မဟာပိန္နဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Ganesha Basohli miniature circa 1730 Dubost p73.jpg

မဟာပိန္နဲသည် ဟိန္ဒူဘာသာဝင်များ အများဆုံး ကိုးကွယ်ကြသည့် နတ်ဒေဝတစ်ပါးဖြစ်သည်။ ဟိန္ဒူနတ်တစ်ပါး ဖြစ်၍ ဆင်ဦးခေါင်းဖြင့် အမှတ်အသားပြုသည်။ အခက်အခဲများကို ပယ်ရှားနိုင်သည်ဟု ယူဆ၍ အလုပ်အကိုင် တစ်ခုခု မစတင်မီ မီးပူဇော်ပသလေ့ ရှိသည်။ [၁] မဟာပိန္နဲသည် လူကိုယ်နှင့် ဆင်ခေါင်း‌ရှိသည်။ သူ၏ နတ်ရုပ်များကို အိန္ဒိယနှင့် နီပေါနိုင်ငံတဝန်းတွင် တွေ့ရှိရသည်။ ထို့အပြင် ဂျပန်အင်ဒိုနီးရှားထိုင်းနှင့် တိဘက်ရှိ ဗုဒ္ဓဘာသာဝင်များကလည်း ကိုးကွယ်ကြပြီး လာဘ်လာဘရွှင်စေသည်ဟု ယုံကြည်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