ညောင်လန်း
ပုံပန်းသွင်ပြင်
| ညောင်လန်း | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| မျိုးပေါင်းစု: | Magnoliophyta |
| မျိုးပေါင်း: | Magnoliopsida |
| မျိုးစဉ်: | Urticales |
| မျိုးရင်း: | Moraceae |
| မျိုးစု: | Ficus |
| မျိုးစိတ်: | F. benjamina |
| ဒွိနာမ | |
| Ficus benjamina | |
ညောင်လန်း၏ ရုက္ခဗေဒ အမည်မှာ Ficus benjamina ဖြစ်ပြီး အင်္ဂလိပ်နာမည်ကို Weeping Fig သို့ Benjamin's Fig ဟု ခေါ်ကြသည်။ ထိုအပင်မှာ fig သစ်ပင် မျိုးစုတွင် ပါဝင်ပြီး အရှေ့တောင်နှင့် တောင်အာရှ၊ ဩစတေးလျတို့တွင် တွေ့ရသည်။ ညောင်လန်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အထိမ်းအမှတ်သစ်ပင်ဖြစ်သည်။ သဘာဝအားဖြင့် ပေ ၁၀၀(မီတာ ၃၀ခန့်) အထိ အမြင့်ရှိနိုင်သည်။ အကိုင်းအခက်များမှာ ကျက်သရေရှိစွာ ကွေးညွတ်ကျနေလေ့ရှိသည်။ ၂လက်မ မှ၅လက်မ(၆စင်တီမီတာ မှ၁၃စင်တီမီတာ) အထိရှည်ပြီး ဘဲဥပုံရှိကာ ထိပ်သို့ဖြည်းဖြည်းချင်း ချွန်သွားသော သစ်ရွက်များမှာ ချောမွတ်ပြောင်လက် တောက်ပနေလေ့ရှိသည်။ ညောင်လန်း၏ သေးငယ်သော အသီးများမှာ သူ၏ပေါက်ဖွားရာအရပ်တွင် ရှိသော ခိုငှက်များ၏ အကြိုက်ဖြစ်သည်။
| ဤ သစ်ပင်နှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |