်အားဖြင့် ဆူးတယောဟူ၍လည်းကောင်း၊ တောင်ပိုင်းတယောဟူ၍လည်းကောင်း၊ တစ်ခါတစ်ရံတွင် တရုတ်တယော သို့မဟုတ် တရုတ်နှစ်ကြိုးတပ်တယော ဟူ၍လည်း အနောက်တိုင်း၌ လူသိများသည့် တူရိယာပစ္စည်းတစ်ခု ဖြစ်သည်။

၎င်းတူရိယာကို တစ်ကိုယ်တော်တူရိယာအဖြစ်လည်းကောင်း၊ တေးဂီတအသေးစားနှင့် ကြီးမားသော သံစုံတီးဝိုင်းများတွင်လည်းကောင်း အသုံးပြုသည်။ ၎င်းတူရိယာသည် တရုတ်လူမျိုးနွယ်ဝင်မျိုးစုံတွင် အသုံးပြုသည့် ဟူချင် ညှပ်တူရိယာများတွင် လူကြိုက်များသည့် တူရိယာတစ်ခုလည်းဖြစ်သည်။ စွယ်စုံ၊ ဘက်စုံသုံးနိုင်သည့် တူရိယာတစ်ခုအနေဖြင့် အာ့ဟူတူရိယာသည် ပေါ့ပ်၊ ရော့ခ်နှင့်ဂျက်ဇ်ဂီတကဲ့သို့သော ရိုးရာနှင့်ခေတ်ပြိုင်ဂီတအစီအစဉ်များတွင် အသုံးပြုကြသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

အာ့ဟူတူရိယာနှင့်အတူ ဖျော်ဖြေသူတစ်ဦး, စင်ကာပူ၌ ဖေဖော်ဝါရီလ ၁၉၆၈မှ ဇူလိုင်လ ၁၉၇ဓာတ်ပုံမှတ်တမ်းမှ။

အာ့ဟူတူရိယာသည် တန်မင်းဆက် ကာလအတွင်း တရုတ်နိုင်ငံ၌ ပထမဆုံးပေါ်ပေါက်ခဲ့သည့် ပရိုတို-မွန်ဂိုနွယ်ဝင်တူရိယာမှ ပြန်လည်ထွက်ပေါ်လာသည့် ရှေးတူရိယာဖြစ်သည်။ ထိုတူရိယာသည် ရှီချင် ( )တူရိယာမှ တိုးတက်လာသည်ဟု ယုံကြည်ကြသည်။ ရှီချင်သည် တရုတ်ပြည်အရှေ့မြောက်ပိုင်းရှိ ရှီလူမျိုးများ မှ စတင်ခြင်းဖြစ်သည်ဟုယုံကြည်ရသည်။

ပထမအချက်အနေဖြင့် တူရိယာစကားလုံးတွင်ရေးသားထားသည့် တရုတ်စာအရေအသား အရ ကြိုးနှစ်ခုဟုသိရှိရပြီး၊ ဒုတိယမြောက်အသံမြင့် ဟူချင်ဖြစ်သည်ဟူသောအချက်ကို မှတ်ယူကြသည်။ ဒုတိယအက္ခရာ (ဟူသည် ဟူချင်တူရိယာများမှ တစ်ခုဖြစ်ပြီး လူရိုင်းဟုအဓိပ္ပာယ်ရသည်။ ဟူချင်ဟူသည့် စာသားအရ ဟူလူမျိုး၏ ကိရိယာတန်ဆာပလာဟု အဓိပ္ပာယ်ရပြီး ထိုတူရိယာသည် တရုတ်နိုင်ငံ၏ အနောက်မြောက်ဘက်နှင့် အနောက်ဘက်ရှိ အစောပိုင်း တရုတ်ပြည်၌ လှည့်လည်သွားလာသည့် လူမျိုးများနေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုလိုသည်။

အာ့ဟူတူရိယာနှင့် ဘိုးတင်တီးခတ်ရသည့်ကြိုး၏သမိုင်း[ပြင်ဆင်ရန်]

ရှီချင်အမျိုးအစား၌ပါဝင်သည့် အလျားလိုက်ထား၍တီးခတ်ရသည့် တရုတ် ဗျတ်စောင်း၊ရာကျင့် နှင့် ရာချင် တူရိယာများနည်းတူ ကိုရီးယား အေဂျင်ကို ဘိုးတံတင် တီးခတ်ကြရာ ဆေးကြိုးကို ပွတ်တိုက်ရာမှသာယာသဖြင့် အသုံးပြုကြသည်။ မြင်းမြီးကိုအသုံးပြု၍ တီးခတ်ခြင်းကို တီထွင်သည်နှင့်တပြိုင်နက် အလွန်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]