မြတ်ငြိမ်း

ဝီကီပီးဒီးယား မှ

ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်က ” မြတ်ငြိမ်း (၁၉၃၉)” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


၁။ အမည်ရင်း - ဦးမြင့်ဆွေ ၂။ မိဘအမည် - ဦးထွန်းငြိမ်း + ဒေါ်မမ ၃။ မွေးသက္ကရာဇ် - ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ၄။ မွေးဖွားရာ ဒေသ - မကွေးတိုင်း၊ ရေနံချောင်းမြို့

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

မြတ်ငြိမ်းကို မကွေးတိုင်း ရေနံချောင်း မြို့တွင် အဖ ဦးထွန်းငြိမ်း၊ အမိ ဒေါ်မမ တို့က ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်တွင် အငယ်ဆုံး ဖြစ်၍ အမည်ရင်းမှာ ဦးမြင့်ဆွေ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် စိန်ဂျွန်းဆန်း ယောက်ျားလေး ကျောင်းမှ ဆယ်တန်း အောင်သည်။ ၁၉၇၆ ခုနှစ်တွင် လုပ်သားများ ကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရသည်။

ယခင် ဘီအိုစီ၊ နောင် မြန်မာ့ရေနံ၊ ရေနံ ဓာတု ဗေဒနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဘဏ္ဍာရေး ဌာနတွင် တာဝန် ထမ်းခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဌာနခွဲမှူး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်တွင် ငြိမ်းအေး စာပေ ထူထောင်ပြီး စာအုပ် ထုတ်ဝေရေး လုပ်ခဲ့သည်။

၂၀၀၁ ခုနှစ်က “နှလုံးသားထဲမှာအဖြေရှာ (Susama Tomaro's Follow Your Heart) ” ဖြင့် အမျိုးသားဘာသာပြန်ရသဆု ရှိခဲ့သည်။ ဘာသာပြန်စာအုပ်ပေါင်း ၁၀၀ ကျော်ရေးသားခဲ့ရာ ဒေါက်တာရီဇော် ( ဖိလစ်ပိုင်လွတ်လပ်ရေးအာဇာနည် အမျိုးသားခေါင်းဆောင် )၊ ဘဝကိုကြက်ခြေခတ်ခဲ့ရပေမယ့်၊ ဒိန်ခဲပေါင်းချုပ်၊ ဒီဘိုးနိုး ဦးထုပ်ခြောက်လုံး ဖိနပ်ခြောက်ရံ တွေးခေါ်နည်းနှင့် လုပ်ဆောင်နည်း၊ ချမ်းသာဖေဖေ ဆင်းရဲဖေဖေ ချမ်းသာလူငယ် စမတ်လူငယ်၊ အောင်မြေနင်းသူများအကြောင်း၊ မူးပဲစမှထူးကဲဘဝသို့၊ လှမ်းကြည့်မှ၊ အနှစ်ပြည့်၊ အနာဂတ်လက်ဆောင်မွန် စသည့် စာအုပ်များမှာ ဦးမြတ်ငြိမ်း၏ ထင်းရှားသော လက်ရာများဖြစ်သည်။


မိသားစု[ပြင်ဆင်ရန်]

ဇနီးဒေါ်သန်းသန်းအေး၊ သမီး မွန်မွန်ရည်ဆွေ၊ သင်းသင်းအေးဆွေ၊ ချိုချိုလွင်ဆွေ တို့နှင့် အတူ ဒဂုံ မြို့သစ် (မြောက်ပိုင်း)၊ (၄ဝ) ရပ်ကွက်တွင် နေထိုင်ကာ ဘာသာပြန် စာအုပ်များ ရေးသားခဲ့သည်။

