တပ်မတော်တပ်ဖွဲ့ခွဲ
ပုံပန်းသွင်ပြင်
တပ်မတော်၏တပ်ဖွဲ့ခွဲ (အင်္ဂလိပ်: Military branch၊ Service branch) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ လက်နက်ကိုင်စစ်တပ်၏ ပင်မတပ်ဖွဲ့ခွဲကိုဆိုလိုသည်။ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့သည် လက်နက်ကိုင်တပ်မတော်၏ အဓိကတပ်ဖွဲ့ခွဲများဖြစ်ကြသည်။[၁]
အမျိုးအစားများ
[ပြင်ဆင်ရန်]| အမည် | အင်္ဂလိပ်အမည် | အခန်းကဏ္ဍ | သာဓက |
|---|---|---|---|
| လေ-အာကာသ တပ်မတော် | Aerospace force | ဝေဟင်နှင့် အာကာသစစ်ဆင်ရေး | ပြင်သစ်နိုင်ငံ လေနှင့်အာကာသတပ်မတော် |
| လေကြောင်းချီတပ်ဖွဲ့ | Airborne forces | လေထီးတပ်စစ်ဆင်ရေး | ရုရှားလေကြောင်းချီတပ်ဖွဲ့ |
| လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ | Air defence force | လေယာဉ်ပစ် စစ်ဆင်ရေးနှင့် ဒုံးကျည်ကာကွယ်ရေး | အီဂျစ်နိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်မတော် |
| လေတပ်မတော် | Air force | ဝေဟင်စစ်ဆင်ရေး | |
| ကြည်းတပ်မတော် | Army | မြေပြင်စစ်ဆင်ရေး | |
| ကမ်းခြေစောင့်တပ်မတော် | Coast guard | ရေကြောင်းလုံခြုံရေး | အမေရိကန်ပြည်ထောင်စု ကမ်းခြေစောင့်တပ်မတော် |
| ဆိုက်ဘာတပ်ဖွဲ့ | Cyber force | ဆိုက်ဘာစစ်ဆင်ရေး | နော်ဝေနိုင်ငံ ဆိုက်ဘာကာကွယ်ရေးတပ်ဖွဲ့ |
| အရေးပေါ်ဆိုင်ရာ တပ်မတော် | Emergencies service | သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှု | စစ်ဘက်အရေးပေါ်တပ်ဖွဲ့ |
| ဂျင်ဒါမယ်ရီ | Gendarmerie | စစ်ဘက်ရဲတပ်ဖွဲ့ | အမျိုးသားဂျင်ဒါမယ်ရီ (ပြင်သစ်နိုင်ငံ) |
| စစ်ထောက်ပံ့ရေး | Logistics service | စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး | ပူးတွဲထောက်ပံ့ရေးတပ်မတော် |
| မရိန်းတပ်ဖွဲ့ | Marines | ရေပြင်နှင့်ကုန်းမြေတပ်ဖွဲ့ | အမေရိကန်ပြည်ထောင်စု မရိန်းတပ်ဖွဲ့ |
| စစ်ဆေးတပ်ဖွဲ့ | Medical service | စစ်ဘက်ဆေးပညာ | ဘယ်လ်ဂျီယံ ဆေးဘက်ဆိုင်ရာ တပ်မတော် |
| စစ်ပုလိပ် | Military police | စစ်ဘက်ဆိုင်ရာ ဥပဒေထိန်းသိမ်းရေး | တရုတ်သမ္မတနိုင်ငံ စစ်ပုလိပ်တပ်ဖွဲ့ |
| အရံတပ်ဖွဲ့ | Military reserve force | တပ်မတော်၏ အရံအင်အား | လစ်သူယေးနီးယား အမျိုးသားကာကွယ်ရေး အပျော်တမ်းတပ်မတော် |
| ရေတပ်မတော် | Navy | ရေပြင်စစ်ဆင်ရေး | |
| ဒုံးတပ်ဖွဲ့ | Rocket force | စစ်ဘက်ဒုံးပျံဆိုင်ရာ | ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးပျံတပ်ဖွဲ့ |
| အာကာသတပ်မတော် | Space force | အာကာသစစ်ဆင်ရေး | အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော် |
| အထူးတပ်ဖွဲ့ | Special forces | အထူးစစ်ဆင်ရေး | အထူးစစ်ဆင်ရေးတပ်ဖွဲ့ (ရုရှားနိုင်ငံ) |
ဆက်စပ်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ MILITÄRISCHES STUDIENGLOSSAR ENGLISCH Teil I, A – K, Bundessprachenamt (Stand Januar 2001), page 226, definition: branch of service.