တဆေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တဆေးသည် မှန်ဘီလူးနှင့် ကြည့်မှသာ မြင်နိုင်သည့် မှိုမျိုးဝင် အပင်အစုအဝေးဖြစ်သည်။ မှိုမျိုး

ထိုအပင်ကလေး တိုင်းသည် ရိုးရိုးတစ်ခု တည်းသော ဆဲသာဖြစ်သည်။ ထိုဆဲမှအဖူးထွက်ခြင်းဖြင့် ဆဲသစ်များ ဖြစ်လာသည်။ ထိုသို့ အသစ်ဖြစ်လာသည့် ဆဲများသည် အများအားဖြင့် တစ်ခုနှင်တစ်ခု ဆက်လျက် ရှိကြသည်။ တဆေးပင်အမျိုးမျိုးရှိရာ၌ ပေါင်မုံ့ဖုတ် သမားများနှင့် အရက်ချက်သမားများ အသုံးပြုသည့် တဆေးပင် များသည် လူသိအများဆုံးဖြစ်သည်။ ကဇော်ပေါက်ခြင်း

ထိုသေးငယ်သည့် တဆေးပင်များသည် ကော်မှုန့်နှင့် သကြားပျော်ဝင်ရည်ကို ကဇော်ပေါက်စေနိုင်ခြင်းကြောင့် အလွန် အသုံးဝင်သော ပစ္စည်းဖြစ်သည်။ ကဇော်ပေါက်ရာ၌ ဖြစ်ပေါ် သည့်အဓိကပစ္စည်းများမှာ အယ်လကိုဟော(အရက်)နှင့် ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တို့ဖြစ်သည်။ ပေါင်မုံ့လုပ်ရာ၌ တဆေးကြောင့် ဖြစ်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် နယ်ထားသော မုံ့ညက်စိမ်းကို ပွထစေသည်။

ကဇော်သည် ဆန်ကိုပေါင်း၍သော်၎င်း၊ ထန်းလျက်၊ တင်လဲခဲ၊ သကာတုံးကို အရည်ဖျော်၍သော်၎င်း တဆေးနှင့် ရောစပ် ကဇော်ဖေါက်၍ရသော အရည်ဖြစ်သည်။ ယင်းကို စိမ်ရည်ဟုလည်းခေါ်သည်။ ဦးရေလုပ်ရာတွင် ကောက်ညှင်းဆန် ကိုပေါင်း၍ တဆေးအမှုန့် တော်ရုံနှင့် ရောစပ်ပေးရသည်။ ကဇော်ပေါက်သောအခါ ရေအနည်းငယ်ရောစပ်၍ စစ်ယူလျှင် ဦးရေရသည်။ ယင်းကို လှော်ဇာရည်ဟု လည်းခေါ်၏။ စစ်ယူ၍ ကျန်ရှိသော အဖတ်ကို ကဇော်ဖတ်ဟုခေါ်၏။

အရက်ချက်ရာတွင် 'ဝေါ့'ခေါ် မုယောပင်ပေါက်ရည်ကို တဆေးနှင့် ကဇော်ဖေါက်ယူရသည်။ 'ဝေါ့'၃၆ ဂါလန်ဝင် တစ်စည်လျှင် တဆေးတစ်ပေါင်ခန့် ထည့်ရသည်။ တဆေး သည် ကဇော်ဖေါက်သည့် အိုးအတွင်း၌ တိုးပွားလာရာတွင် နံ့သာရောင်ပေါက်နေသည့် အမြှုတ်များသည် အရက်၏မျက်နှာ ပြင်အထက်၌ လေးပေမြင့်သည်အထိ တက်လာသည်၊ ထိုအမြှုတ် များ အနည်ထိုင်သောအခါ ပိုသည် တဆေးကို နောင်အသုံးပြု ရန် အတွက်ဖြစ်စေ၊ ရောင်းစားရန်အတွက်ဖြစ်စေ ခပ်၍ အအေးခံထားရသည်။ တဆေးသည် အပူကို ဖြစ်စေသဖြင့် 'ဝေါ့'ကို အေးအောင်လုပ်ပေးရသည်။ တဆေးကြောင့် ဓာတ် ပြောင်းလဲမှုများ ဖြစ်ရခြင်းမှာ တဆေးမှ ယိုထွက်လာသည့် 'အင်ဗာတေ့'နှင့် 'ဇိုင်းမေ့'ပစ္စည်းများကြောင့်ဖြစ်သည်။

တဆေးသည် 'အက်စကိုမီစီတီး'ခေါ် မှိုမျိုးစုတွင် ပါဝင်၏။ အခြေအနေသာကောင်းလျှင် ထိုမှိုမျိုးသည် အလွန်ကြီးထွား လွယ်သည်။ ကြီးထွားရန် အခြေအနေမကောင်းလျှင် ထိုမှိုမျိုး၏ ဆဲအတွင်း၌ မျိုးမှုန်များဖြစ်လာပြီးလျှင် ဆဲသည် ရှုံ့သွားသည်။ ထိုအခါ ဆဲ၏အခွံသည်လည်း ပျက်စီးသွားလေသည်။ ဆဲ၏ အခွံပျက်စီးသည် နှင့်မျိုးမှုန်များကို လေက သယ်ဆောင်သွား သည်။ ပိုးကောင်နှင့် အခြားတိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တွင် ထို မျိုးမှုန်များကပ်၍ လိုက်ပါသွားခြင်းကြောင့် မျိုးမှုန် ပျံနှံ့သွားနိုင် သည်။ သကြား သို့မဟုတ် ကော်မှုန့်ပါသည့် ပစ္စည်းတစ်ခုခု သည် စိုလျက် လေထဲတွင် လွတ်လပ်စွာရှိလျှင် တဆေးမျိုး မှုန်များ ကျရောက်လာလျှင် သကြားသည် ကဇော်ပေါက်လေ သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း