မြတ်ငြိမ်း ရေးသားထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကေသရာပေါင်း ထောင်သောင်းအားနှင့် အညီ
  2. ကျားတအုပ် ကြောင်တကောင် - ၁၉၈၉ ခုနှစ်
  3. ခေါင်းနှင့်ပန်း - ၁၉၉၅ ခုနှစ်
  4. ငွေ - ၁၉၉၃ ခုနှစ်
  5. ငွေကျည်ဆန် -
  6. ငွေကျွန် -
  7. စိုးမိုးသူ - ၁၉၈၉ ခုနှစ်
  8. စွန့်လွှတ်ခြင်း များစွာဖြင့် (၁၉၈၃ - ၁၉၉၄) -
  9. ဆရာအို၏ ဘဝ နေဝင်ချိန် သင်တန်း - ၂ဝဝဝ ပြည့်နှစ်
  10. တီထွင်တွေး - ၂ဝဝ၁ ခုနှစ်
  11. တွဲလက် မဖြုတ်စတမ်း - ၁၉၈၉ ခုနှစ်
  12. နွယ် -
  13. နှလုံးသားထဲမှာ အဖြေရှာ (Susama Tomaro's Follow Your Heart) - ၂ဝဝ၁ ခုနှစ် (အမျိုးသားဘာသာပြန်ရသဆု)
  14. နှုတ်ဆက် အနမ်းလေး ပေးခဲ့ပါ -
  15. နှောင်း -
  16. ဖိနပ်ခြောက်ရန် ဆောင်ရွက်နည်း - ၂ဝဝဝ ပြည့်နှစ်
  17. ဖိလစ်ပိုင် အမျိုးသား အာဇာနည် ဒေါက်တာရီဇော် - ၁၉၇၇ ခုနှစ်
  18. ဖေဖေ ပေးခဲ့မယ့် အမွေ - ၂ဝဝဝ ပြည့်နှစ်
  19. ဘဝကို ကြက်ခြေ ခတ်ခဲ့ရပေမယ့်
  20. ဘဝရိုင်း - ၁၉၉၄ ခုနှစ်
  21. မဟာ့မဟာ - ၁၉၈၉ ခုနှစ်
  22. မုဆိုး
  23. မူးပဲ အစဖြင့် ထူးကဲဘဝ တည်ဆောက်သူများ
  24. မျက်လုံးထဲမှာ အဖြေရှိတယ်
  25. မြင်းမိုရ် မမြင့်ပါ - ၁၉၉၉ ခုနှစ်
  26. ရုပ်ဆိုးမလေး မောင့်ချစ်သူ - ၁၉၈၉ ခုနှစ်
  27. ရွက်မရှိလျှင်တက်၊ တက်မရှိလျှင် လက်ချည်းလှော်မည် - ၁၉၈ဝ ပြည့်နှစ်
  28. လေဆန်တိုးပြီး မိုးမှာပျံ - ၁၉၈၈ ခုနှစ်
  29. လှမ်းကြည့်မှ လမ်းရှိမှန်းသိ - ၂ဝဝဝ ပြည့်နှစ်
  30. သားကောင်း သမီးမွန် ထူးချွန် အောင်မြင်ရေး - ၁၉၉၆ ခုနှစ်
  31. သူ့ခေတ်နှင့်သူ (ပ + ဒု + တ + စ) - ၁၉၉၉ ခုနှစ်
  32. သူ့ဝိညာဉ်နှင့် ကိုယ့်နှလုံးသား (ပ + ဒု) - ၂ဝဝဝ ပြည့်နှစ်
  33. သို့သော် …. သော ဆီမီးနှစ်တိုင် - ၁၉၉၉ ခုနှစ်
  34. သံသရာ မဆုံးသရွေ့ - ၁၉၉ဝ ပြည့်နှစ်
  35. သင့်လုပ်ငန်း တဟုန်ထိုး တိုးတက်စေဖို့ - ၁၉၉၉ ခုနှစ်
  36. သင့်လက်တကမ်းမှာ အောင်ပွဲရှာ - ၁၉၉၆ ခုနှစ်
  37. ဟစ်တလာကို ပြန်လည် မွေးဖွားသူ - ၁၉၇၉ ခုနှစ်
  38. အချစ်ဆုံး အတွက် အမုန်းမဟာ (ပ + ဒု) - ၂ဝဝ၁ ခုနှစ်
  39. အချစ် ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ - ၁၉၈၁ ခုနှစ်
  40. အဆင့်မသင့်လျှင် အသည်း ကွဲတတ်သည် - ၁၉၈၁ ခုနှစ်
  41. အထီးကျန် - ၁၉၈၁ ခုနှစ်
  42. အဓိပ္ပာယ် ရှိသော ဘဝနှင့် အတွေးအမြင် စာစု - ၂ဝဝဝ ပြည့်နှစ်
  43. အမြင်သာချို ရင်မှာပို (ပ + ဒု) - ၁၉၉ဝ ပြည့်နှစ်
  44. အိပ်မက်ပမာ (ပ + ဒု) - ၁၉၉၂ ခုနှစ်
  45. အောင်မြင်မှုပန်းတိုင် ဖြူစင်သော လျှို့ဝှက်လမ်းနှင့် ဓူဝံကြယ် အလင်းစု - ၁၉၉၄ ခုနှစ်
  46. ဤမှန်သော သစ္စာစကားကြောင့် - ၁၉၈၂ ခုနှစ်
  47. ဦးထုပ်ခြောက်လုံး တွေးခေါ်နည်း - ၂ဝဝ၁ ခုနှစ်

ဘဝနိဂုံး[ပြင်ဆင်ရန်]

(၂၀၁၆-ခုနှစ် ဇူလိုင် ၃ ရက်) နံနက် ၁ နာရီ ၅ မိနစ်တွင် ပင်လုံဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၇-နှစ် ရှိပြီဖြစ်သည်။