တမ္ဗပုပ္ဖိယ
အရှင်တမ္ဗပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ပိယဒဿီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]ပိယဒဿီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ တမ္ဗပုပ္ဖိယထေရ် သည် မကောင်းသောအမှုကို ပြုလုပ်မိသဖြင့် တောသို့ ထွက်ပြေးရလေ၏။ ထို့နောက် အပွင့်ပွင့်သော အပင်တွင် နီသောပန်းကိုယူကာ ပိယဒဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်တွင် ကြဲဖြန့်ကာ ပူဇော်ခဲ့၏။ ထို့နောက်တွင် ထိုအပင်ရင်းတွင် ထက်ဝယ်ဖွဲ့ခွေနေကာ ဗောဓိဉာဏ်ကို ဆင်ခြင်၏။ ထို့နောက် ဗောဓိပင်ကို ရှိခိုး၏။ ထို့နောက်တွင် ထန်းဆင့်ပင် ပမာဏနက်သည့် တောင်ချောက်ထဲသို့ လိမ့်ကျခဲ့၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ကိုးဆယ့်တစ်ကမ္ဘာထက်တွင် နီသောပန်းကို လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် သုံးခုမြောက်ကမ္ဘာထက်တွင်လည်း “သုသညတ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တမ္ဗပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]